မိခင်နို့ထွက်နည်းရတဲ့ အကြောင်းရင်းနဲ့ နို့ထွက်များစေတဲ့ နည်းလမ်းများ
myanmaplatform.com
|
2023-04-20

မိခင်နို့ကို ကလေး ပုံမှန်စို့ပေးခြင်းက နို့ထွက်လာစေနိုင်တဲ့ ပုံမှန်နည်းလမ်းဖြစ်ပါတယ်။ ကလေးပထမ ခြောက်လပတ်မှာ ကလေးအတွက်အာဟာရက မိခင်နို့တစ်မျိုးတည်းပဲ ဖြစ်ပါတယ်။ မိခင်နို့စို့နေတဲ့ ကလေးတွေက မိခင်နို့ပဲ စို့တာကြောင့် ဘေးကင်းတဲ့အပြင် ဉာဏ်ရည်ပါ မြှင့်မားကြပါတယ်။ နို့စီးဆင်းမှု ကောင်းမွန်ရန်အတွက် အစောဆုံးအချိန်မှာလည်းနို့တိုက်ကျွေးရမှာဖြစ်သလို မကြာခဏ ဆက်လက်တိုက်ကျွေး သင့်ပါတယ်။ 

နို့ထွက်နည်းရင် ဖြစ်တတ်တဲ့ အရာများ

ကလေးမွေးပြီးပြီးချင်းမှာ မိခင်နို့ထွက်တဲ့ အားက အရမ်းနည်းတာကြောင့် မွေးပြီးပြီးချင်းမှာ  နို့တိုက်နိုင်တယ်ဆိုတာ အလွန်ကို ရှားပါတယ်။ ကလေးမွေးပြီးသုံးရက်မြောက်နေ့လောက်မှသာ ကလေးကို နို့ကောင်းကောင်းတိုက်နိုင်တာဖြစ်ပါတယ်။ မိခင်က နို့ထွက်နည်းလား များလားဆိုတာ မဝေခွဲတတ်ဘူးဆိုရင် ဒီအရာလေးတွေကို သတိထားကြည့်ပါက သိနိုင်ပါတယ်။ ကလေးမွေးပြီး ၃ ရက်လောက်အကြာမှာ ကိုယ်အလေးချိန်မတက်ပါက( ကလေးအထူးကုရဲ့ စစ်ဆေးချက်အရ ) ကိုယ်အလေးချိန် မတိုးလာတာ၊ ကလေးသေးပေါက်နည်းတာ(မွေးပြီးသည့်နေ့မှစ တစ်ပတ်ကြာသည့်အထိ)၊ ကလေးပါးစပ်ခြောက်တာ၊ ဆီးမည်းတာ၊ အသားဝါးတာ၊ စိတ်တိုတာ စတဲ့ ရေဓာတ်ခန်းခြောက်တဲ့ လက္ခဏာများ ပြနေပါက နို့ထွက်နည်းနေတာဖြစ်ပါတယ်။ 

မိခင်နို့ထွက်နည်းရခြင်းက ဘာကြောင့်လဲ

မွေးပြီးပြီးချင်းပထမလမှာ ကလေးကို တစ်နေ့ ရှစ်ကြိမ်နဲ့ ရှစ်ကြိမ်အထက် နို့တိုက်ကျွေးသင့်ပါတယ်။ မိခင်က လုံလောက်တဲ့ အစာမစားပါတာ၊ ရေကို လုံလောက်အောင်မသောက်တာ တွေ ကြောင့်လဲ နို့ထွက်နည်း တတ်ပါတယ်။  အီစထရိုဂျင်ပါဝင်တဲ့ ပဋိသန္ဓေတားဆေးတွေက နို့ထွက်နည်းစေပြီး ခန္ဓာကိုယ်ကို မညီမျှဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတွေက နို့ထွက်ရှိမှုပမာဏကို ထိခိုက်စေပြီး နို့ထွက်နည်းစေနိုင်ပါတယ်။ 

အချိန်ဇယားအလိုက်နို့တိုက်ကျွေးခြင်း၊ အချိန်ကိုက်ပြီးနို့တိုက်ကျွေးခြင်းတွေက ရင်သားလှုံ့ဆော်မှုနည်းစေနိုင် တာကြောင့် နို့ထွက်နည်းရခြင်းလည်းဖြစ်ပါတယ်။ အိပ်ချိန်နည်းပါးခြင်းကြောင့် စိတ်ဖိစီးမှု ဖြစ်လာပြီးနို့ထွက်ရှိတဲ့ အချိန်ဇယားက ကော်တီဆောကဲ့သို့သော ဟော်မုန်းပမာဏကို တိုးမြင့်စေနိုင်သောကြောင့် နို့ထွက်မှုနှုန်း (၆)ဆ လျော့နည်းစေနိုင်ပါတယ်။ 

မိခင်နို့ကို များများထွက်စေနိုင်တဲ့ နည်းလမ်းတွေကဘာလဲ

မိခင်က ကလေးအတွက် လုံလောက်တဲ့ နို့ရည်ထွက်ဖို့လိုအပ်ပါတယ်။ နို့ဝမှသာလျှင် ကလေးကျန်းမာပြီး ရောဂါကင်းမှာဖြစ်ပါတယ်။ နို့မဝတဲ့ကလေးနဲ့ နို့မဝင်တဲ့ ကလေးတွေမှာ အသားဝါခြင်းတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် မိခင်တွေအနေနဲ့ နို့များများထွက်စေတဲ့ နည်းလမ်းတွေကို တစ်ခုမဟုတ် တစ်ခု လေ့လာဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အခုပြောပြတဲ့ နည်းလမ်းတွေကို စမ်းသပ်ကြည့်သင့်ပါတယ်။ 


(၁) Pumping

မိခင်နို့ပေါစေရန်အတွက် နို့ကို လက်ဖြင့်ညစ်တဲ့ Pumping (သို့) လျှပ်စစ်ရင်သားစုပ်စက်တွေကို အသုံးပြုသင့်ပါတယ်။ စုပ်ထုတ်ထားတဲ့ နို့တွေကို ရေခဲသေတ္တာတွေထဲမှာထည့်ပြီး ပြန်တိုက်လို့ရသလို နို့မတိုက်မီ အလိုမှာလည်း စုပ်ထုတ်ပေးလို့ ရပါတယ်။ မွေးပြီးခါစမှာ ရင်သားနှစ်ဖက်ကို စုပ်နိုင်တဲ့အားကို အများကြီးမမျှော်လင့်ထားသင့်ပါ။ အနည်းငယ်သာထွက်ပြီး နောက်ပိုင်းမှသာ ပိုများများထွက်လာမှာဖြစ်ပါတယ်။ 


(၂) အစားမရှောင်ပါနဲ့

နို့ထွက်အားကောင်းစေဖို့အတွက် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များ၊ အဆီနည်းသောနို့၊ ဒိန်ခဲ၊ ဒိန်ချဉ်နဲ့ ပရိုတင်းဓာတ်ပြည့်ဝတဲ့  အခြေခံအစားအစာတွေ စားသုံးခြင်းက နို့ထွက်စေနိုင်ပါတယ်။ မျှတတဲ့ အစားအစာက မြင့်မားတဲ့ အာဟာရတန်ဖိုးကို ပေးဆောင်နိုင်ပြီး နို့ထွက်များစေပါတယ်။ 


(၃) ဆေးဖက်ဝင်အပင်တွေနဲ့ ဖြည့်စွက်စာများ

ဆေးဖက်ဝင်အပင်လို့ ပြောလိုက်တာနဲ့ ဆေးပင်လို့ မမြင်လိုက်ပါနဲ့။ ဒန့်ဒလွန်ရွက်၊ မြင်းခွာရွက် လို ဆေးဖက်ဝင်အပင်တွေကို ဟင်းခါးချက်သောက်ပေးပါက နို့ထွက်များစေပါတယ်။ 


(၄) Essential oils

Essential oils တွေမှာလည်း မိခင်နို့ရည်ပိုများအောင် အထောက်အကူပြုပေးနိုင်ပါတယ်။ ပင်စိမ်းဆီက မိခင်ရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တဲ့အပြင် နို့ပေါလာအောင်လည်း ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ 


(၅) ဆေးဝါးများ 

နို့များအောင် Domperidone ကဲ့သို့သော ဆေးဝါးအချို့ကို ကျန်းမာရေးစောင့်ရှောက်သူတွေက ညွှန်ကြားနိုင်ပါတယ်။ သူများပြောတဲ့ ဆေးဝါးတွေကို စမ်းသပ်သောက်မယ့်အစား ကိုယ့်ရဲ့ ဆရာဝန်ညွှန်ပေးတဲ့ ဆေးကိုသာ သောက်သုံးသင့်ပါတယ်။ 


(၆) ရေများများသောက်ပါ

မိခင်နို့ထွက်များစေရန်အတွက် ရေများများသောက်ပေးပါ။ ကလေးနို့စို့ပြီးနောက် ရေတစ်ဖန်ခွက်ကို ပုံမှန်သောက်ပေးပါက နောက်တစ်ခါ ကလေးနို့စို့တဲ့အချိန်မှာ နို့ထွက်နှုန်းတိုးလာစေနိုင်ပါတယ်။ 

Ref: Increase Breastmilk Supply




Some text some message..