ဝမ်းထဲသွေးပါရခြင်း အကြောင်းအရင်း
mmload.com
|
2023-05-07

ဝမ်းထဲသွေးပါရတဲ့ အကြောင်းအရင်းက အစာအိမ်နဲ့အူလမ်းကြောင်းလမ်းကြောင်းက သွေးထွက်တာကြောင့် ဖြစ်ပါတယ်..အိမ်သာတက်ပြီးပြီးချင်း ထွက်တဲ့သွေးကတော့ နီရဲနေပြီး အစာအိမ်အူလမ်းကြောင်းက သွေးထွက်ရင်တော့ အမဲရောင် စေးကပ်ကပ် ဖြစ်နေတတ်ပါတယ်..


လူအများစုက ဝမ်းထဲသွေးပါလာရင်ကင်ဆာလို့ ယူဆတတ်ကြပါတယ်.. ဒါပေမဲ့ အူလမ်းကြောင်းသွေးထွက်ခြင်းကို ကင်ဆာလို့တန်းသတ်မှတ်လို့ မရနိုင်ပါဘူး.. အူမကြီးရောင်တာ ဒါမှမဟုတ် အူမကြီးနံရံရှိတဲ့ အမြှေးပါး သွေးကြောဖောင်းရင်လဲ ဝမ်းသွားရင် သွေးပါတတပါတယ်.. အူမကြီးကင်ဆာ ကတော့ များသောအားဖြင့် သက်ကြီးရွယ်အိုတွေမှာသာ အဖြစ်များတတ်ပါတယ်..


 ဝမ်းထဲသွေးပါခြင်း ဖြစ်နိုင်ချေရောဂါက လိပ်ခေါင်းရောဂါ ဖြစ်နိုင်တယ်လို့သတ်မှတ်ပါတယ်.. လိပ်ခေါင်းရဲ့ လက္ခဏာကတော့ ဝမ်းသွားပြီး နောက်သွေးရဲရဲ ထွက်လာခြင်းပါ.. ပိုဆိုးတဲ့ အခြေအနေဆိုရင် စအိုအပြင်ဖက်အထိ အသားပိုလိုထွက်ကျလာတတ်ပါတယ်.. လိပ်ခေါင်းရောဂါ အသက်အရွယ် မရွေး ဖြစ်နိုင်ပါတယ်..


နောက်တခု ဖြစ်နိုင်ချေ က တော့စအို အဝ မှာ ပြဲပြီး အနာဖြစ်တာပါ.. ဝမ်းထဲသွေးပါတာကတော့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ချေရှိပါတယ်.. အကောင်းဆုံးကတော့ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပြပြီး စောစောထိရောက်စွာ ကုသနိုင်ရင်နာကျင်မူနည်းပြီး ပျောက်ကင်းဖို့ များပါတယ်..




Some text some message..