
နေကြာစေ့က အရသာရှိတဲ့ သရေစားဖြစ်တယ်ဆိုတာလူသိများပါတယ်။ နေကြာစေ့က ဒီအတိုင်း အပျင်းပြေဝါးနေရလို့ အရေးမပါဘူးလို့ ထင်ပေမယ့် လိုအပ်တဲ့ အာဟာရနဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများ နေကြာစေ့ စားလို့ ရလား
ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ နေကြာစေ့ကို စားပါက မိခင်ကျန်းမာရေးအပြင် သန္ဓေသားကျန်းမားရေးပါ ကောင်းမွန်စေပါတယ်။ အဓိကအားဖြင့် နေကြာစေ့မှာ ကိုယ်ဝန်ဆောင်အတွက် လိုအပ်တဲ့ ဖောလစ်အက်ဆစ် ပါဝင်တဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ နေကြာစေ့အပါအဝင် အခွံမာသီးတွေမှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စားသုံးပေးသင့်ပါတယ်။ နေကြာစေ့မှာ အိုမီဂါ - 3၊ ဖက်တီအက်ဆစ်ပါဝင်တာကြောင့် မွေးကင်းစကလေးများ၏ ဦးနှောက်နဲ့ အာရုံကြောစနစ်ကြီးထွားမှုအတွက် အရေးပါပါတယ်။ အခွံမာသီးနဲ့ အစေ့တွေက ကလေးကော မိခင်အတွက် ဖွံ့ဖြိုးမှု အစောပိုင်းကာလအတွက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။
နေကြာစေ့ကို ပုံမှန်စားသုံးပေးခြင်းဖြင့် ဗီတာမင် အီးနဲ့ ဆီလီနီယမ်ကဲ့သို့သော အပင် ဓာတုပစ္စည်းများ ပါဝင်တာကြောင့် နှလုံးရောဂါနဲ့ အမျိုးအစား ၂ ဆီးချိုကဲ့သို့သော ရေရှည်ကျန်းမာရေးပြဿနာများကို ကာကွယ် ပေးနိုင်ပါတယ်။ နေကြာစေ့တွင် ကယ်လိုရီ ၁၆၃ ပမာဏ၊ အဆီ ၁၄ - ၁၅ ဂရမ် ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်များစားသုံးရန် လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ နေကြာစေ့ စားပေးပါက ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

(၁) ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ခြင်း
နေကြာစေ့မှာပါဝင်တဲ့ ဗီတာမင်၊ ပရိုတင်းနဲ့ အခြားဒြပ်စင်တွေ ၉၀% ကျော်ပါဝင်နေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ နေကြာစေ့ကို စားသုံးပေးသင့်ပါတယ်။
(၂) ခန္ဓာကိုယ်တွင်းပြောင်းလဲမှုကို တားဆီးပေးခြင်း
နေကြာစေ့က ခန္ဓာကိုယ်ကို Free Radical ပျက်စီးမှုကနေ ကာကွယ်ပေးတဲ့ ဗီတာမင်အီးအပါအဝင် သတ္တုဓာတ်များစွာပါဝင်နေပါတယ်။ ခန္ဓာကိုယ်တွင်းအလွန်အမင်းပြောင်းလဲမှုများကိုလည်း တားဆီးပေးပါတယ်။

(၃) သွေးခဲခြင်းကို ကာကွယ်ပေးခြင်း
နေကြာစေ့မှာ ပါဝင်တဲ့ ဗီတာမင်တွေက သွေးကြောများတွင် သွေးခဲခြင်းများ ဖြစ်ပေါ်မှုကို ရပ်တန့်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။
(၄) ဖော့စဖရပ်စ်ပါရှိခြင်း
နေကြာစေ့တွင် ဖော့စဖရပ်စ်နဲ့ အခြားသတ္တုဓာတ်များစွာ ပါဝင်ပါတယ်။ နေကြာစေ့က ကြည့်ရတာ သေးပေမယ့် အာဟာရ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် အရိုးအတွက်လည်း များစွာ အထောက်အကူဖြစ်ပါတယ်။

(၅) သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း
သွေးပေါင်ချိန်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်တွေ နေကြာစေ့မှာ အချိုးမျှတစွာ ပါဝင်ပါတယ်။ ရလဒ်အနေဖြင့် ကျန်းမာတဲ့ သွေးပေါင်ချိန်ကိုထိန်းသိမ်းထားပေးပါတယ်။
(၆) ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း
နေကြာစေ့မှာ ပါတဲ့ ရောဂါပိုးမွှားတွေကို ဆန့်ကျင်တဲ့ phytochemicals တွေက ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာတဲ့ ကိုယ်ခံအားစနစ်ကို ထိန်းသိမ်းဖို့ ကူညီပေးပြီး ဖွံ့ဖြိုးဆဲကလေးတွေရဲ့ ခန္ဓာကိုယ်ကို လက်ခံအောင်လဲ ကူညီပေးနိုင်ပါတယ်။
(၇) နှလုံရောဂါကို ကာကွယ်ပေးခြင်း
နေကြာစေ့က နှလုံးသွေးကြောဆိုင်ရာ ကြံ့ခိုင်မှုကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် ပြင်ပရောဂါကို ကာကွယ်ပေးပြီး ကုသရာတွင်လည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။
နေကြာစေ့ကို အစေ့အနေနဲ့ မစားချင်ပါက အညှောင့်ဖောက်ပြီး ပဲပင်ပေါက်လိုမျိုးစားသုံးပေးလို့ ရပါတယ်။ နေကြာစေ့ကို မစားချင်ပါက ရွှေဖရုံစေ့ကို အသုံးပြုနိုင်ပါတယ်။ ရွှေဖရုံစေ့မှာပါဝင်တဲ့ အာဟာရတွေကလဲ နေကြာစေ့လိုပဲ ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ စားသုံးပေးလို့ ရပါတယ်။
Ref: sunflower seeds