နေ့စဉ် ပြုလုပ်ပေးသင့်တဲ့ မျက်စိ အနားပေးလေ့ကျင့်ခန်းများ
mmload.com
|
2023-05-23

လူတိုင်းက ကျန်းမာရေးကို အမြဲဂရုစိုက်ကြပေမယ့် မျက်စိကျန်းမာရေးကိုတော့ မေ့ထားတတ်ကြပါတယ်။ နေစဉ်နေတိုင်း အသုံးပြုနေရတဲ့ မျက်စိကို မထိခိုက်အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ဖော်ပြပေးပါမယ်။


မျက်လုံး မှိတ် ပြီး တစ်နေ့ နှစ်ကြိမ် ရေ ဆေး ပေး ပါ ။ မနက် ပိုင်း မှာ ရေ နွေးလေး နဲ့ မျက်နှာ သစ်ပြီး ရေ အေး နဲ့ ထပ် သစ်ပေးပါ ။ ညဘက်မှာတော့ ရေ အေး နဲ့ အရင် သစ်ပြီး ရေ နွေး နဲ့ ထပ်သစ်ပါ ။ အဲ့ဒါက ပင်ပန်းနွမ်းနယ်နေတဲ့ မျက်လုံးတွေကို ပြန်လည်လန်းဆန်းစေပါတယ်။


မျက်တောင် တဖျပ်ဖျပ်ခတ် တာ ကို ၂ မိနစ် လောက် လုပ်ပေး လိုက် ပါ ။ အဲ့ဒါကမျက်လုံး နား တဝိုက်မှာ သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။

မျက်လုံးတွေကို ဘယ်က နေ ညာ ၊ ညာ က နေ ဘယ်ကို ရွှေ့ ပေးတာကို ၆ ကြိမ် လုပ်ပေးပါ။

ပြတင်းပေါက်မှန်ကို ၅ စက္ကန့် လောက် စိုက် ကြည့် ပြီး အဝေးက အရာဝတ္ထုတွေ ကို ၅ စက္ကန့်လောက် ပြောင်း ကြည့် ပါ ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။


မျက်လုံးကို ၅ စက္ကန့် လောက် တင်းတင်း မှိတ်ထားပြီး ဖျတ်ကနဲ ဖွင့်လိုက်ပါ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

မျက်လုံးကို (၅)စက္ကန့်လောက် တင်းတင်း မှိတ်ထားပြီး ဖျတ်ကနဲ ဖွင့်လိုက်ပြီး မျက်လုံးတွေကို ကျယ်နိုင် သ လောက် ကျယ်ကျယ် ဖွင့်လိုက်ပါ ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။


မျက်လုံးကို ဖွဖွလေး မှိတ်ထားပြီး စိတ်ကို ဖြေလျော့ထားပါ ။ လက်နှစ်ဖက်ကို ပူနွေးလာအောင် ပွတ်တိုက်ပြီး မျက်လုံးအပေါ်ကနေ မိနစ်အနည်းငယ်လောက် အုပ်ထားပေးလိုက်ပါ။

မျက်လုံးကို နာရီလက်တံ လှည့်တဲ့အတိုင်း စက်ဝိုင်းပုံ (၄) ကြိမ်လှည့်ပြီး၊ သူနဲ့ဆန့်ကျင်ဘက် ကို ၄ ကြိမ်ထပ်လှည့်ပါ။




Some text some message..