ဖျားနေရင် ပါးစပ်တွေ ဘာကြောင့်ခါးနေရတာလဲ
mmload.com
|
2023-06-19




လူတိုင်းလိုလိုနေမကောင်းဖြစ်တဲ့အခါ ပါးစပ်တွေခါးပြီး ဘာစာစားအရသာမရှိဖြစ်တတ်ကြပါတယ်။ အစားအစာတွေ စားရင်လည်းခါးနေပြီး စားချင်သောက်ချင်စိတ် ပျောက်နေတတ်ပါတယ်။ တော်တော်များများက ဆေးခါးတွေ သောက်လို့ခါးတယ် ထင်ပေမယ့် အမှန်ကတော့ အဲလိုမဟုတ်ပါဘူး။ လေ့လာချက်တွေအရ ဖျားနေတဲ့အချိန်မှာ ခါးလာတာဟာအရသာကို ခံစားတဲ့အာရုံက ပိုပြီးသိလာတာကြောင့် အခါးအရသာကို ပိုပြီး ခံစားလွယ်လာလို့ဖြစ်ပါတယ်။


ဖျားနေတဲ့အချိန်မှာထွက်လေ့ရှိတဲ့ TNF-αပရိုတိန်းဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ရာမှာ ကူညီပေးပြီး ရောဂါဖြစ်ပွားစေတဲ့ ပိုးမွှားတွေကိုတိုက်ခိုက်ပေးတာ ဖြစ်ပါတယ်။ ဒီပရိုတိန်း မြင့်မားလာတာကြောင့် လျှာပေါ်က အရသာခံအဖုလေးတွေဟာခါးသက်တဲ့အရသာကို ပိုပြီးခံစားလာနိုင်တာလည်း ဖြစ်ပါတယ်။


- ခါးနေတဲ့အချိန်မျိုးမှာ အစားအသောက်တွေကိုစားတဲ့အခါ တစ်ထိုင်တည်း အမြောက်အများစားတာမျိုးမလုပ်ဘဲပမာဏာနည်းနည်းခြင်းနဲ့ ခဏခဏ စားတာမျိုးလုပ်သင့်ပါတယ်။

- ငရုပ်ကောင်းကြိုက်ရင်ငရုပ်ကောင်းထည့်တာမျိုး စားမယ့်အစားအစာမှာ အနံ့လေးတွေ ထည့်ပြီးစားပေးရင် စားချင်စိတ်ကိုဖြစ်စေမှာပါ။


- ချဉ်ချိုအရသာဟာခံတွင်းမှာ တံတွေးတွေ ပိုမိုထွက်လာစေပြီး လျှာပေါ်က ခါးသက်တဲ့အရသာကို ဖယ်ရှားပေးနိုင်တာကြောင့်အရည်ရွှမ်းတဲ့ လိမ္မော်ဖျော်ရည် သောက်တာဖြစ်ဖြစ် လိမ္မော်သီးစားပေးတာဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။





Some text some message..