Hearing loss or Deafness(အကြားအာရုံအားနည်းခြင်း သို့ နားလေးခြင်း)
healthcare.com.mm
|
2018-10-01

အသက်ကြီးလာသည်နှင့်အမျှအကြားအာရုံအားနည်းခြင်း၊ နားလေးခြင်းသည်အဖြစ်များလာသည်။အသက်အရွယ်ကြီးခြင်းနှင့် ကျယ်လောင်သောအသံများကို ကာလကြာရှည်စွာနားထောင်ခြင်းသည် နားလေးခြင်းကို ဖြစ်စေသောအဓိကအကြောင်းအရင်းများဖြစ်သည်။အကြားအာရုံအားနည်းလာခြင်း၊ နားလေးခြင်းဖြစ်လာပါက နဂိုပကတိအတိုင်း ပြန်ကောင်းလာနိုင်ရန်ခက်ခဲသည်။ သို့သော် ဘဝတစ်သက်တာလုံးအကြားအာရုံချို့ယွင်းစွာဖြင့် နေထိုင်ရန်မလိုပေ။အဘယ်ကြောင့်ဆိုသော် ဆေးပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှအကြားအာရုံတိုးတက်အောင် ပြုလုပ်လာနိုင်သည်။       လက္ခဏာများ- စကားပြောသံများနှင့်အခြားအသံများကို တိုးညှင်းစွာကြားရခြင်း- ပြောသောစကားလုံးများကို နားမလည်ခြင်း-အခြေခံဗျည်းများကိုပင် နားလည်ရခက်ခဲခြင်း-အခြားသူများကို စကားဖြည်းဖြည်းနှင့်ကျယ်ကျယ်ပြောခိုင်းခြင်း- တီဗီကြည့်လျှင်၊ ရေဒီယိုနားထောင်လျှင်အသံမြှင့်ရခြင်း-အကြားအာရုံအလွန်ဆိုးလာသောအခါ လူတောမတိုးခြင်း၊ ပွဲလမ်းသဘင်များမသွားနိုင်တော့ခြင်းဖြစ်ပွားရသောအကြောင်းရင်းများ-အတွင်းနားပိုင်းတွင် ဒဏ်ရာရရှိခြင်း- နားဖာချေးပိတ်ခြင်း- နားတွင်းပိုးဝင်ခြင်း- နားအတွင်းတွင်အသားပိုရှိခြင်း၊အရိုးနုအပိုရှိခြင်း- နားစည်မြှေးပေါက်ပြဲခြင်း ဖြစ်နိုင်ချေများသူများ-အသက်အရွယ်ကြီးသူများ- ကျယ်လောင်သံများကို ကြားရသူများ- မွေးရာပါအကြားအာရုံချို့တဲ့သူများ- ဆူညံသော လုပ်ငန်းခွင်တွင်အလုပ်လုပ်ရသူများ- သောက်ဆေးများ -အချို့သောပိုးသတ်ဆေးများနှင့်ကင်ဆာဆေးများသည်အကြားအာရုံကို ချို့ယွင်းစေသည်။- ဦးနှောက်အမြှေးရောင်ရောဂါ    နောက်ဆက်တွဲ ပြဿနာများ         အကြားအာရုံအားနည်းခြင်း သို့ နားမကြားခြင်းကြောင့် သင်၏လူမှုနေထိုင်မှုအရည်အသွေးကျဆင်းစေပါသည်။ ထို့အတူ စိတ်ကျခြင်း၊ စိတ်ဆတ်ခြင်း၊အခြားသူများက သင့်အပေါ်ဒေါသထွက်နေသည်ဟုထင်ခြင်း စသည်တို့လည်းဖြစ်နိုင်ပါသည်။ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များ         အကြားအာရုံချို့ယွင်းလျှင် (အထူးသဖြင့် နားတဖက်ထဲတွင် ဖြစ်ပါက) ဆရာဝန်နှင့်အမြန်ဆုံးပြသရန် လိုအပ်ပါသည်။အခြားသူများ၏ စကားပြောသံများကို သေသေချာချာ မကြားရတော့ခြင်း၊အသံတိုးနေခြင်း၊ တီဗီ၊ ရေဒီယိုများ၏အသံကိုမြှင့်ရခြင်း စသည်တို့ဖြစ်လာလျှင် ဆရာဝန်နှင့်အမြန်ဆုံးပြသသင့်ပါသည်။စစ်ဆေးမှုများ- ဆရာဝန်မှ နားတွင်းတွင် ရောင်ရမ်းခြင်း၊ ပုံသဏ္ဌာန်မမှန်ခြင်းနှင့် နားဖာချေး ရှိ၊ မရှိကို စစ်ဆေးမည်။- နားတဖက်ကိုပိတ်ပြီး ကျန်နားတဖက် ကောင်း၊ မကောင်းကိုလည်း စစ်ဆေးမည်။- သတ္တုခက်ရင်းခွဖြင့် နား၏မည်သည့်အစိတ်အပိုင်း ပျက်စီးနေသည်ကို သိနိုင်မည်။   ကုသခြင်း-အကြားအာရုံအားနည်းခြင်းသည် နားဖာချေးပိတ်ခြင်းကြောင့်ဖြစ်ပါက နားဖာချေးကိုထုတ်ခြင်းဖြင့်အကြားအာရုံပြန်ကောင်းလာမည်ဖြစ်သည်။-အချို့ရောဂါများသည် ခွဲစိတ်ကုသမှသာအကြားအာရုံပြန်ကောင်းလာနိုင်မည်။- နားကြားကိရိယာသည်လည်း သင်၏အတွင်းနား ပျက်စီးခြင်းကြောင့်ဖြစ်သောအကြားအာရုံကို ပိုကြားအောင်ပြုလုပ်ပေးနိုင်သည်။- နားအတွင်းပိုင်းတွင်ရှိသော Cochlea ကိုအစားထိုးကုသခြင်းသည်လည်းအကြားအာရုံကို ပို၍ကောင်းမွန်စေသည်။      ကာကွယ်ခြင်း- ဆူညံသော လုပ်ငန်းခွင်တွင် သင်၏နားကိုကာကွယ်ရန် နားကြပ် သို့ နားစို့ကိုအသုံးပြုပါ။- သင်၏အကြားအာရုံကို စစ်ဆေးပါ။အထူးသဖြင့် ဆူညံသောလုပ်ငန်းခွင်တွင်အလုပ်လုပ်ရပါက မကြာခဏစစ်ဆေးသင့်ပါသည်။- ဆူညံသော သီချင်းနားထောင်ခြင်း၊ သီချင်းကို ကျယ်လောင်စွာနားထောင်ခြင်းများကို ရှောင်ပါ။Dr.Khine.W.Y.SanRef: Mayo clinicသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..