မြန်မာနိုင်ငံမှာကြွက်မျိုးရင်းပေါင်း ခုနစ်မျိုးရှိပြီး မှတ်တမ်းတင်ထားတဲ့ မျိုးစိတ်ကတော့ ၂၄ မျိုး ရှိပါတယ်။ ဒီ ၂၄ မျိုးအနက် ၂၀ ကိုတော့ ြွကက်ဂေဟဗေဒပညာရှင်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေက ဖျက်ကောင် (Pest)တွေလို့ သတ်မှတ်ထားကြပါတယ်။ ဖျက်ကောင်တွေလို့ သတ်မှတ်ရတာက စိုက်ပျိုးရေးလုပ်ငန်း လုပ်နေတဲ့ တောင်သူလယ်သမားတွေ စိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်းတွေနဲ့ ရိတ်သိမ်းသီးနှံတွေကို သိုလှောင်ထားတဲ့အချိန်မှာ ဖျက်ဆီးတတ်လို့ ဖြစ်ပါတယ်။ ဒါ့ပြင်ကြွက်ကနေ လူကို ကူးစက်စေတတ်တဲ့ ရောဂါအမျိုးပေါင်း ၆၀ ကျော်ရှိပြီး လူတွေကိုအန္တရာယ်ဖြစ်စေတဲ့အတွက်ကြောင့်လည်း သူတို့ကို ဖျက်ကောင်လို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။ကြွက်ရဲ့ ကျင်ငယ်ရှိ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့Leptospirosis ရောဂါအကြောင်းကိုအများပြည်သူ ကျန်းမာရေးအတွက် သတိပြုဆင်ခြင်နိုင်စေဖို့အတွက် ဒီတစ်ပတ် ဖော်ပြပေးထားပါတယ်။ လူသိနည်းနေသေးပေမဲ့ လူကို ကူးစက်နိုင်ကာအန္တရာယ်ဖြစ်စေတဲ့Leptospirosis ရောဂါ
(အရပ်အခေါ် ကြွက်သေးပန်းရောဂါ)ကို သုတေသနပြုလုပ်နေတဲ့ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေး ဌာနခွဲကကြွက်ဂေဟဗေဒပညာရှင် ဒေါက်တာ ညိုမီထွေး ကို မြန်မာတိုင်း(မ်)က တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။
ကြွက်တွေနဲ့ ပတ်သက်ပြီးပြည်သူတွေ သိသင့်သိထိုက်တာတွေကို ပထမဦးစွာရှင်းပြပေးပါ။
ကြွက်မျိုးရင်းဝင်လို့ သတ်မှတ်ဖို့ကအချက်နှစ်ချက်လိုပါတယ်။ ပထမအချက်ကကြွက်တွေမှာအမြဲမပြတ်ရှည်ထွက်တတ်တဲ့ ရှေ့သွားနှစ်စုံနဲ့ ဒုတိယကအချက်က သူ့ရဲ့ နောက်က(Diastema) လို့ခေါ်တဲ့ ကွက်လပ်ကြီးရှိနေလို့ ဒီအချက်တွေကြောင့်ကြွက်လို့ သတ်မှတ်ကြတာဖြစ်ပါတယ်။
ဒီနှစ်ချက်ထဲမှာအရေးကြီးတာက ရှည်ထွက်လာတဲ့သူတို့ရဲ့သွားတွေ ဖြစ်ပါတယ်။အရမ်းရှည်လာရင် ပါးစပ်ပိတ်မရတော့ဘဲ ဖောက်ထွက်လာပါတယ်။အဲဒီလို ဖြစ်တာကို သဘာဝအသိက သိတဲ့အတွက်ကြောင့်မို့လို့ သွားကိုရှည်ထွက်မလာဘဲ တုံးအောင်အရာဝတ္ထုတွေကို သူတို့မဖြစ်မနေ ကိုက်ဖြတ်နေကြတာ ဖြစ်ပါတယ်။ကြွက်ဟာသူ့သွားလောက်ကို မာကြောတဲ့သိပ်သည်းဆရှိတဲ့အရာဝတ္ထုကို ကိုက်နိုင်ပါတယ်။ ဒါ့ကြောင့်ကြွက်ဆိုတာနဲ့ကိုက်မှာပဲဆိုတာကို သိဖို့လိုပါတယ်။ သတိပေးချင်တာကကြွက်မလာအောင်လို့ ကာကွယ်မယ်ဆိုလို့ရှိရင် ကာကွယ်မယ့်အရာဝတ္ထုပစ္စည်းတွေဟာ ြွကက်ရဲ့ သွားထက်တော့ မာရပါမယ်။အဲဒီလိုမဟုတ်ဘဲနဲ့ ပလတ်စတစ်လေးနဲ့ပဲ ကာထားခဲ့မယ် ဖော့တုံးလေးနဲ့ပဲဆိုပြီး ထားခဲ့မယ်ဆိုရင်ကြွက်တွေက ကိုက်ပြီးတော့ ဝင်လာမှာပဲ။
နောက်တစ်ချက်ကကြွက်ဘယ်လိုဝင်နိုင်လဲဆိုတာသိဖို့အရမ်းအရေးကြီးတယ်။ ပုံမှန်အားဖြင့် ရေပိုက်ထဲကိုမြေကြွက်ကြီးတွေ မဝင်နိုင်ဘူးလို့ ထင်ကြလိမ့်မယ်။ သို့သော် ခေါင်းဝင်၊ ကိုယ်ဆံ့ဆိုတဲ့အတိုင်းပဲ သူတို့ရဲ့ခန္ဓာကိုယ်အရေပြားက flexibilityအရမ်းကောင်းလို့ကိုယ့်ဘေးနားမှာရှိတဲ့ မြြွေကက်ကြီးရဲ့ နှာခေါင်းထိပ်နဲ့ ခေါင်းကို ကြည့်ကြည့်လိုက်၊အဲဒီ နှာခေါင်းထိပ်နဲ့ ဝင်လို့ရတဲ့အပေါက်မှန်သမျှ သူဝင်နိုင်ပါတယ်။ ဒီမှာ သိကြတာတွေက မြေကြွက်၊အိမြွ်ကက်တွေရှိတယ်။ ပွေး၊ ဖြူ၊ ရှဉ့်၊အိမ်မှာအလှမွေးနေတဲ့ ဟမ်းစတာနဲ့ကြွက်ဖြူလေးတွေလည်း ခုနကပြောတဲ့ လက္ခဏာနဲ့ ကိုက်ညီလို့ ပါဝင်တာဖြစ်ပါတယ်။
ကြွက်တွေရဲ့အားသာချက်တွေနဲ့အားနည်းချက်တွေကိုလည်း သိပါရစေ။
ကြွက်အမျိုးမျိုးမှာ ထူးခြားတဲ့အားသာချက်တွေရှိတယ်။ မြေကြွက်တွေဆိုလို့ရှိရင် ကျင်းတူးတာအင်မတန်တော်ပါတယ်။ နောက် ရေကူးလည်းအင်မတန်တော်တယ်။ မြို့ပြမှာရှိတဲ့ ရေမြောင်းတွေက သူတို့အတွက် သွားလာရေးလမ်းကြောင်းပဲ။ ဒါကို သတိထားရမယ်။အစာရှိတဲ့နေရာကို သူတို့သွားဖို့အတွက် ဒီလမ်းကြောင်းတွေကအရေးပါတယ်။
အိမကြွက်လို့ခေါ်တဲ့ကြွက်ဝမ်းဖြူကတော့အမြင့်တက်အင်မတန်တော်တယ်။ သတိထားရမယ့်အချက်ကအိမ်ဘေးနားမှာအပင်တွေရှိနေရင်အဲဒီကနေတစ်ဆင့် ဝင်လာနိုင်တယ်။အိမ်တွေမှာ မီးကြိုးတန်းလေးတွေ၊ မီးကြိုးထည့်တဲ့ ပိုက်လုံးတွေရှိရင်လည်းအဲဒါတွေကနေတစ်ဆင့်ဝင်လာနိုင်ပါတယ်။ ဝင်လာခဲ့လို့လူတွေရှိနေရင် သူဟာနေရာ တစ်နေရာမှာ မလှုပ်မယှက်ဘဲနဲ့ ငါးနာရီလောက်အေးဆေးနေနိုင်ပါတယ်။ တစ်ခါတလေဆိုရင် သေချင်ယောင်ဆောင် တတ်ပါတယ်။ကြွက်မျိုးရင်းဝင်အားလုံးဟာအနံ့ခံအာရုံအင်မတန်ကောင်းတယ်။အစာအနံ့ရလာ ပြီဆိုလို့ရှိရင်အဝေးကြီးဖြစ်ပေမဲ့အစာရှိတဲ့ နေရာကိုအနံ့ခံပြီးတော့ လာနိုင်ပါတယ်။
အားနည်းချက်ကအမြင်အာရုံအင်မတန် မှုန်ဝါးကြတယ်။ ြွကက်ကိုအစာအဆိပ်လုပ်တဲ့အခါအရောင်ကိုအဓိက မထားပါနဲ့၊အနံ့နဲ့အရသာကိုအဓိကထားပါ။အဓိကကတော့အနံ့ပေါ့။
ကြွက်ဝမ်းဖြူတွေကအရာဝတ္ထုအသစ်မြင်ရင်အဲဒီဟာကို စောင့်ကြည့်တယ်။ သူ့တို့ကို ဒုက္ခ မပေးဘူးဆိုမှအဲဒီအရာဝတ္ထုဆီလာတယ်။ကြွက်ဝမ်းဖြူကကြွက်အားလုံးထဲမှာအိုင်ကျူအမြင့်ဆုံး ဖြစ်ပါတယ်။အကယ်၍အသေဖမ်းတဲ့ထောင်ချောက်နဲ့ကြွက်ဝမ်းဖြူကို ထောင်ခဲ့လို့မိတယ်ဆိုရင် နောက်ရက်တွေမှာ ဘယြွ်ကက်မှ ထောင်ချောက်ကိုမှ မလာတော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မှာအချင်းချင်းဆက်သွယ်တဲ့ ဆက်သွယ်ရေးစနစ် နှစ်မျိုးရှိတယ်လို့အထောက်အထား၊အကိုးအကားတွေကဆိုပါတယ်။
တစ်မျိုးက သူတို့ဟာအန္တရာယ်တစ်ခုခုနဲ့ ကြုံခဲ့ရင် ဆီးနဲ့မစင်တွေမှာ မချိမဆန့် သေသွားရတယ်ဆိုပြီးတော့အန္တရာယ်အနံ့ပေးခဲ့တယ်။ သူ့ရဲ့အဖွဲ့က ရောက်လာတဲ့အခါ ရှောင်ကြ ရှားကြဆိုပြီး သိသွားတယ်။ ဒါကြောင့် ြွကက်ဝမ်းဖြူကိုဖမ်းဖို့ ထောင်ချောက်ကို ရေနဲ့ ပြန်ဆေးပြီး နောက်တစ်ရက် ပြန်ဖမ်းရင်အဆင်မပြေတော့ဘူး။ နောက်တစ်မျိုးက ကျွန်မတို့မကြားနိုင်တဲ့အသံလှိုင်း်မနဆကနညခပ နဲ့ ဆက်သွယ်ကြတာပါ။အဲဒီလိုအသံမျိုး လွှင့်ထားခဲ့တာကို ကျန်တဲ့အကောင်တွေကြားရင် ဒီပတ်ဝန်းကျင်ဟာ သူတို့အတွက်အခြေအနေမကောင်းဘူးဆိုတာ သိသွားကြပါ တယ်။
ကြွက်ကနေ ဘယ်လိုရောဂါတွေအဓိကကူးစက်နိုင်သလဲဆိုတာကို သိပါရစေ။
ကြွက်ကနေ လူကို ကူးစက်စေနိုင်တဲ့ ရောဂါပိုးအမျိုးပေါင်း ၆၀ ကျော်လောက် ရှိပါတယ်။ ဒီထဲမှာ ြွကက်နဲ့ပတ်သက်ရင် ပလိပ်ရောဂါကို လူသိများပါတယ်။ လူတွေမှာပလိပ်ရောဂါမကျခင် ြွကက်တွေမှာအရင်ကျတယ်။ကြွက်မှာရှိတဲ့ လှေးတစ်မျိုးကကြွက်ရဲ့သွေးကို စုပ်တယ်၊ ပလိပ်ရောဂါကျရင် ြွကက်ကသေတယ်။ ြွကက်သေသွားတဲ့အခါ သူ့ရဲ့ လက်ခံကောင်မရှိတော့ လိုက်ရှာရင်းနဲ့ လူကိုကူးပါတယ်။
အားလုံးမသိသေးတဲ့ ရောဂါကကြွက်သေးပန်းရောဂါLeptospirosis ဖြစ်ပါတယ်။ကြွက်ရဲ့ ဆီးထဲမှာပါတဲ့ ဘက်တီးရီးယားက ပြင်ပစိုထိုင်းဆမှာ ရှင်သန်နေနိုင်ပါတယ်။ လူတွေက များသောအားဖြင့် ခြေညှပ်ဖိနပ်တွေ စီးကြတယ်။ ဒီလိုစီးတဲ့သူတွေရဲ့ ခြေထောက်တွေမှာဒဏ်ရာတွေ၊ ရှနာတွေသာရှိခဲ့ပြီး ြွကက်သေးပန်းထားတဲ့ရေထဲကို လျှောက်မိရင် သူတို့ရဲ့ ဒဏ်ရာတွေထဲကို ဘက်တီးရီးယားတွေဝင်ပြီး လူကို ရောဂါဖြစ်စေပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နိုင်ခြေအရှိဆုံး ရောဂါကကြွက်သေးပန်းရောဂါပါ။ ဒါပေမဲ့ လူထုရဲ့ သဘောပေါက်နားလည်မှုက တော်တော် နည်းပါတယ်။
ဒီရောဂါနဲ့ပတ်သက်ပြီး ဂျာမနီနိုင်ငံ၊ သုတေသနနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်နဲ့ မြန်မာနိုင်ငံက သီးနှံကာကွယ်ရေးဌာနခွဲရယ်၊အင်ဒိုနီးရှား၊ သီရိလင်္ကာ သုံးနိုင်ငံတို့ ပူးပေါင်းပြီးတော့ ြွကက်ကနေလူကို ကူးစက်တတ်တဲ့ရောဂါတွေထဲကLeptospirosis ရောဂါဘယ်လောက်ထိရှိတယ်ဆိုတာ မှတ်တမ်းတင်ဖို့အချက်အလက်တွေ စုနေပါတယ်။
Leptospirosis ရောဂါကို ဂျာမနီနိုင်ငံက ဓာတ်ခွဲခန်းနဲ့အကုန်ကျခံပြီး စစ်ပေးပါတယ်။ ဒါကြောင့် ကျွန်မတို့ကတခြားရောဂါတွေ စစ်ဖို့အတွက်ကို ြွကက်ရဲ့အသည်း၊အဆုတ်၊ သရက်ရွက်၊ ကျောက်ကပ်နဲ့ နားရွက်တွေကိုလည်းပို့ထားတာရှိပါတယ်။ ကျွန်မတို့ရဲ့ကြွက်နဲ့ ပတ်သက်တဲ့သဘောသဘာဝကို နားလည်မှုရယ်၊ ကျန်းမာရေးဦးစီးဌာနက ဆရာဝန်တွေ၊ နားလည်တတ်ကျွမ်းတဲ့သူတွေ ပူးပေါင်းပြီး ဒီပတ်ဝန်းကျင်မှကြွက်ဦးရေ ဘယ်လောက်များနေပြီကြွက်ဦးရေထဲမှာမှLeptospirosis ရောဂါကို သယ်ဆောင်ထားတာ ဘယ်လောက်ရှိနေပြီဆိုတာ သိဖို့လိုပါတယ်။
ဒီရောဂါကူးစက်ခံရတာကို ပျောက်ကင်းအောင်မကုသဘူးဆိုရင် လူရဲ့ ကျောက်ကပ်နဲ့အသည်းကို ပျက်စီးစေသလိုအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ဦးနှောက်အမြှေးရောင် ရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။လူကိုသေစေနိုင်တဲ့အထိ ပြင်းထန်တဲ့ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။
Leptospirosis ရောဂါကူးစက်ခံရတဲ့ လူနာတွေအနေနဲ့ ရောဂါကူးစက်ခံရရင်အဖျားကြီးတာ၊ ခေါင်းကိုက်တာ၊ ချမ်းတုန်တာနဲ့ ကိုယ်လက်မအီမသာဖြစ်သလို ြွကက်သားတွေ နာကျင်ကိုက်ခဲတာနဲ့အော့အန်တာတွေ ဖြစ်တတ်ပါတယ်။ ပြီးရင်အသားဝါဖြစ်တာ၊ မျက်လုံးတွေ နီရဲတာတွေ၊ ဝမ်းဗိုက်တွေအောင့်တာအ ပြင် ဝမ်းပျက်ဝမ်းလျှောနဲ့အရေပြားပေါ်မှာအနီအစက်တွေ ပေါ်တယ်လို့လည်းသိရပါတယ်။ ဒါတွေကတော့ ရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေပဲ ဖြစ်ပါတယ်။
တခြားရောဂါတစ်ခုကတော့ကြွက်ရဲ့အသည်းထဲမှာတုပ်ပြားကောင်တစ်မျိုးရှိတယ်။အသည်းမှာရှိတဲ့ တုပ်ပြားကောင်တစ်မျိုးဟာအသည်းမှာ ကောင်ရေတအား များလာရင်အသားထဲကို ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာကြွက်သားစားတဲ့အလေ့အထရှိတော့ကြွက်သားတွေကို ကျက်အောင်မချက်ခဲ့ဘူးဆိုရင် တုပ်ပြားကောင်ကြောင့် လူကို ရောဂါရစေပါတယ်။ နောက်တစ်ခုကကြွက်သန်းကိုက်တဲ့ရောဂါ ဖြစ်ပါတယ်။
ကြွက်ကနေတစ်ဆင့် ရောဂါတွေ ကူးစက်မခံရအောင် ဘာတွေလုပ်သင့်ပါလဲ။
ကြွက်ကနေ လူကို ကူးစက်တတ်တဲ့ရောဂါကကြွက်ကောင်ရေအနည်းအများပေါ်မှာ မူတည်နေတယ်။ ရောဂါပိုးကို သယ်ဆောင်ထားတဲ့ ြွကက်အကောင်ရေ နည်းရင်ရောဂါဖြစ်တာ နည်းမယ်။ ရောဂါပိုးကို သယ်ဆောင်ထားတဲ့ကြွက်ကောင်ရေ ကိုယ့်ပတ်ဝန်းကျင်မှာ များနေရင်ကိုယ့်ဆီကို ကူးစက်လာနိုင်တဲ့ရောဂါတွေကအများကြီးပါပဲ။
ကာကွယ်နည်းကတော့ သန့်ရှင်းရေးဆောင်ရွက်တာပါပဲ။ကြွက်တွေ ပွားတာဟာအစာရှိလို့၊ နေရာရှိလို့ ဖြစ်တာကြောင့် သူတို့အတွက် စားြွကင်းစားကျန် မရှိဘူး၊ သူတို့နေဖို့အတွက် ရှုပ်ပွနေတဲ့နေရာတွေ မရှိဘူးဆိုရင် ဘယ်လိုမှအသက်မရှင်နိုင်ပါဘူး။ ပုံမှန်အားဖြင့်အစာ လုံလုံလောက်လောက်ရရင် တစ်လတစ်ခါလောက် သားပေါက်တယ်ဆိုပေမဲ့လည်း နေရာမရှိ၊အစာမရှိရင် သူတို့ပေါက်တဲ့ပေါက်နှုန်း ကျသွားပါလိမ့်မယ်။
မြို့ပြအနေအထားကို ကြည့်မယ်ဆိုရင်အမှိုက်နဲ့စားြွကင်းစားကျန်ကို ဘယ်လို ရှင်းကြမလဲဆိုတာအရေးကြီးဆုံးပဲ။ ကိုယ့်ရဲ့အိမ်ပတ်ဝန်းကျင်ကအမှိုက်နဲ့ စားြွကင်းစားကျန်တွေကို ရှင်းရမယ်။ ကာကွယ်တာ၊ နေ့စဉ် စောင့်ကြည့်တာနဲ့ နှိမ်နင်းတာအဲဒီသုံးခု မပေါင်းလို့မရဘူး။အိမ်ပတ်ဝန်းကျင်မှာ သန့်ရှင်းဖို့က ဆုပေး၊ ဒဏ်ပေးစနစ်တွေ ရှိဖို့လိုအပ်ပါတယ်။ ရပ်ကွက်အလိုက် ဆောင်ရွက်ဖို့လိုပါတယ်။ကြွက်မပေါလာအောင်လုပ်ဖို့ကအားလုံးမှာတာဝန်ရှိပါတယ်။
ဖြည့်စွက်ပြောစရာရှိရင်လည်း သိပါရစေ။
ကြွက်က သန့်ရှင်းပါတယ်ဆိုတဲ့ ဖွံ့ဖြိုးပြီးသား နိုင်ငံတွေမှာတောင် ဘယ်တော့မှ မကင်းပါဘူး။ နယူးယော့ခ် မြေအောက်မီးရထားလမ်းတွေမှာတောင်မှကြွက်နှိမ်နင်းရင် ကုန်ကျစရိတ်က နည်းတာမဟုတ်ဘူး။ ဒါ့ကြောင့်ကြွက်တွေ ပေါက်ပွားမှုကိုဖြစ်စေတဲ့ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တာတွေကို ရှိနေတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပြတ်ပြတ် သားသား လုပ်ရပါမယ်။
ကျွန်မတို့ရဲ့အတွေ့အကြုံအရ တောင်သူတွေရဲ့ပတ်ဝန်းကျင်မှာနေတဲ့ ြွကက်က သန့်တယ်။ ခွဲကြည့်ရင်အသည်းလေးတွေက နီရဲနေပါတယ်။ မြို့ပြကကြွက်တွေမှန်သမျှကတော့ ကျန်းမာရေးက မကောင်းပါဘူး။မကောင်းတဲ့အတွက်ကြွက်ကနေ ရောဂါရဖို့ ပိုလွယ်ပါတယ်။
တောင်သူတွေအနေနဲ့ သတိပြုရမှာကကြွက်ကဖျက်လို့ ပျက်စီးတဲ့ဟာရယ်၊ ၊ကြွက်သေးပန်းရောဂါရယ် ဒီနှစ်ခုကို သတိပြုသင့်တယ်။ မြို့နေလူတန်းစားကျတော့ကြွက်ဖျက်လို့ ပျက်တဲ့ဟာထက်ကြွက်ကနေ ကူးစက်မယ့်ရောဂါတွေကို ပိုသတိထားသင့်ပါတယ်။