နားရွက်ကို မွှားကိုက်ရာမှ ဦးနှောက်ပျက်စီးတဲ့အထိ ဖြစ်ခဲ့ရတဲ့အင်္ဂလိပ်စာဆရာ
shwemom.com
|
2019-01-03

မွှားအကိုက်ခံရတာကို သာမန်အအေးမိတယ်ထင်ပြီး ပေါ့ပေါ့ဆဆနေခဲ့မိတာကြောင့်အင်္ဂလိပ်စာဆရာတစ်ဦး ဘဝပါသေခဲ့ရတဲ့အကြောင်းကိုအခုလို သိရပါတယ်။ ကိတ်သ်ပေါ့လ်နေဟာ နီပေါမှာ စေတနာ့ဝန်ထမ်းအဖြစ်အလုပ်လုပ်နေတဲ့ ကျောင်းဆရာတစ်ဦး ဖြစ်ပါတယ်။ သူဟာ မွှားကိုက်ခံရတာကနေစပြီး ဦးနှောက်တွင်း ဆဲလ်တွေ ဖူးယောင်ကြွလာတဲ့ရောဂါတစ်မျိုးကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။

အသက်(၄၀)အရွယ်ရှိပြီဖြစ်တဲ့ ကိတ်သ်ရဲ့ ညာဘက်နားရွက်မှာ မွှားတစ်ကောင်က ကိုက်ခဲပြီးအထဲကိုတောင် ဝင်ဖို့ ကြိုးစားနေခဲ့တာပါ။ ဒါကို သူငယ်ချင်းတစ်ယောက်က မြင်ပြီး မွှားကောင်ကို ဖယ်ကာ ပဋိဇီဝဆေး ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း မွှားကိုက်ပိုးက ပဋိဇီဝဆေးတွေကို မမှုခဲ့ပါဘူး။ မကြာခင်မှာပဲ ကိတ်သ်ဟာအတော်ကြီးနေထိုင်မကောင်းဖြစ်လာလာပြီးအပူတွေကြီးလာတာကြောင့် ၎င်းနေထိုင်ရာအင်္ဂလန်ကို ပြန်လာခဲ့ပါတယ်။


SOLENT NEWS

အင်္ဂလန်ပြန်ရောက်ပြီးပြီးချင်း ကိတ်သ်ဟာ ဆရာဝန်ဆီ သွားပြခဲ့ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေက ကိတ်သ်ဟာအပူပိုင်းဒေသက ရောဂါတစ်မျိုးစွဲကပ်လာတယ်လို့ ယူဆခဲ့ကြပါတယ်။ နောက်ပြီးတော့ တဖြည်းဖြည်းလဲ သက်သာလာတာမို့ ကိတ်သ်ကို စိတ်အေးလက်အေး နေခိုင်းခဲ့ပါတယ်။ သိပ်မကြာခင်မှာ ကိတ်သ်ဟာ စိတ်ဂယောင်ခြောက်ခြားဖြစ်လာပြီး ခေါင်းတွေ မတရားကိုက်လာလို့ ဆေးရုံပြန်တက်ခဲ့ရပါတယ်။


SOLENT NEWS

ထိုအခါ ဆရာဝန်တွေက ဆေးထပ်စစ်တဲ့အခါမှာ ကိတ်သ်ဟာအအေးမိတာလည်းမဟုတ်၊အပူပိုင်းဒေသက ရောဂါစွဲကပ်လာတာမျိုးလည်း မဟုတ်ပဲ မွှားကိုက်ဒဏ်ကနေ ရောဂါပိုးဝင်နေတယ်ဆိုတာ တွေ့ရှိခဲ့ကြပါတယ်။ စိုးရိမ်ဖွယ်ရာအခြေအနေကို တွေ့ရှိပြီးနောက်မှာ ကိတ်သ်ကိုအထူးကုသဆောင်မှာ ကြပ်မတ်ကုသခဲ့ကြပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဆရာဝန်တွေဟာ ကိတ်သ်ရဲ့ ဦးနှောက်တွင်းက ယောင်ယမ်းမှုဝေဒနာကို လျော့ချနိုင်ခဲ့ပေမယ့် ကိတ်သ်ဟာအရင်တုန်းကလို လူကောင်းပကတိတော့ ပြန်မဖြစ်ခဲ့ပါဘူး။


SOLENT NEWS

လမ်းသွားတဲ့အခါ တည့်တည့်မတ်မတ် မသွားနိုင်တော့တဲ့အပြင် လူကအရက်မူးနေသလို၊ မသန်စွမ်းဖြစ်နေသလို ခံစားနေရပါတယ်။ ကိုယ်အလေးချိန် ကျလာတဲ့အပြင်အစာစားချင်စိတ်ပါ ပျောက်ဆုံးသွားခဲ့ပါတယ်။ စိတ်အာရုံခံစားမှုကလည်းအပြောင်းအလဲမြန်လာခဲ့ပါတယ်။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့အသံလေးတစ်ခု ၊အမြင်အာရုံလေးတစ်ခုကနေလည်း ဝမ်းနည်းနေရာကနေ ရုတ်ချည်း ပျော်ရွှင်သွားတတ်ပါသေးတယ်။ မထင်မှတ်ပဲ ပိုးမွှားကိုက်ခံမိရာက နားတွင်းနဲ့ ဆက်စပ်နေတဲ့ ဦးနှောက်အကြောတွေပါ ပျက်စီးခဲ့တဲ့ စေတနာ့ဝန်ထမ်း ဆရာကိတ်သ်နဲ့အဖြစ်ကတော့ စိတ်မကောင်းစရာပါပဲ။ သနားစရာ ကိတ်သ်ခမျာအခုထိတိုင်အောင် မှတ်ဉာဏ်ချို့ယွင်းတဲ့ပြဿနာကို ခံစားနေရတုန်း ဖြစ်တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: sun




Some text some message..