နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ DHA အကြောင်း
ondoctor.com.mm
|
2023-09-16

Docosahexaenoic Acid (DHA) ဆိုသည်မှာOmega 3 Fatty Acid တစ်မျိုးဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန် နဲ့ငယ်စဉ်ကလေးဘဝ ဦးနှောက်ဉာဏ်ရည်ဖွံဖြိုးမှု မှစလို့ အရေးပါပြီး နှလုံးကျန်းမာရေး၊ အမြင်အာရုံ အပြင် ခန္ဓာကိုယ်ရောင်ရမ်းခြင်းတို့ အတွက်လည်းအကျိုးများစွာ ရှိပါတယ်။

DHA ကို သဘာဝအလျောက် ခန္ဓာကိုယ် မှ အနည်းငယ်ထုတ်လုပ်ပေးပေမဲ့ လုံလောက်တဲ့ပမာဏကို ရရှိဖို့အစားအစာနဲ့ ငါးကြီးဆီကဲ့သို့ ဖြည့်စွက်စာများ ဖြည့်တင်းစားသုံးပေးရန် လိုအပ်ပါတယ်။ခန္ဓာကိုယ်တွင်းရောင်ရမ်းခြင်းကြောင့် သွေးကြောများ ယိုယွင်းပျက်စီးကာ အချိန်တစ်ခုတန်ရင် နှလုံးရောဂါနဲ့နောက်ဆက်တွဲ လေဖြတ်ခြင်း၊ ရုတ်တရက် အသက်ဆုံးရှုံးခြင်းများ ဖြစ်စေနိုင်ပါတယ်။

Omega 3 Fatty Acid ခေါ် ကောင်းတဲ့အဆီတွေဟာ အထက်ပါ ခန္ဓာကိုယ်တွင်းရောင်ရမ်းတာတွေကိုလျှော့ချပေးတဲ့အတွက် နှလုံးကျန်းမာရေးအပေါ်များစွာ အထောက်အကူပေးပါတယ်။

DHA က နှလုံးကျန်းမာရေးကိုဘယ်လိုနည်းတွေနဲ့ အထောက်အကူပေးပါသလဲ?

၁။ ခန္ဓာကိုယ်အတွင်း မကောင်းသောအဆီများကို လျှော့ချပေးခြင်း
၂။ သွေးပေါင်ချိန် အနည်းငယ် လျှော့ချပေးခြင်း
၃။ သွေးပျစ်ခြင်း၊ သွေးခဲခြင်း ကို လျှော့ချပေးခြင်း
၄။ ပုံမှန်မဟုတ်သော၊ စည်းချက်မမှန်သော နှလုံးခုန်နှုန်း များကို လျှော့ချပေးခြင်း
အစရှိတာတွေနဲ့ နှလုံးနဲ့ သွေးကြော ကျန်းမာရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးပါတယ်။

DHA အပါအဝင် Omega 3 fatty acid တွေရရှိအောင် ဘယ်အစားအစာတွေစားပေးရမလဲ?
ပင်လယ်စာအမျိုးမျိုးတွင် Omega 3 Fatty Acid အနည်း နဲ့ အများ ရှိပေမဲ့ အဆီပြည့်ငါးတွေမှာတော့ ပမာဏအများဆုံးပါဝင်ပါတယ်။

ဥပမာ –
ဆယ်လ်မွန်ငါး (Salmon)
ဆာဒင်းငါး (သို့) ငါးသေတ္တာငါး (Sardine)
မက်ကရယ်ငါး (Mackerel)
ငါးပါးနီ (Anchovy)
ကမာ၊ မုတ်ကောင် (Oyster)
ငါးဥဆားနယ် (Caviar) အပြင် တခြားသော
နှမ်းကြတ်စေ့ (Flax Seed)
ချီယာစေ့ (Chia Seed)
သစ်ကြားသီး (Walnut)
ပဲပုပ် (Soybean) တို့မှလည်း အလားတူ Omega 3 Datty Acid တစ်မျိုးဖြစ်တဲ့ α-Linolenic Acid (ALA) ကိုရရှိနိုင်ပါတယ်။

အထက်ပါ ပစ္စည်းများ၊ ငါးများကို စျေးဝယ်စင်တာတွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့အပြင် ငါးမစားသူတွေ၊ ချက်ရပြုတ်ရ အချိန်မပေးနိုင်သူတွေ၊ အခက်အခဲရှိသူတွေကလည်း ဖြည့်စွက်စာအနေနဲ့ ငါးကြီးဆီကို မှီဝဲလို့ရပါတယ်။

Dr. Wallace K




Some text some message..