
ဝဲရောဂါ ဆိုသည်မှာ Sarcoptes scabiei ကြောင့် ဖြစ်သော ကူးစက်တတ်သောအရေပြား ရောဂါတစ်မျိုး ဖြစ်သည်။ Sarcoptes scabieiအကောင်လေးများသည် ပါးစပ်နှင့်ရှေ့ခြေထောက်ကိုအသုံးပြုကာအရေပြား၏အပြင်ဆုံးအလွှာ ထဲသို့ဝင်လာပြီး ဥများ ပေါက်ခဲ့ကာ ၃-၄ရက် ကြာသောအခါအရေပြားထဲသို့ဝင်လာပြီးအကောင်များ ဖြစ်လာကြသည်။လက္ခဏာများ- ယားယံခြင်း - ညဘက်မှာ ပိုပြီး ယားယံတတ်သည်။ မယားယံခင် ၄ပတ်မှ ၆ ပတ်အထိ ကြာတတပြီးအရင်တစ်ကြိမ် ဖြစ်ဖူးပါက ၁ရက် ၂ရက်အတွင်း ယားတတ်သည်။-အနီစက်များ ပေါ်လာခြင်း - ခန္ဓာကိုယ်အနှံ့တွင် ပေါ်တတ်ပြီး 1cm ခန့်ရှိတတ်သည်။ဝဲအဖြစ်များသော နေရာများမှာ-လက်ကြား၊ ခြေကြား၊ လက်ဖဝါး၊ လက်ကောက်ဝတ်၊ တံတောင်၊အမျိုးသမီးများတွင် နို့သီးခေါင်း တစ်ဝိုက်နှင့်အမျိုးသားများတွင် လိင်အင်္ဂါဝန်းကျင် နေရာများ ဖြစ်သည်။ဖြစ်ပွားရသောအကြောင်းရင်းများ ဝဲဖြစ်ပွားရသောအကြောင်းရင်းမှာ Sarcoptes scabiei ဟုခေါ်သော ကပ်ပါးကောင်တစ်မျိုးကြောင့် ဖြစ်သည်။အောက်ပါအခြင်းအရာများဖြင့် လူတစ်ဦးမှတစ်ဦးသို့ ဝဲရောဂါ ကူးစက်စေနိုင်သည်။- ရောဂါပိုးရှိသူ၏ လက်ကို ကြာရှည်စွာ ကိုင်မိခြင်း- ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံမိခြင်း- ရောဂါပိုးရှိသူနှင့်အဝတ်အထည်၊ မျက်နှာသုတ်ပုဝါနှင့်အိပ်ရာခင်းများအတူသုံးမိခြင်း တို့ဖြစ်သည်။နောက်ဆက်တွဲ ပြဿနာများ၁။ ဝဲမှတစ်ဆင့် ပိုးဝင်ရောက်နိုင်ခြင်း - ကုတ်ခြင်းကြောင့်အရေပြားပေါက်ပြဲကာ ထိုမှတစ်ဆင့် ဘက်တီးရီးယားပိုး ဝင်ရောက်နိုင်ပြီး Impetigo ဟုခေါ်သော ရောဂါဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက Antibiotics ပဋိဇီဝဆေးများ သောက်ရန် လိုအပ်သည်။၂။ Crusted scabies - ဝဲရောဂါထက် ပိုမိုပြင်းထန်ကာအကောင်ပေါင်း သန်းချီရှိနေတတ်သည်။ ခုခံအားနည်းသော လူများ (ကလေးငယ်များ၊ Down’s syndrome, Parkinson’s disease ရှိသူများ၊ ကိုယ်ဝန်ဆောင်သည်၊အသက်ကြီးသူများ၊ HIV/AIDS ရှိသူများ၊ စတီးရွိုက်နှင့် ကင်ဆာဆေး ကုသမှု ခံယူနေသူများ)တွင်အဖြစ်များတတ်သည်။ ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များအကယ်၍ သင့်ထံတွင် ဝဲရောဂါ ရှိသည်ဟု သံသယရှိသည်နှင့် ဆရာဝန်ထံ သွားရောက်ပြသသင့်သည်။ ဝဲရောဂါသည် ပြင်းထန်သောရောဂါ မဟုတ်သော်လည်း ဆေးကုသမှုခံယူရန် လိုအပ်သည်။စစ်ဆေးမှုများအရေပြားကို ကြည့်၍အကောင်ဝင်သော burrow marks နေရာလေးများ တွေ့လျှင်သော်လည်းကောင်း၊ Ink test ဖြင့် စမ်း၍ သော်လည်းကောင်း၊ ဝဲရှိသော နေရာမှအရေပြားကိုအနည်းငယ် ခြစ်ယူ၍အဏုကြည့် မှန်ဘီလူးအောက်တွင်အကောင်ရှိမရှိ ကြည့်၍လည်းကောင်း ဝဲရောဂါ ဟုတ်မဟုုတ် သိနိုင်သည်။ကုသခြင်းဝဲရောဂါကို Permethrin cream နှင့် Malathion lotion များလိမ်း၍ ပျောက်ကင်းစေနိုင်သည်။အကယ်၍အိမ်ထောင်ဖက် တစ်ဦးတွင် ဝဲရောဂါ ရှိပါက တခြားအိမ်ထောင်ဖက်တွင်လည်း ရောဂါလက္ခဏာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကုုသမှု ခံယူရန် လိုအပ်သည်။ Crusted scabies ကိုမူ Insecticide cream နှင့် Ivermectin ဟုခေါ်သော ဆေးသောက်၍ ကုသနိုင်သည်။ဆေးသောက်ပြီး ၁လကြာမှ ယားယံခြင်းအရှင်းပျောက်တတ်သော်လည်း လိင်အင်္ဂါ တစ်ဝိုက်တွင် ဖြစ်ပါက ထိုထက်ပို ကြာတတ်သည်။ မပျောက်ပါက ဆရာဝန်က တခြားဆေး တစ်မျိုးမျိုး ပြောင်းခြင်း၊ lotion ပြောင်းပေးခြင်းတို့ပြုလုပ်ပေးတတ်သည်။ဆေးစသောက်သည့်နေ့မှစ၍အိပ်ရာခင်း၊မျက်နှာသုတ်ပုဝါ နှင့် ညဝတ်အင်္ကျ ီများကို လျှော်ဖွပ်သင့်သည်။ကာကွယ်ခြင်းဝဲရောဂါ ပြန်ဖြစ်ခြင်းနှင့် တခြားလူများအား ကူးစက်ခြင်းမှ ကာကွယ်ရန်အတွက်အဝတ်အထည်များနှင့်အိပ်ရာခင်းများကို ရေပူနှင့် ဆပ်ပြာကိုသုံး၍ လျှော်ဖွပ်ခြင်းနှင့်အပူချိန်မြင့်မြင့်နှင့်အခြောက်ခံခြင်း/မလျှော်ဖြစ်သောအဝတ်များကို ပလပ်စတစ်အိတ်ထဲတွင် ထည့်၍ ၂ပတ်ခန့်အလုံထည့်ခြင်းဖြင့်လည်းအကောင်များ သေစေနိုင်သည်။ ဝဲရောဂါ ဖြစ်နေသောသူသည်အခြားသူများနှင့် ထိတွေ့ခြင်း၊ လိင်ဆက်ဆံခြင်းတို့ကို ရှောင်ကြဉ်ရန်အရေးကြီးပါသည်။Ref: NHS Choices, UKသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။