အလွယ်တကူလုပ်နိုင်တဲ့ Jumping Jacks ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ
mystylemyanmar.com
|
2024-01-26

ပစ္စည်းကိရိယာနဲ့ နေရာသိပ်မစားဘဲ အလွယ်တကူလုပ်နိုင်တဲ့ Jumping Jacks လေ့ကျင့်ခန်းကတော့ လူတိုင်းနဲ့ အဆင်ပြေတဲ့ ကိုယ်လက်လေ့ကျင့်ခန်းလို့ ဆိုရမှာပါ။

Jumping Jacks လုပ်တာဟာ ရိုးရိုးလေးနဲ့ တစ်ကိုယ်လုံးကို လေ့ကျင့်ခန်းလုပ်ခိုင်းတဲ့ Full-Body Workout မျိုး ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်က ကြွက်သားအုပ်စုကြီးတွေကို လှုပ်ရှားစေပြီး အရိုးသန်မာစေမှု ၊ နှလုံးနဲ့ သွေးလည်ပတ်မှု ကောင်းစေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

Jumping Jacks ကစားခြင်းအားဖြင့် ရနိုင်တဲ့ ကျန်းမာရေးအကျိုးတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

(၁) ကိုယ်အလေးချိန် လျှော့ချနိုင်စွမ်းရှိတယ်


Jumping Jacks လေ့ကျင့်ခန်းရဲ့ အဓိကအရေးပါတဲ့ အကျိုးကျေးဇူးတစ်ခုက ကိုယ်အလေးချိန်လျှော့ချပေးနိုင်စွမ်းရှိခြင်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ တစ်ကိုယ်လုံးကို လှုပ်ရှားခိုင်းတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်တာကြောင့် ကိုယ်ခန္ဓာက အဆီနဲ့ ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးပါတယ်။

အထူးသဖြင့် ခြေထောက် ၊ ဗိုက် ၊ လက်မောင်းနဲ့ ခါးတစ်ဝိုက်က ကိုယ်အလေးချိန်တွေကို လျှော့ချပေးနိုင်ပါတယ်။

(၂) ကြွက်သား သန်မာစေတယ်


သွေးလည်ပတ်မှုကောင်းစေတဲ့ တခြား Cardio Workout တွေနဲ့ Jumping Jacks လေ့ကျင့်ခန်းတွေကို တွဲလုပ်ခြင်းအားဖြင့် ကြွက်သားတွေ သန်မာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

ခန္ဓာကိုယ်ကျစ်လျစ်ပြီး ကြွက်သားသန်မာချင်သူတွေအတွက်ဆို ဒီလေ့ကျင့်ခန်းကို ပုံမှန်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဆက်စပ်ပြီး ပြောရရင် Jumping Jacks တွေဟာ အရိုးသိပ်သည်းဆလည်း အားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။

(၃) စိတ်ဖိစီးမှု နည်းစေတယ်


ညဘက်အိပ်မရ ဖြစ်တတ်သူတွေအနေနဲ့ Jumping Jacks လေ့ကျင့်ခန်း တစ်ရက်ကို နာရီဝက်လောက် လုပ်ကြည့်သင့်ပါတယ်။ ဒီလေ့ကျင့်ခန်းက ကိုယ်တွင်းက စိတ်ဖိစီးမှုနဲ့ စိတ်ဓါတ်ကျဆင်းမှုတွေကို ဖယ်ရှားပေးနိုင်တဲ့ Endorphins ဓါတ်တွေ ထုတ်လွှင့်နိုင်စွမ်းရှိလို့ ဖြစ်ပါတယ်။ စိတ်ဖိစီးမှု နည်းတဲ့သူဟာ ညဘက်တွေမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်စွမ်းရှိပါတယ်။

(၄) အဆုတ်နဲ့ နှလုံး လုပ်ဆောင်ချက် ပိုကောင်းစေတယ်


နေ့စဉ်ပုံမှန် Jumping Jacks လေ့ကျင့်ခန်း လုပ်သွားမယ်ဆိုရင် နှလုံးနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ တိုးတက်မှုကို ခံစားရမှာပါ။ Jumping Jacks လေ့ကျင့်ခန်းဟာ တခြား Cardio လေ့ကျင့်ခန်းတွေလိုပဲ နှလုံးခုန်နှုန်းကို ထိန်းညှိပေးနိုင်ပြီး ကိုယ်တွင်းသွေးလည်ပတ်မှု တိုးမြင့်စေပြီး သွေးဖိအားထိန်းနိုင်စေသလို မကောင်းတဲ့ ကိုလက်စထရော Level လည်း ကျဆင်းစေပါတယ်။

ဒါကြောင့် နှလုံးရောဂါနဲ့ လေဖြတ်မှုတွေကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ အဆုတ်အတွက်လည်း Jumping Jacks လေ့ကျင့်ခန်းက ကျန်းမာရေးအကျိုးများပါတယ်။

ပုံမှန် အလေ့အကျင့်လေးလုပ်ပြီး Jumping Jacks ကစားသူဟာ အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်း ပိုကောင်းလာပြီး အောက်ဆီဂျင်ပိုရှုရှိုက်နိုင်သလို ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေလည်း ပိုကောင်းလာမှာ ဖြစ်ပါတယ်။




Some text some message..