တကိုယ်ရေအာသာဖြေခြင်းဟာ ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိတဲ့ သာမန်လိင်ပိုင်းဆိုင်ရာအပြုအမူဖြစ်ပါတယ်။ တကိုယ်ရေအာသာဖြေတာ များရင် မျက်စိကွယ်သွားနိုင်တယ်လို့ ပြောဆိုမှုတွေရှိနေပြီး ယင်းကဲ့သို့ပြောဆိုမှုတွေအများစုဟာ မမှန်ကန်ပါဘူး။
တကိုယ်ရေအာသာဖြေခြင်းဟာအမျိုးသားရော၊အမျိုးသမီးတွေပါ ပြုလုပ်ကြတဲ့အပြုအမူမျိုးဖြစ်ပြီး လေ့လာဆန်းစစ်ချက်အရအမေရိကန်နိုင်ငံမှာအသက် ၁၄ နှစ်နဲ့ ၁၇ နှစ်ကြားအရွယ်ရောက်လာသူတွေထဲမှာ ယောကျ်ားလေးက ၇၄ ရာခိုင်နှုန်း၊ မိန်းကလေးက ၄၈ ရာခိုင်နှုန်းအထိ တကိုယ်ရေအာသာဖြေလေ့ရှိတယ်လို့ သိရပါတယ်။
အသက် ၅၇ နှစ်နဲ့ ၆၄ နှစ်ကြား လူကြီးတွေကို လေ့လာဆန်းစစ်တဲ့အခါမှာအမျိုးသားက ၆၃ ရာခိုင်နှုန်း၊အမျိုးသမီးက ၃၂ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ တကိုယ်ရေအာသာဖြေတဲ့သူတွေမှာအကြောင်းပြချက်များစွာရှိနေပြီး သာယာမှု၊ စိတ်ပျော်ရွှင်မှု၊ တင်းအားလျှော့ကျစေနိုင်မှုတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း တကိုယ်ရေအာသာဖြေတာအချိန်အနည်းငယ်အတွင်းမှာအကြိမ်ရေများလာခဲ့မယ်ဆိုရင် Edema လို့ ခေါ်တဲ့ တစ်သျှူးအနီးနားက သွေးကြောပေါက်ပြီးအရည်ပြားယောင်ယမ်းမှုတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင်အနာဖြစ်ခြင်းနဲ့ ပွတ်တိုက်မှုများတဲ့အတွက်အရေပြားအထိမခံနိုင်လောက်အောင် ဖြစ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
တကိုယ်ရေအာသာဖြေခြင်းကို တစ်ပတ်မှာ ဘယ်နှကြိမ်လုပ်သင့်လဲဆိုတာနဲ့ပတ်သက်ပြီး တိကျသေချာတဲ့အဖြေမရှိဘဲ လိင်အင်္ဂါရဲ့ကျန်းမာရေးနဲ့သာ သက်ဆိုင်ပြီးအချို့အမျိုးသားတွေဟာ တစ်နေ့ကို ၃ ကြိမ်၊အချို့ကလည်း ၅ ကြိမ်၊အချို့ကလည်း တစ်ပတ်မှ ၁ ကြိမ်သာ ပြုလုပ်လေ့ရှိတယ်လို့သိရပါတယ်။