ထိပ်ပြောင်ခြင်းကို ကြိုတင်ကာကွယ်နိုင်ဖို့ သိထားသင့်တဲ့ နည်းလမ်းများ
mystylemyanmar.com
|
2024-04-24

ထိပ်ပြောင်ခြင်းဟာ ပုံမှန်အားဖြင့် ဦးရေပြားမှ ဆံပင်ကျွတ်ခြင်းကို ရည်ညွှန်းပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ထိပ်ပြောင်ခြင်းကို ကြိုတင်ကာကွယ်လို့ရပါတယ်။

ထိပ်ပြောင်ခြင်းကို ဘာတွေကဖြစ်စေသလဲ

မျိုးရိုးလိုက်ခြင်း၊ ကိုယ်တွင်း ဟော်မုန်းပြောင်းလဲမှုများ၊ အချို့သော ဆေးဝါးများရဲ့ အကျိုးဆက်သို့မဟုတ် အိုမင်းခြင်း လာခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာသည်နှင့်အမျှ မျိုးရိုးလိုက်ဆံပင်ကျွတ်ခြင်းဟာ ထိပ်ပြောင်ခြင်း၏ အဖြစ်အများဆုံး အကြောင်းရင်းဖြစ်ပါတယ်။

ထိပ်ပြောင်ခြင်းသည် မည်မျှ လျင်မြန်သလဲ

များသောအားဖြင့် ထိပ်ပြောင်ဖို့ ၁၅ နှစ်ကနေ ၂၅ နှစ်လောက်ကြာပေမယ့် တစ်ခါတစ်လေ ပိုမြန်နိုင်ပါတယ်။ ပုံမှန်အားဖြင့်၊ အစပိုင်းတွင် ဆံပင်များသည် ပါးနှစ်ဖက် (ဘက်ခြမ်း) တွင် ပါးလွှာလာပါတယ်။ တစ်ချိန်တည်းမှာပင် ဆံပင်များသည် များသောအားဖြင့် ဦးခေါင်းထိပ်တွင် ပါးလွှာလာပြီး  ဦးရေပြားအလယ်တွင် ထိပ်ပြောင်သောအကွက်များ တဖြည်းဖြည်း ပေါက်ဖွားလာပါတယ်။


၁။ နားလည်တတ်ကျွမ်းသူများနဲ့ ဆွေးနွေးပါ

ပုံမှန်ထက် ဆံပင်ပိုကျွတ်တာကို သတိထားမိတာနဲ့ တပြိုင်နက် အရေပြားအထူးကုဆရာဝန်ထံ သွားရောက် ဆွေးနွေးပါ။ ဆံပင်ကျွတ်ခြင်းအတွက် အစောပိုင်းအဆင့်မှာ ကုသမှုခံယူခြင်းဟာ ဆံပင်ကျွတ်ခြင်းကို လျှော့ချနိုင်ပြီး ထိရောက်မှုကို တိုးမြင့်စေနိုင်ပါတယ်။

၂။ နေ့စဉ် အစားအသောက်ကို ဖြည့်စွက်ပါ

ခန္ဓာကိုယ်နဲ့ ဦးရေပြားကို အာဟာရဖြစ်စေဖို့အတွက် အဆီ၊ ပရိုတင်းနဲ့ အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။ ဆံပင်ကြီးထွားရန် လိုအပ်သော ဗီ၀တာမင် B complex နှင့် zinc ကဲ့သို့သော အာဟာရများကို ဖြည့်ဆည်းပေးခြင်းဖြင့် ဆံပင်ကို ပိုထူ၊ သန်မာပြီး ပိုရှည်စေပါတယ်။ ပင်လယ်စာများမှ ရတဲ့ ကော်လာဂျင်သည် ဆံပင်ကြီးထွားမှုကို မြှင့်တင်ပေးသည့် ဗီတာမင်ဘီ နှင့် ကြွယ်ဝပါတယ်။


၃။ စိတ်ဖိစီးမှုနှင့် အကျင့်ဆိုးများကို လျှော့ချပါ

စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်က ထုတ်လွှတ်တဲ့ ဟော်မုန်းတွေက ဆံပင်ကြီးထွားမှု လည်ပတ်မှုကို အနှောင့်အယှက်ပေးပါတယ်။ ဒီအနှောင့်အယှက်ကြောင့် ဆံပင်က ကြီးထွားမှုကို ရပ်တန့်စေပြီး အချိန်ကာလ များစွာကြာမြင့်စေပါတယ်။

လူတစ်ဦးနှင့်တစ်ဦး ကွဲပြားသောကြောင့် စိတ်ဖိစီးမှုကို လျှော့ချဖို့ မဖြစ်မနေ လုပ်သင့်ပါတယ်။ သေချာအနားယူခြင်း၊ မကြာခဏ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာစွာ စားသောက်ခြင်း၊ ရေဓာတ်ပြည့်ဝနေခြင်း၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီစွာနေတတ်ခြင်းစတဲ့ အလုပ်တွေက စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ်။




Some text some message..