Scleroderma
healthcare.com.mm
|
2019-01-07

Scleroderma ရောဂါသည်အရေပြားနှင့် ခန္ဓာကိုယ်ကိုအထောက်အပံ့ ပေးထားသော တစ်သျှူးများ (Connective tissues) တဖြည်းဖြည်း မာလာကာ တောင့်တင်းလာခြင်းကို ခေါ်ခြင်းဖြစ်သည်။ လက္ခဏာများ        Scleroderma ၏ လက္ခဏာများသည် ဖြစ်ပွားသည့်နေရာကို လိုက်၍ကွဲပြားတတ်သည်။-      အရေပြားတွင် ဖြစ်လျှင် - ဘဲဥပုံ/ မျဉ်းဖြောင့်ပုံစံအကွက်မျိုး ဖြစ်လာပြီး တင်းလွန်းသောကြောင့်အရေပြားမှာ ပြောင်ချောနေတတ်ပြီး သိပ်မလှုပ်ရှားနိုင်တော့ချေ။-       လက်ချောင်း/ခြေချောင်း -အအေးနှင့် ထိတွေ့သောအခါ ထုံကျဉ်ခြင်း၊ နာခြင်းနှင့်အရောင်ပြောင်းခြင်းတို့ ဖြစ်ပေါ်တတ်ပါသည်။ -       စားချဉ့်ပြန်ခြင်းအပြင်အူလမ်းကြောင်း ကြွက်သားများ ထိခိုက်မှုကြောင့်အစာများအူအတွင်းတွင် ကောင်းစွာ မရွေ့လျားနိုင်ဘဲအာဟာရ စုပ်ယူမှု လျော့နည်းလာပါသည်။ -       နှလုံး၊အဆုတ်နှင့် ကျောက်ကပ်၌ ဖြစ်လျှင် ထိုကိုယ်တွင်းအင်္ဂါများ၏ လုပ်ဆောင်ချက်များ ပျက်သွားကာအသက်အန္တရာယ် ရှိနိုင်သည်။ ဖြစ်ပွားရသောအကြောင်းရင်းများ      လူ့ခန္ဓာကိုယ်၏ ခုခံအားစနစ် ပုံမမှန်မှုကြောင့် Collagen များအလွန်အကျွံ ထုတ်ပေးကာ တစ်သျှူးများတွင် စုပုံလာခြင်းကြောင့် Scleroderma ဖြစ်လာရခြင်း ဖြစ်သည်။ ဖြစ်နိုင်ချေများသူများ       Scleroderma သည်အသက် ၃၀ မှ ၅၀ ကြားအမျိုးသမီးများတွင်အဖြစ်များတတ်ပါသည်။ နောက်ဆက်တွဲပြဿနာများ       Scleroderma ၏ နောက်ဆက်တွဲ ပြဿနာများအနေဖြင့် . လက်ချောင်းထိပ် - သွေးရောက်မှု နည်းသွားသောကြောင့်အနာများ ဖြစ်ခြင်း၊ ပုပ်ခြင်းနှင့် လက်ချောင်းများ ဖြတ်ပစ်ရခြင်း.အဆုတ် -အဆုတ်တွင်အနာများ ဖြစ်လာကာအသက်ရှူရ ခက်ခဲခြင်းနှင့်အဆုတ်တွင် သွေးဖိအား များလာခြင်း. ကျောက်ကပ် - ရောဂါကြောင့် ကျောက်ကပ်ပျက်လျှင် သွေးတိုးရောဂါ ဖြစ်နိုင်ပြီးအလွန်အကျွံ သွေးပေါင်တက်လျှင်မူ ကျောက်ကပ် ပျက်သည်အထိ ဖြစ်နိုင်ခြင်း . နှလုံး - နှလုံးတွင်အမာရွတ်များ ဖြစ်ကာ နှလုံးခုန် မြန်ခြင်း၊ ဆီးထဲတွင်အသားဓာတ် များလာခြင်းနှင့် နှလုံးရောင်ခြင်း. သွား - မျက်နှာအရေပြားတင်းလာလျှင် ပါးစပ်ဖွင့်ရ ခက်သောကြောင့် သွားတိုက်ရာတွင်အခက်အခဲ ရှိခြင်း.အစာချေစနစ် -အာဟာရ ချို့တဲ့လာခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်းများ တစ်လှည့်စီ ဖြစ်ခြင်းတို့ဖြစ်တတ်ပါသည်။ ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ       Scleroderma ရောဂါသည် မကုသဘဲ ထားပါကအခြေအနေဆိုးလာကာ နောက်ဆက်တွဲရောဂါများ ဝင်ရောက်လာနိုင်သည့်အတွက် ဆေးရုံဆေးခန်းသို့စောစီးစွာ သွားရောက်ပြသသင့်ပါသည်။ စစ်ဆေးမှုများ      ရောဂါအခြေအနေအကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများအပြင် သွေးစစ်ခြင်း၊အသားစယူ၍ စစ်ဆေးခြင်း၊ CT scan ရိုက်ခြင်း၊ နှလုံးပုံရိပ်ဖမ်းခြင်း (Echocardiogram) များ ပြုလုပ်နိုင်ပါသည်။ ကုသခြင်း       Sclerodermaအား ကုသရာတွင် သွေးကြောကျယ်ဆေးများ ပေးခြင်း၊ Immune systemအား ချရန် ဆေးများ၊အစာအိမ်အက်ဆစ်အထွက်နည်းစေရန်ဆေး၊ တခြား ရောဂါပိုးများ မဝင်ရောက်စေရန် ကာကွယ်ဆေးများ ကြိုတင်ထိုးနှံထားခြင်းနှင့် နာကျင်မှု ဆိုးရွားပါကအကိုက်အခဲပျောက်ဆေးများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်ခြင်းတို့ကို ပြုလုပ်ပေးသင့်ပါသည်။အကယ်၍ ရောဂါဆိုးရွားလျှင် ခြေလက် ပုပ်နေသောနေရာများအားည ဖြတ်ရခြင်းများ ပြုလုပ်ရနိုင်ပါသည်။ ကာကွယ်ခြင်း     Scleroderma ရောဂါအား ကာကွယ်ရန်အလို့ငှာ မစွမ်းသာသည့်အတွက် ရောဂါစဖြစ်စဉ်ကပင် ဆေးကုသမှု ခံယူသင့်ပါသည်။ PaingRef: Mayo clinic သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..