Chlorpheniramine Poisoning (ဘာမီတွန်)အလွန်အကျွံသောက်ခြင်း
healthcare.com.mm
|
2019-01-07

• ၂ဝဝ၂ တုံးကအမေရိကားမှာ ၁၇ နှစ်သမီးတစ်ယောက် Coricidin Cough and Cold ဆေးတွေ ဆရာဝန် ညွှန်ထားတာထက်အဆမတန် များသောက်ခဲ့တဲ့အဖြစ်တစ်ခု ရှိခဲ့တယ်။ ဒီဆေးထဲမှာပါတဲ့ Chlorpheniramine Maleate ဟာ မြန်မာပြည်မှာ လူသုံးများတဲ့ (ဘာမီတွန်) ထဲမှာ ပါတာနဲ့အတူဖြစ်တယ်။ • သူမရဲ့ဆရာဝန်က ၃ လတိုင်တိုင် သတိပေးနေတဲ့ကြားက မရဘူး။ ဆေးပြား တနေ့မှာ ၃-၁၅ ပြားအထိ သောက်နေခဲ့တယ်။ • ဆရာဝန်နဲ့ တွေ့တော့ မိန်းကလေးဟာ Light-headedness ခေါင်းထဲမှာပေါ့နေတယ်၊ Euphoriaအကောင်းတွေလို့ ထင်မှတ်နေတယ်၊ Dizziness ခေါင်မူးနောက်နေတယ်၊ Cognitive and coordinative skillsအသိတရားတွေ ပူးတွဲလုပ်ဆောင်နိုင်စွမ်းတွေ နည်းနေတဲ့ လက္ခဏာတွေ ခံစားလာရတယ်။ • ၂ လကြာတော့ ဆီးထဲမှာ သွေးတွေပါလာတယ်။ ဒါဟာ ကျောက်ကပ်ကို ထိခိုက်တာဖြစ်တယ်။ • မနက်ခင်းမှာ ဒီဆေးအပြား ၂ဝ သောက်ထားတဲ့ မိန်းကလေးကို သူမရဲ့ဆရာဝန်က နေ့ခင်းမှာ တွေ့ပြန်တယ်။ Extremely confused လုံးဝသတိလက်လွှတ်လောက်နီးနီးဖြစ်နေတယ်၊ Hallucinating တကယ်မရှိတာတွေ မြင်-ကြားနေတယ်၊ Stumbling တုံတုံရီရီဖြစ်ဖြစ်နေတာ တွေ့ရတယ်။ • ဆရာဝန်နဲ့ လမ်းခွဲပြီးမကြာခင် မိန်းကလေးဟာ Collapsedအရုပ်ကြိုးပြတ်ဖြစ်ပြီး ဆေးရုံကို ရောက်လာတယ်။ • ကံကောင်းသွားတာက မိန်းကလေး မသေပါ။ ကိုယ်ကိုယ်ကို သတ်သေဘို့ ကြိုးစားတာလို့ သိလာရတယ်။ (ဘာမီတွန်ဆေး) ထဲမှာပါတဲ့ Chlorpheniramine ဟာအလွန်အသုံးများတဲ့ Antihistamine ဆေးဖြစ်တယ်။ Allergies (အလာဂျီ) ရတာ၊ Common coldအအေးမိတာအတွက် သုံးတာများတယ်။ ယားတာအတွက်လဲ ပေးနိုင်တယ်။ Overdose ဆေးအဆများသွားလို့ ဖြစ်စေနိုင်တာတွေကအကြောင်းအချက်အများအပေါ်မှာ မူတည်တယ်။ ဘေးထွက်-ဆိုးကျိုးတွေနဲ့ ဆေးများသွားရင် ဖြစ်နိုင်တာတွေကတော့ - - Dry mouth, eyes, nose, and throatအာခေါင်-မျက်စိ-နှာခေါင်း-လည်ချောင်းတွေ ခြောက်မယ်၊ - A rapid heart rate နှလုံးခုန်မြန်မယ်၊ - Nausea and vomiting ပျို့-အန်ချင်မယ်၊ - Slowing of the digestive tractအစာခြေလမ်းအလုပ်နှေးစေမယ်၊ - Loss of appetite စားချင်စိတ်နည်းမယ်၊ - Constipation ဝမ်းချုပ်မယ်၊ - Dilated pupils မျက်စိ-သူငယ်အိမ်ကျယ်မယ်၊ - Vision problems မျက်စိကြည့်မကောင်းဖြစ်မယ်၊ - Flushing မျက်နှာနီရဲလာမယ်၊ - Fever ကိုယ်ပူမယ်၊ - Headache ခေါင်းကိုက်မယ်၊ - Difficulty urinating ဆီးအသွားရခက်မယ်၊ - Rapid breathingအသက်ရှူမြန်မယ်၊ - Drowsinessအိပ်ချင်မယ်၊ - Low blood pressure သွေးဖိအား ကျမယ်၊ - An irregular heart rhythm နှလုံးခုန် မမှန်ဖြစ်မယ်၊ - Confusion စိတ်မကြည်လင်ဖြစ်မယ်၊ - Hallucinations သူများ မမြင်-မကြားတာတွေ မြင်-ကြားနေမယ်၊ - Agitation စိတ်မငြိမ်ဖြစ်မယ်၊ - Psychosis စိတ်မူမမှန်ဖြစ်မယ်၊ - Delirium ကယောင်ကတမ်းဖြစ်မယ်၊ - Seizures တက်မယ်၊ - Coma သိတ်လစ်မယ်၊ - Loss of life သေဆုံးသွားမယ်။ Chlorpheniramine ဆေးကို ဆေးပြား၊ ဆေးရည်၊ ဆေးတောင့်၊ ထိုးဆေးတွေနဲ့လာတယ်။ ဝါးစားလို့ရတာရော တာရှည်ခံ ဆေးပြားရော လာသေးတယ်။အကြမ်းအားဖြင့် ဆေးကို ၄-၆ နာရီတခါပေးတတ်တယ်။ ဒီဆေးတမျိုးတည်း သပ်သပ် လာသလို တခြားဆေးတွေနဲ့ ရောလာတာလဲ ရှိတယ်။ ဥပမာအနာသက်သာဆေး၊ ချောင်းဆိုးပျောက်ဆေး၊ ချွဲထွက်ဆေး၊ နှာခေါင်းသွေးအလာနည်းဆေးတွေ။ • (အလာဂျီ) ကို ပေးတဲ့ဆေးပေမဲ့ ဒီဆေးကို မတည့်ဘဲ (အလာဂျစ်) ဖြစ်သူတွေလဲ ရှိတယ်။ • ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို သတိနဲ့ပေးရတယ်။ • ကားမောင်းရမဲ့သူတွေ မသောက်သင့်ဘူး •အရက်နဲ့ တွဲမသောက်သင့်ဘူး။ Treatment for Overdoseအဲလို ဆေးများ-လွန်ကဲသူကို ဘယ်လိုကုသမလဲ -အဆိပ်သင့်သူတွေကိုအများဆုံး လုပ်ပေးရတဲ့ Pump the stomach ချက်ချင်းအစာအိမ်ထဲ ပိုက်သွင်းပြီး ကျန်နေမဲ့ ဆေးတွေကို ဆေးထုတ်ပြစ်တာကို ဒီနေရာမှာ သိပ်မသုံးပါ။ Supportive care ကိုလုပ်ပေးရမယ်။ • (IV) သွေးပြန်ကြောထဲ ဆေးသွင်းတာ၊ • သွေးဖိအားတက်ဆေး၊ နှလုံးခုန်မှန်ဆေး၊ တက်ရင်အတက်ရပ်ဆေး၊ • နှလုံး +အဆုပ်ကို စောင့်ကြည့်မယ်။ •အသက်ရှူကောင်းစေအောင် ပိုက်သွင်းမယ်၊ • ဆေးရုံတင်ပြီး ကုသရမယ်။ သေ-မသေဆိုတာ ဆေးသောက်ပြီး ဆေးကုသမှု ခံရတဲ့အချိန် ကြာ-မကြာလဲရှိမယ်။ Poisoningအကြောင်း “First Aid Manual ရှေးဦးသူနာပြုလက်စွဲ” ထဲမှာ ရေးထားပါတယ်။ Ref: Dr. တင့်ဆွေ  သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..