
အကျဉ်းရှင်းလင်းချက်ကပ္ပယ်အိတ် နာကျင်ခြင်းမှာအမျိုးသားကပ္ပယ်အိတ်နှင့်အနီးတဝိုက်တွင် နာကျင်ခြင်းဖြစ်သည်။ဖြစ်ပွားရသောအကြောင်းရင်းများကပ္ပယ်အိတ်မှာ လွန်စွာအထိမခံနိုင်သောအဂါြင်္ဖစ်သောကြောင့်အနည်းငယ်မျှထိခိုက်လျှင်ပင် နာကျင်စေနိုင်သည်။ ကပ္ပယ်အိတ်နာကျင်ခြင်းမှာ ကပ္ပယ်အိတ်ကိုယ်တိုင်မှဖြစ်နိုင်သလို ကပ္ပယ်အိတ်ကိုထောက်ပံ့ပေးသော Epididymis မှ နာကျင်မှုလည်းဖြစ်နိုင်သည်။တစ်ခါတစ်ရံတွင် ဝမ်းဗိုက်(သို့)ပေါင်ခြံမှ နာကျင်လျှင်လည်း ကပ္ပယ်အိတ်တွင် နာကျင်မှုခံစားရတတ်သည်။(Referred pain)(ဥပမာ- ကျောက်ကပ်ကျောက်တည်ခြင်း၊အူကျခြင်း) သို့သော် နာကျင်ရသောအကြောင်းရင်းကို ရှာဖွေမတွေ့ရှိနိုင်တာမျိုးလည်းဖြစ်နိုင်သည်။အများအားဖြင့်အောက်ပါအကြောင်းရင်းများကြောင့်ဖြစ်နိုင်သည်။- ဆီးချိုရောဂါကြောင့်အာရုံကြောထိခိုက်ခြင်း Diabetic neuropathy- ဆေးများ၏ ဘေးထွက်ဆိုးကျိုးများ (အချို့ပိုးသတ်ဆေးများနှင့်ကင်ဆာဆေးများ)- ဝှေးညှာရောင်ရမ်းခြင်း Epididymitis- ကပ္ပယ်အိတ်ပုပ်ခြင်း- သွေးကြောမျှင်များ ရောင်ရမ်းသွေးယိုခြင်း Henoch-Schonlein purpura- ရေမုတ် Hydrocele- ပေါင်ခြံမှအူကျခြင်း- ကျောက်ကပ်ကျောက်တည်ခြင်း- ပါးကျိတ်ရောင်ခြင်း- ဝှေးစေ့ရောင်ခြင်း Orchitis- ဆီးကျိတ်ရောင်ခြင်း- ကပ္ပယ်အိတ်တွင်အကျိတ်ပေါ်ခြင်း- ကပ္ပယ်အိတ်ကို ထိခိုက်ခြင်း- ဝှေးစေ့ကင်ဆာ- ဝှေးစေ့လိမ်ခြင်း- ကပ္ပယ်အိတ်ထဲသို့ ဝှေးစေ့မရောက်ခြင်း Undescended testicle- ဆီးလမ်းကြောင်းပိုးဝင်ခြင်း Urinary tract infection (UTI)- ကပ္ပယ်အိတ်တွင် သွေးကြောများထုံးခြင်း Varicocele-အမျိုးသား သားကြောဖြတ်ခြင်း Vasectomyဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များ×အရေးပေါ်ကုသမှုခံယူသင့်သည့်အချက်များ- ရုတ်တရက်ပြင်းထန်စွာ နာကျင်လျှင် ဝှေးစေ့လိမ်ခြင်းဖြစ်နိုင်ကာအရေးပေါ်ကုသမှုလိုအပ်သည်။- ဖျားခြင်း၊ ပျို့ခြင်း၊ ချမ်းတုန်ခြင်း၊ ဆီးထဲတွင် သွေးပါခြင်းများဖြစ်လျှင်လည်း ချက်ချင်းပြသသင့်သည်။× ဆရာဝန်အား ပြသသင့်သောအချက်များ - ကပ္ပယ်အိတ်နာကျင်မှုမှာ ရက်အတန်ကြာလာလျှင်- ဝှေးစေ့နားတစ်ဝိုက်တွင်အလုံးအကျိတ်များဖြစ်လာလျှင်စစ်ဆေးမှုများ- ဆရာဝန်နှင့်သေချာစမ်းသပ်စစ်ဆေးခြင်း- ဆီးစစ်ဆေးခြင်း၊ ဆီးထဲမှ ပိုးမွေးစစ်ဆေးခြင်း- လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများကို စစ်ဆေးခြင်း-အာထရာစောင်း Color doppler ultrasonography နှင့်စမ်းသပ်ခြင်း ကုသခြင်းကုသရာတွင်အကြောင်းရင်းကိုအရင်စမ်းသပ်စစ်ဆေးပြီး ကုသရမည်။ ဥပမာ - ဝှေးစေ့လိမ်ခြင်း၊အူကျပြီးအူပြန်မဝင်နိုင်ခြင်း၊ ပုပ်ရောင်ပြီးပိုးဝင်ခြင်းတို့တွင်အရေးပေါ်ခွဲစိတ်ကုသမှုလိုအပ်သည်။အောက်ပါလုပ်ဆောင်ချက်များဖြင့် နာကျင်မှုကို ခဏတာ ထိန်းထားနိုင်သည်။- နာကျင်သောနေရာသို့ ရေခဲဝတ်အုံပေးခြင်း-အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်၏ညွှန်ကြားချက်ဖြင့် သောက်ခြင်း ( Paracetamol,ibuprofen)- ပက်လက်လှဲပါကအဝတ်တစ်ခုကို ကပ္ပယ်အိတ်အောက်ထားခြင်း၊ ကပ္ပယ်အိတ်ကို ပင့်တင်ပေးသည့်ပစ္စည်းများသုံးခြင်းကာကွယ်ခြင်းနာကျင်မှု၏ တစ်ချို့သောအကြောင်းရင်းများသည် ကာကွယ်နိုင်သောကြောင့်အောက်ပါတို့ကိုပြုလုပ်နိုင်သည်။- လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများကို ကာကွယ်နိုင်ရန် စိတ်ချရသောလိင်ဆက်ဆံမှု Safer sex ဖြင့်သာ နေသင့်သည်။-အားကစားဆော့စဉ် ထိခိုက်ဒဏ်ရာရမှုကို ကာကွယ်နိုင်ရန် ကပ္ပယ်အိတ်အကာအကွယ်ပစ္စည်းအား ဝတ်ဆင်ခြင်း-အလွန်အမင်းစက်ဘီးစီးခြင်း၊အလေးမခြင်းကဲ့သို့ ထိခိုက်နိုင်မည့်အပြုအမူများကို ရှောင်ကြည်ပါ။- ကပ္ပယ်အိတ်ကင်ဆာများဖြစ်မဖြစ် ကြိုတင်သိရှိနိုင်ရန် မိမိကိုယ်တိုင်ပုံမှန်စမ်းသပ်ပေးပါ။- ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ဆီးကျိတ်ရောင်ခြင်းတို့ကို စောလျင်စွာသိရှိပြီး ကုသမှုခံယူပါ။- ဆီးလမ်းကြောင်းပိုးဝင်ရခြင်းနှင့် ဆီးကျောက်တည်ခြင်းတို့နှင့်ပက်သက်ပြီး သေချာလေ့လာထားသင့်သည်။အခြားသိသင့်သောအချက်များ ဝှေးစေ့လိမ်ခြင်း Testicular torsion သည်အသက်ကြီးသောအမျိုးသားများတွင်အဖြစ်များလေ့မရှိပေ။ဖြစ်ပါကလည်း ရောဂါလက္ခဏာမှာ ပုံမှန်မဟုတ်ဘဲ ရောဂါရှာဖွေရာတွင် ပို၍ခက်ခဲနိုင်သည်။ ဝှေးစေ့ရောင်ခြင်း Orchitis နှင့် ဝှေးညှာရောင်ရမ်းခြင်း Epididymitis တို့သည်အသက်ကြီးသောအမျိုးသားများတွင် ပိုမိုဖြစ်ပွားတတ်သည်။ ဝှေးစေ့ရောင်ရမ်းခြင်းသည်လည်း လိင်မှတစ်ဆင့်ကူးစက်သောရောဂါများကြောင့် ဖြစ်ခဲသည်။ တစ်ခါတစ်ရံတွင် ပေါင်ခြံတွင်အူကျခြင်း၊အူမကြီးပေါက်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း(renal colic) တို့သည်လည်းအသက်ကြီးသောအမျိုးသားများတွင် ကပ္ပယ်အိတ်နာကျင်စေနိုင်သည်။Ref: - Mayo clinic - Merck Manual.com ( kidney and urinary tract disorders )- Healthcommunities.comTranslated by Dr.YadanarPhooWaiAungသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။