ရုတ်တရက် ပြဲရှ ၊ ပွန်းပဲ့ဒဏ်ရာများဖြစ်လျှင်အိမ်မှာအလွယ်တကူကုသနိုင်တဲ့ နည်းလမ်းများ
shweinnlay.com
|
2019-01-06



ဘဝမှာ ထိခိုက်ဒဏ်ရာမဖြစ်ဖူးတဲ့သူဆိုတာ မရှိသလောက် ရှားပါတယ် ။အကြောင်းကြောင်းကြောင့် မတော်တဆ ထိခိုက်ဒဏ်ရာဖြစ်သွားတဲ့အခါမျိုးမှာအိမ်မှာ ဆေးမရှိတဲ့အချိန်နဲ့ ကြုံတွေ့ကောင်း ကြုံတွေ့လာနိုင်ပါတယ် ။ဒီလို ကြုံတဲ့အခါ ကိုယ့်အိမ်က မီးဖိုချောင်ပစ္စည်းလေးတွေနဲ့ ကုသလို့ရတဲ့ နည်းလမ်းတွေကိုလည်း သိရှိထားသင့်ပါတယ် ။ ကိုယ်တိုင် ဒဏ်ရာရလို့ဖြစ်စေ ၊ မိသားစု ၊အပေါင်းအသင်း ဒဏ်ရာရလို့ဖြစ်စေ ဒီနည်းလမ်းလေးတွေနဲ့ ကုသပေးနိုင်ပါတယ် ။

၁။ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာပါဝင်တဲ့ allicin ဓါတ်က ဘတ်တီးရီးယားတွေကို တိုက်ဖျက်ခြင်း ၊ မှိုဖြစ်ပွါးခြင်းကို တိုက်ဖျက်ပေးခြင်းနှင့်မည်သည့်ဒဏ်ရာအနာတရကိုမဆို ကုသနိုင်တဲ့အစွမ်းသတိရှိပါတယ် ။ ကြက်သွန်ဖြူ ၃ဥကို ကျိတ်ခြေပြီး ဝိုင်တစ်ခွက်ဖြင့် ရောလိုက်ပါ ။ ထို့နောက် ၂နာရီ ၊ ၃နာရီခန့်ကြာအောင် ထားပါ။ ပြီးလျှင်အဝတ်သန့်သန့်ဖြင့်အနာပေါ်သို့ သုတ်လိမ်းပေးပါ။ မိနစ် ၂၀ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောပေးပါ ။ တစ်နေ့လျှင် ၂ကြိမ် မှ ၃ကြိမ်အထိ လိမ်းပေးပါ။

မှတ်ချက် ။ ကြက်သွန်ဖြူကအရေပြားပေါ်ကြာကြာထားလျှင် ထိခိုက်နိုင်လို့ မိနစ်၂၀ထက်ပိုပြီး မထားဖို့တော့ လိုပါတယ်။

၂။နနွင်း

နနွင်းမှုန့်ဟာလည်း ပိုးမွှားများ ကူးစက်ဝင်ရောက်ခြင်းကို တားဆီးပေးပြီး ဘတ်တီးရီးယားတွေကို သေစေနိုင်စွမ်း ရှိပါတယ် ။ နနွင်းမှုန့် လက်ဖက်ရည် ၂ဇွန်းခန့်ကို နှမ်းကြတ်ဆီအနည်းငယ်ရောပြီး ခပ်ပျစ်ပျစ်လေး ရောမွှေပေးပါ ။ ပြီးနောက် ဒဏ်ရာပေါ်သို့ သုတ်လိမ်းပေးခြင်းဖြင့်အနာကို ပိုးဝင်ခြင်းမှ ကာကွယ်ပေးပြီး နာကြင်မှုကိုလည်း သက်သာစေပါတယ် ။ တစ်နေ့လျှင် ၂ကြိမ် မှ ၃ကြိမ်အထိ ကုသပေးပါ ။အချို့က နနွင်းမှုန့် သီးသန့်သုံးသလို ၊အချို့က သံလွင်ဆီ ၊ ဗီတာမင်အီးအဆီ စသည်တို့နှင့် ရောစပ်သုံးကြပါတယ် ။

၃။ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်ကို ဒဏ်ရာအနာတရများ ကုသရာမှာလည်းအသုံးပြုလို့ ရပါသေးတယ် ။ ရှားစောင်းလက်ပက်ရွက်ကို ခူးပြီးအထဲမှအနှစ်ကိုယူကာ ဒဏ်ရာပေါ်သို့ သုတ်လိမ်းပေးရမှာပါ ။ ၂ နာရီခန့်ကြာအောင်ထားပြီးလျှင် ရေဆေးပါ ။ တစ်နေ့လျှင် ၂ကြိမ်ခန့် ပြုလုပ်ပေးပါ။

မှတ်ချက် ။ ရှားစောင်းလက်ပက်နည်းလမ်းကို သေးတဲ့ ဒဏ်ရာအတွက်သာအသုံးပြုသင့်ပြီး ကြီးမားတဲ့ ဒဏ်ရာအတွက်သုံးလျှင်တော့ ကုသချိန် ကြာရှည်နိုင်ပါတယ်။

CHAN (ရွှေအင်းလေး)




Some text some message..