ဘယ်ဘက်စောင်းပြီးအိပ်ခြင်းက ရရှိနိုင်မယ့် ကောင်းကျိုးများ
shweinnlay.com
|
2019-01-06



ပက်လက်လှန်အိပ်တာ၊ မှောက်အိပ်တာ၊ ဘယ်ဘက်စောင်းအိပ်တာ၊ ညာဘက်စောင်းအိပ်တာ စသဖြင့်အိပ်တဲ့အနေအထားအမျိုးမျိုးထဲမှာမှ သင်က ဘယ်လိုအနေအထားတဲ့အိပ်စက်တတ်သူလဲ။ ဆေးပညာရှင်များရဲ့ ပြောကြားချက်အရ ဘယ်ဘက်စောင်းပြီးအိပ်တာက သင့်ရဲ့ ခန္ဓာကိုယ် လုပ်ဆောင်ချက်အတွက် ပိုမိုအကျိုးပြုတယ်လို့ ဆိုထားပါတယ်။


(၁) နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်

ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်စောင်းပြီးအိပ်တာက သင့်ကို နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်တဲ့။ ညဘက် နှစ်ခြိုက်စွာအိပ်မပျော်တဲ့သူတွေကအာရုံစူးစိုက်မှုအားနည်းခြင်း၊ စိတ်ဖိစီးမှုများခြင်းအပြင်အခြားသော ကျန်းမာရေး ဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါတွေကို ကာကွယ်ဖို့အတွက် ဘယ်ဘက်စောင်းပြီးအိပ်စက်သင့်ပါတယ်။


(၂)အစာအိမ်အချဉ်ပေါက်ခြင်း ကင်းဝေးစေတယ်

အစာအိမ် ရောဂါရှိတဲ့သူတွေ၊အူလမ်းကြောင်း ဆိုင်ရာ ကျန်းမာရေး မကောင်းတဲ့ သူတွေကတော့ ဘယ်ဘက်စောင်းပြီးအိပ်သင့်တယ်လို့ ဆိုထားပါတယ်။ ညာဘက်စောင်းပြီးအိပ်တဲ့အခါအစာအိမ် တွင်းက Gas တွေ ပိုမိုထုတ်လွှတ်မှု ဖြစ်ပေါ်စေပြီး ရင်ပူခြင်း၊အစာအိမ်အချဉ်ပေါက်ခြင်း၊အစာအိမ် နာခြင်း စတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။


(၃) ဟောက်တာ သက်သာစေတယ်

အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့ သူတွေက ညဘက်အိပ်စက်ချိန်မှာ ဟောက်တတ် ကြပါတယ်။ လေပြွန်က တက်လာတဲ့ လေကို ညင်သာစွာ ရှူထုတ်နိုင်စွမ်းအား မရှိတဲ့ခါမျိုးမှာ ဟောက်သံ ထွက်ပေါ်လာရတာပါ။ ဟောက်တတ်တဲ့သူတွေအနေနဲ့ ညဘက်အိပ်တဲ့အခါမှာ ဘယ်ဘက် စောင်းပြီးအိပ်စက်ကြည့်ပါ။


(၄) သွေးလည်ပတ်မှုအားကောင်းစေတယ်

ခန္ဓာကိုယ်ရဲ့ ပင်မသွေးကြောများက ညာဘက်မှ တည်ရှိနေတာကြောင့် ခန္ဓာကိုယ်အနှံ့ သွေးလည် ပတ်အောင် ဘယ်ဘက်စောင်းပြီးအိပ်စက်သင့်တယ်လို့အကြံပြုထားပါတယ်။အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ ဘယ်ဘက်စောင်းပြီးအိပ်စက်မယ်ဆိုရင် နှလုံးသွေး လည်ပတ်မှု ကို ပုံမှန်ဖြစ်ပေါ်စေပြီး ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်ကလည်း ပိုမိုအားကောင်းစေတယ်လို့ ဆိုထားပါတယ်။


(၅)အစာချေဖျက်စနစ်အားကောင်းစေတယ်

ညဘက်အိပ်စက်တဲ့အခါမှာအစာချေဖျက်စနစ်က ပုံမှန်လည်ပတ်နေတတ်ပါတယ်။ ဒီလိုအချိန်မှာ ညာဘက်စောင်းပြီးအိပ်စက်လိုက်မယ်ဆိုရင်အစာချေဖျက်စနစ်ကို နှောင့်နှေးသွားစေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဘယ်ဘက်စောင်းအိပ်တာကအစာအိမ်ကျန်းမာရေးအတွက်အကောင်းဆုံးအနေအထားပါပဲ။


နန်း(ရွှေအင်းလေး)




Some text some message..