
ခြင်ကိုက်တယ် ြ
တယ်နဲ့ ခြင်ထောင်တွေ ထောင်အိပ်ကြ၊
တွထွန်း၊ ခြင်ဆေးတွေဖျန်းကြ၊ ခြင်မကိုက်တဲ့လိမ်းဆေးတွေ လိမ်းကြနဲ့ ခြင်နဲ့ စိမ်းတဲ့သူရှိမယ်မထင်ပါဘူး။အကောင်းသေးသလောက် နားနားကပ်အောင်ရင်အမြင်ကပ်စရာကောင်းလောက်အောင်အသံကျယ်တဲ့ခြင်။ ကိုက်လိုက်ရင်လည်း ယားကျန်ခဲ့သလို ရောဂါပိုးတွေလည်း ဖြန့်ဝေတတ်တဲ့ ခြင် ကို လူတိုင်းနီးပါး ရင်းနှီးပြီးသား ဖြစ်ပေမယ့် ခြင်အကြောင်းအတွင်းကျကျ ပိုလေ့လာချင်တဲ့သူတွေအတွက် ဒီဆောင်ပါးကို ရေးသားရတာ ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင်ကလည်း ခြင်ဆိုအင်မတန်မုန်းပါတယ်။ ။
ခြင်ဆိုတာ ဘာလဲ။ ။
ခြင်( Mosquito ) ဆိုတာ စပိန်စကားကနေ ဆင်းသက်လာပြီး
အသေးစားလေးလို့အဓိပါ္ပယ်ရပါတယ်။ ခြင်မျိုးစိတ်ပေါင်း ထောင်ကျော်လောက်ရှိပြီး မျိုးပွားမှုအင်မတန်မှ မြန်တဲ့ များတဲ့အကောင်တွေပါ။ မျိုးပွားဖို့အတွက်ကို ထုံးစံအတိုင်း ခြင်မတွေကသာ တာဝန်ယူရပြီး ခြင်မတွေကပဲ လူသွေးတွေကို စုပ်တာပါ။ ခြင်ထီးတွေကတော့ ပန်းဝတ်ရည်ကိုသာ စုပ်ယူလေ့ရှိပါတယ်။
ခြင်တွေ ဘယ်လိုဖြစ်လာရတာလဲ။ ။
ခြင်မနဲ့ ခြင်ထီးတို့ မျိုးအောင်ပြီး ဖြစ်လာတဲ့ ဥလေးတွေကို ခြင်မက စိတ်ချရတဲ့နေရာမှာ ဥရပါတယ်။ ခြင်မျိုးစိတ်တွေပေါ်မူတည်ပြီး ခြင်ဥဥတဲ့ နေရာလည်း ကွဲပြားသွားပါတယ်။ တစ်ချို့ခြင်တွေက ရေဆိုးရေညစ်ကို ကြိုက်သလို တစ်ချို့ခြင်တွေက ရေသန့်မှာမှအသက်ရှင်ပေါက်ဖွားနိုင်ကြတာပါ။ ခြင်မဥချလိုက်တဲ့ ဥပေါက်ပြီး ချက်ချင်းခြင်ဆိုတာ ဖြစ်မလာပါဘူးး။ ဥကနေ >ပိုးလောက်လန်း > ပိုးလောင်း> ခြင် ဆိုပြီးအဆင့် ၄ ဆင့်ဖြတ်သန်းရပါတယ်။ ခြင်ဥကြီးထွားဖို့ လူ့သွေးထဲက ပရိုတင်းဓာတ်ရဖို့ လိုအပ်တဲ့အတွက် ခြင်မတွေက လူသွေးစုပ်ရတာ ဖြစ်ပါတယ်။
ခြင် မျိုးစိတ် ဘယ်နှစ်မျိုးရှိသလဲ ။ ။
ခြင်မျိုးစိတ်ထောင်ကျော်ရှိပါတယ်။အကုန်ပြောရရင် စာရှည်သွားမှာ စိုးတာကြောင့် နာမည်ကြီးတဲ့ ခြင်မျိုးစိတ် ၃ ခုအကြောင်းပြောပြပေးချင်ပါတယ်။ ။ ၁။
ခြင်ကျားဆိုတဲ့အတိုင်း ကိုယ်ခန္ဓာနဲ့ ခြေချောင်းတွေပေါ်မှာအဖြူနဲ့အမဲကျားအစင်းလေးတွေ ရှိနေတတ်ပါတယ်။ သူရဲ့ထူးခြားချက်ကတော့အခြားခြင်တွေလို မဟုတ်ဘဲ နေ့ခင်းပိုင်းမှာသာ ကိုက်တတ်တာပါ။ ညနေစောင်းတို့ မိုးလင်းခါစအချိန်တို့ဆိုတာ ခြင်းကျားတို့ ပျော်စံရာအချိန်တွေပါ။ ဒါ့အပြင် သူကအသန့်ကြိုက်တဲ့အတွက် ရေသန့်တွေမှာပဲ ပေါက်လေ့ရှိပါတယ်။ Aedes ( ခြင်ကျား) မှာ Aedes aegypti နဲ့ Aedes albopictus ဆိုပြီး မျိုးစိတ်နှစ်ခုရှိပါတယ်။ Aedes aegypti ကို မြို့ပေါ် ဒေသတွေမှာတွေ့ရတတ်ပြီးလူ့သွေးတွေ စုပ်ကာ ရှင်သန်လေ့ရှိပါတယ်။ Aedes albopictus ကိုတော့ တောထဲမှာအတွေ့များပြီး တိရိစ္ဆာန်တွေရဲ့ သွေးကို စုပ်ယူကာအာဟာရမှီဝဲလေ့ရှိပါတယ်။ ဒီ Aedes မျိုးစိတ် ၂ ခုထဲမှာ လူ့သွေးကိုစုပ်တဲ့ Aedes aegypti ကြောင့် ခြင်ကနေ ကူးစက်တဲ့ ရောဂါတွေ လူတွေမှာ ဖြစ်လာရတာပါ။
Aedes aegypti ကြောင့် ကူးစက်နိုင်တဲ့ ရောဂါတွေကတော့
သွေးလွန်တုပ်ကွေး ( dengue) ဇီကာ ဗိုင်းရပ်စ် ( zika ) ဆင်တုပ်ကွေး (
) yellow fever နဲ့
Rift Valley disease ရောဂါတို့ဖြစ်ပါတယ်။ ။
၂ ။ Culex ခြင်
ဒီခြင်အမျိုးအစားကတော့အိမ်ထဲမှာအတွေ့များတတ်ပြီး ညပိုင်းမှ လူတွေကို ကိုက်ကာသွေးစုပ်လေ့ရှိတဲ့ ခြင်အမျိုးအစားပါ။ သူ့ကြောင့်ဖြစ်တဲ့ နာမည်အကြီးဆုံးရောဂါကတော့
(lymphatic filariasis ) နဲ့
(Japanese encephalitis )တို့ပဲဖြစ်ပါတယ်။ သူ့ရဲဥတွေကိုတော့ ရေဆိုးမြောင်းထဲမှာ ဥချလေ့ရှိပါတယ်.။
၃ ။ Anopheles ခြင်
နေထွက်ချိန်နဲ့ နေဝင်ချိန်တွေမှာအတွေ့များရပြီး လူ့သွေးစုပ်တဲ့ မျိုးစိတ်နဲ့ တိရိစ္ဆာန်သွေး စုပ်တဲ့ မျိုးစိတ်ဆိုပြီး နှစ်ခုရှိပါတယ်။ လူ့သွေးစုပ်တဲ့ Anopheles ခြင်မကြောင့်ဖြစ်တဲ့ နာမည်အကြီးဆုံးရောဂါကတော့
ရောဂါပဲဖြစ်ပါတယ်။ ။
ခြင်ရန်ကနေ ဘယ်လိုကာကွယ်ကြမလဲ။ ။
မျိုးပြုတ်အောင် နှိမ်နင်းလို့ မရတဲ့အထဲမှာ ခြင်တွေက ထိပ်ဆုံးက ပါတဲ့အတွက် ခြင်ကင်းစင်တဲ့ နေရာဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။ ခြင်ကနေ ကူးစက်တတ်တဲ့ရောဂါတွေ မဖြစ်ချင်ဘူးဆိုရင်တော့ နေ့ခင်းပဲအိပ်အိပ် ညပဲအိပ်အိပ်
အိပ်ပါ။
အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ဆင်ပါ။
ခြင်မကိုက်စေတဲ့ လိမ်းဆေးတွေ လိမ်းပါ။ ြ
ခွတွေထွန်းပါ။
အိမ်နားပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ။ ခြင်ဆေးဖျန်းပါ။
ဖုံး၊ သွန်၊ လဲ၊ စစ် နည်းလမ်းအတိုင်း ကျင့်သုံးပြီး ခြင် ရန်ကနေ သင့်မိသားစုကို ကာကွယ်လိုက်ပါ။
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။