
မိတ်သည်အထူးသဖြင့် ရာသီဥတုပူပြင်း စွတ်စိုသောကာလတွင်ဖြစ်ပေါ်လေ့ရှိသည်။ဖြစ်ပေါ်ရသောအကြောင်းရင်းမှာအရေပြားတွင်ရှိသော ချွေးပေါက်လေးများပိတ်ဆို့မှုကြောင့်ဖြစ်သည်။တစ်ချို့သောမိတ်ဖုလေးများသည်စမ်းကြည့်လျှင်ခပ်ကြမ်းကြမ်းလေးဖြစ်နေပြီးအလွန်ယားတတ်ပါသည်။များသောအားဖြင့် သူ့အလိုလိုပျောက်ကင်းသွားတတ်ကြပါသည်။လက္ခဏာများလူကြီးများတွင် မိတ်သည် လည်ပင်းကြား၊လက်မောင်းကြား၊ချိုင်းကြား၊ပေါင်ကြားတို့တွင်အဖြစ်များပါသည်။ကလေးများတွင်အဓိကဖြစ်ပေါ်သောနေရာများမှာ လည်ပင်း၊ပုခုံးနှင့်ရင်ဘတ်တို့ပဲဖြစ်ကြပါသည်။ထို့ပြင် လက်မောင်းကြားနှင့်ပေါင်ခြံတို့တွင်လဲဖြစ်ပေါ်တတ်ပါသည်။မိတ်သည်အမျိုးအစားများကွဲပြားစွာရှိပါသည်။လက္ခဏာများမှာလဲမတူညီကြပါ။- ကြာစူးကဲ့သို့ ခပ်သေးသေးအဆီဖုလေးများဖြစ်ပေါ်ခြင်း- ယားသောအနီရောင်ဖုများပြင်လိုက်ဖြစ်ပေါ်ခြင်း-အနီရောင်အဖုမှယောင်ပြီးပြည်တည်ကာ ပြည်ဖုဖြစ်ပေါ်ခြင်း-အသားရောင်အတိုင်း ဖြစ်သောအဖုကြီးဖြစ်ပေါ်ခြင်း စသည်ဖြင့် အမျိုးမျိုးဖြစ်ပေါ်နိုင်ပါသည်။ဖြစ်ပွားရသောအကြောင်းရင်းများမိတ်ဖုဖြစ်ပေါ်ရခြင်းသည်အရေပြားပေါ်ရှိ ချွေးပေါက်ပိတ်ဆို့သောကြောင့်ဖြစ်သည်။ပုံမှန်အားဖြင့် ချွေးသည် ချွေးဂလင်းပြွန်များမှအရေပြားပေါ်သို့ချွေးထွက်စေကာအငွေ့ပျံသွားခြင်းဖြစ်သည်။ယခုအခါ ချွေးဂလင်းပိတ်ဆို့မှုကြောင့်အရေပြားအောက်တွင်အပူအောင်းကာအနီရောင်မိတ်ဖုများဖြစ်ပေါ်လာရခြင်းဖြစ်သည်။ချွေးဂလင်းပြွန်များ ပိတ်ဆို့ရသောအကြောင်းရင်း- မွေးကင်းစကလေးငယ်လေးများ (မွေးပြီးပထမအပတ်တွင် မိတ်ပေါက်လေ့ရှိကြသည်၊ချွေးပို့ပြွန်လေးများ ကောင်းစွာမဖွံဖြိုးသေးသောကြောင့်ဖြစ်သည်။- ရာသီဥတု ပူပြင်းစိုစွတ်ခြင်း- လေ့ကျင့်ခန်းပြုလုပ်မှုလွန်ကဲခြင်း (ချွေးထွက်များခြင်း)-အိပ်ယာပေါ်တွင်အချိန်အတော်ကြာအောင်လဲလျောင်းသူများဖြစ်နိုင်ချေများသူများ- မွေးကင်းစကလေးငယ်လေးများ- ရာသီဥတုပူပြင်းစွတ်စိုခြင်း- ချွေးထွက်လွန်ကဲ၍ချွေးအောင်းခြင်း (လေ့ကျင့်ခန်းပြုလုပ်မှုများသူများ၊အင်္ကျီထူထူကျပ်ကျပ်ဝတ်သူများ) တို့တွင်အဖြစ်များပါသည်။နောက်ဆက်တွဲ ပြဿနာများပုံမှန်အားဖြင့် မိတ်ဖုများသည်အလိုအလျောက်ပျောက်ကင်းသွားတတ်ကြသည်။သို့သော် ဘတ်တီးရီးယားပိုးဝင်ပါက မိတ်ဖုများမှ ယားနာပြည်ဖုများဖြစ်ပေါ်ကာ ယောင်၍ကြီးလာတတ်ပါတယ်။ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များအကယ်၍ရက်ပေါင်းများစွာကြာသည့်တိုင်အောင် မပျောက်ကင်းဘဲ ပိုဆိုးလာပါက သို့မဟုတ် ပြည်တည်ပြီး ပိုးဝင်သောလက္ခဏာများဖြစ်ပေါ်လာပါက ဆရာဝန်နှင့်ပြသသင့်ပါသည်။အောက်ပါအချက်များသည် ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များဖြစ်သည်။- မိတ်ဖုမှာ ယောင်၍နီရဲလာခြင်း၊နာလာခြင်း- ပြည်များထွက်လာခြင်း- ဖျားခြင်း၊ချမ်းတုန်သလိုဖြစ်ခြင်း တို့ပဲဖြစ်ပါသည်။စစ်ဆေးမှုများအထူးတလည်စစ်ဆေးမှုများပြုလုပ်ရန်မလိုအပ်ပါ။ဆရာဝန်မှအရေပြားကိုကြည့်ရှှုစစ်ဆေးခြင်းဖြင့် မိတ်ဖုဟုတ်မဟုတ်သိရှိနိုင်ပါသည်။ကုသခြင်း-အရေပြားအပူလွန်ကဲစေခြင်းကိုတတ်နိုင်သမျှရှောင်၍အေးအောင်ထားပေးပါ။- ထိုသို့ပြုလုပ်ခြင်းအားဖြင့် မိတ်ဖုများကိုအမြန်သက်သာစေပါသည်။- လိမ်းဆေးများဖြင့်လည်း သက်သာအောင်လိမ်းပေးနိုင်ပါသည်။- ပြင်းထန်သော မိတ်ဖုများအတွက် သက်သာစေသော လိမ်းဆေးများပေးခြင်းအားဖြင့် ကုသနိုင်ပါသည်။အိမ်တွင်းနည်းလမ်းများဖြင့် သက်သာအောင်ပြုလုပ်ခြင်း- ရာသီဥတုပူပြင်းသောကာလတွင် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ပေးခြင်း- တတ်နိုင်သမျှ လေကောင်းကောင်းရရှိသော၊နေရိပ်သော၊အေးသော နေရာတွင်နေထိုင်ခြင်း- ရေအေးအေးလေးနှင့်မနက်ပိုင်းရေချိုးပေးခြင်း - ရေချိုးပြီးပါက တဘတ်ဖြင့်မသုတ်ပဲ ပုံမှန်လေဖြင့်အခြောက်ခံစေခြင်း- ယားယံမှုရှိပါက လိမ်းဆေးများလိမ်းပေးခြင်း- ရေနံဆီလိမ်းခြင်းကို ရှောင်ကြဉ်ပါ။ကာကွယ်ခြင်း- နွေရာသီတွင် ပေါ့ပေါ့ပါးပါးအဝတ်များ၊ချည်ထည်များဝတ်ဆင်ပေးပါ။-အဝတ်ကျပ်ကျပ် ဝတ်ဆင်ခြင်းမပြုလုပ်ပါနှင့်။- ပူပြင်းသောကာလတွင်အဲကွန်းခန်းထဲတွင်နေခြင်း၊လေကောင်းကောင်းရရှိသောနေရာတွင်နေခြင်း၊အရိပ်ရသောအဆောက်အဦး သို့မဟုတ် သစ်ပင်ရိပ်အောက်တွင် နားပါ။- မိမိအိပ်စက်သည့်နေရာကို လေဝင်လေထွက်ကောင်းအောင်ထားပါ။Ref: Mayo clinicsCredit: Dr Toeသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။