
အာလူးဟာ လူကြိုက်များတဲ့
အုပ်စုထဲမှာ ပါဝင်ပြီးအိမ်တိုင်းမှာ ဆောင်ထားလေ့ရှိကြပါတယ်။အရသာလည်း ရှိတယ်။
လည်း ပေါကြွယ်ဝတဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်စေတဲ့အာလူးကို နေ့စဉ် စားသုံးပေးရင် ရနိုင်တဲ့ ကောင်းကျိုးတွေကို ပြောပြပေးမယ်နော်။
၁။ ပေါကြွယ်ဝလွန်းတဲ့အာဟာရဓာတ်တွေအာလူးမှာ ပါဝင်ပါတယ်။
လူသားတိုင်း နေ့စဉ် ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးဖို့ လိုအပ်ပါတယ်။အာလူးမှာ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ ဖြစ်တဲ့ ဗီတာမင် B6 ၊
၊ ပိုတက်စီယမ်ဓာတ်၊ မဂ္ဂနိစ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ ဖော့စဖရပ်စ်ဓာတ်၊ ဖောလစ်အက်ဆစ်၊
၊အသားဓာတ်နဲ့ ကစီဓာတ်တွေအများအပြား ပါဝင်ပါတယ်။အာလူးကို ကြော်ချက်ပြီး ဖြစ်စေ၊ မီးဖုတ်ပြီး ဖြစ်စေ စားလို့အဆင်ပြေပါတယ်။အာလူးခွံမှာလည်းအာဟာရဓာတ်တွေ ပါဝင်တဲ့အတွက်အခွံမနွှာပဲ ချက်စားလို့ ရပါတယ်။
၂။ Antioxidant ဓာတ်ပေါင်း များစွာ ပါဝင်ပါတယ်။
အာလူးမှာ ပါဝင်တဲ့ antioxidant တွေဟာ နာတာရှည်ရောဂါတွေ ဖြစ်ကြတဲ့ နှလုံးရောဂါ၊
နဲ့ ကင်ဆာရောဂါတွေကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင်အသည်းနဲ့အူမကြီးထဲမှာ ရှိတဲ့ ရောဂါဆဲလ်တွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။အရွယ်မတိုင်ခင်
ှုတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။
၃။ သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်နိုင်တယ်။
လူ့ခန္ဓာကိုယ်ကအာလူးမှာ ပါဝင်တဲ့ ကစီဓာတ်ကို စုပ်ယူလိုက်တဲ့အခါအားအင်အဖြစ် ပြောင်းလဲပေးတယ်။အူမကြီးထဲမှာ ရှိတဲ့ ကိုယ်ခန္ဓာအကျိုးပြု ဘက်တီးရီးယားတွေကိုအားဖြစ်စေလို့ ကျန်းမာစေတယ်။
တွမှာ တွေ့ရတဲ့အင်ဆူလင်မတိုးတော့တဲ့ ပြဿနာ (Insulin resistance) ကို ကာကွယ်ပေးနိုင်တယ်။ ခန္ဓာကိုယ်ကအင်ဆူလင်ကိုလည်း ကောင်းစွာ ထုတ်လုပ်ပေးနိုင်စေဖို့ ကူညီပေးတယ်။အာလူးမှာ ပါဝင်တဲ့ ကိုယ်ခန္ဓာအကျိုးပြု ကစီဓာတ်ကို တိုးစေဖို့အာလူးကို ပြုတ်ပြီး ရေခဲသေတ္တာထဲ တစ်ညထည့်ထားပြီး မနက်နိုးလာတဲ့အခါမှအေးနေတဲ့အတိုင်း စားပေးတာအကောင်းဆုံးပါပဲ။
၄။အာလူးဟာအစာကြေစေတယ်။
အာလူးမှာ ပါဝင်တဲ့ ကစီဓာတ်နဲ့
တွဟာ ခန္ဓာကိုယ်အတွက် ကျန်းမာရေးဆိုင်ရာအကျိုးရှိစေတဲ့အပြင်အစာကိုလည်း ကြေလွယ်စေတယ်။အူမကြီးထဲက ကိုယ်ခန္ဓာအကျိုးပြု ဘက်တီးရီးယားတွေကိုလည်းအားဖြစ်စေလို့ ရောဂါတွေအလွယ်တကူ ဝင်မလာနိုင်အောင် တားဆီးပေးနိုင်တယ်။အူမကြီးကိုအားကောင်းစေပြီး ဝမ်းကိုလည်း မှန်စေပါတယ်။
၅။အာလူးမှာ ဂလူတန် မပါဝင်ပါဘူး။
ဂလူတန် - gluten ဆိုတာ ကော်လို စေးကပ်တဲ့အသားဓာတ်တစ်မျိုးပါ။ ဂလူတန်ပါဝင်တဲ့အစားအစာတွေ စားရင် ဝမ်းဗိုက်နာကျင်ခြင်း၊ လေပွခြင်း၊ ဝမ်းချုပ်ခြင်း၊ ခန္ဓာကိုယ်အဖုအပိမ့် ထွက်ခြင်း ဖြစ်စေပါတယ်။အာလူးမှာ ဂလူတန်လိုမျိုး စေးကပ်ပြီး ကိုယ်ခန္ဓာကို ဒုက္ခဖြစ်စေတဲ့အသားဓာတ် ဓာတ်ပေါင်း မပါဝင်တာကြောင့် စိတ်ချပြီး စားသုံးပေးနိုင်သလို ကိုယ်အလေးချိန် ချလိုသူတွေအတွက်လည်း သင့်လျော်ပါတယ်။
၆။ ဝိတ်ချချင်သူတွေအတွက် သင့်လျော်ပါတယ်။
အာလူးဟာ ရင်ကိုပြည့်စေပြီးအစား မကြာခဏ စားချင်စိတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် ချလိုသူတွေ၊ ပုံမှန်ကိုယ်အလေးချိန်ကို ထိန်းနေတဲ့အားကစားသမားတွေအနေနဲ့အာလူးကို နေ့စဉ် ပုံမှန်စားပေးခြင်းဖြင့်အားအင်ကိုလည်း ဖြစ်စေသလို ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။အာလူးဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ခန္ဓာကိုယ်အတွက် နေ့စဉ် လိုအပ်တဲ့အားအင်တွေကို ပေးစွမ်းနိုင်ပါတယ်။ ပြုတ်ပြီးဖြစ်စေ၊ ကြော်ချက်ပြီးဖြစ်စေ၊ ကင်ပြီးဖြစ်စေ၊ ပေါင်းပြီးဖြစ်စေ နည်းမျိုးစုံ ချက်ပြုတ်ပေးလို့ ရပါတယ်။ သတိပြုရာမှာအာလူးရဲ့အခွံမှာအာဟာရဓာတ်တွေအများအပြားပါဝင်တဲ့အတွက်အခွံနွှာပြီး မချက်ပြုတ်သင့်ပါဘူး။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်။
ကို မြှင့်တင်ပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို နည်းစေတယ်။အစာကြေလွယ်စေပြီးအရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တယ်။
ကို ထိန်းညှိပေးနိုင်လို့ မိန်းကလေးတွေအတွက်ရော၊အားကစားသမားတွေအတွက်ပါအဆင်ပြေစေပါတယ်။ ဒါကြောင့်အစာလည်း ဆေး၊ ဆေးလည်းအစာ ဆိုသလို ကိုယ့်ရဲ့ ကျန်းမာရေးအတွက် နေ့စဉ်အစာအာဟာရမှာအာလူးကို ထည့်သွင်းစားသုံးဖို့အကြံပေးလိုက်ပါတယ်။
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။