ပေါင်ကြားမည်းတဲ့ ပြဿနာ ဘယ်လိုဖြေရှင်းကြမလဲ
hellosayarwon.com
|
2019-01-12

ဒီကိစ္စဟာ လူတွေ သတိမထားတတ်တာရော၊ ပြောရမှာ ရှက်ရွံ့စရာကောင်းတဲ့ ကိစ္စတစ်ခုပါ။

ဖစ်စေ၊ မိန်းကလေးဖြစ်စေ လိင်အင်္ဂါနား နီးစပ်နေတဲ့ ပေါင်ကြား (ပေါင်ခြံ) မည်းနိုင်ပါတယ်။ ဒီလိုနဂိုအသားအရောင် ပျောက်ပြီး မည်းလာတာ၊အရောင်မွဲခြောက်လာတာ ဘာကြောင့်လဲ။ ပေါင်ခြံတစ်ဝိုက်မှာ ရှိတဲ့အရေပြားက မယ်လနင်ဓာတ်တွေအများအပြား ထုတ်လွှတ်တဲ့အခါအရေပြားဟာ မူလ

လာပြီးအချိန်ကြာလာတာနဲ့အမျှအမည်းရောင်ကို ပြောင်းသွားပါတယ်။ ကျန်းမာရေးအရ ပြဿနာကြီးကြီးမားမား မရှိပေမဲ့ ကမ်းခြေတွေ သွားလို့အတိုအပြတ်တွေ ဝတ်တဲ့အခါမှာ ရှက်စရာ၊ ကိုယ့်စိတ်ထဲမှာ မလုံခြုံသလို ခံစားရနိုင်ပါတယ်။

ပေါင်ကြား မည်းလာရခြင်းအကြောင်းရင်းများ
၁။ လမ်းလျှောက်ချိန်၊

လုပ်ချိန်မှာအသားချင်း ပွတ်တိုက်မိတာ၊ ၂။အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်၊

ချိန်၊ မိခင်နို့ရည်လာချိန်မှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်း၊ ၃။ တချို့သော

းတွေ၊ ပဋိဇီဝဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ၄။ နေရောင်ခြည်နဲ့ ထိတွေ့လွန်းတာကြောင့်၊ ၅။

တွ၊ ၆။အဝတ်တွေအထူးသဖြင့် ဘောင်းဘီကို ကျပ်နေအောင် ဝတ်တတ်သူတွေ၊ ၇။ တစ်ကိုယ်ရည် သန့်ရှင်းမှုအားနည်းသူတွေ၊ ၈။

နဲ့အရေပြားရောဂါတွေကြောင့်လည်း ပေါင်ခြံ မည်းတဲ့ ပြဿနာ ကြုံလာနိုင်ပါတယ်။

ပေါင်ကြားမည်းတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲ။
၁။ ရေချိုးတဲ့အခါ သေချာတိုက်ချွတ်ဆေးကြောပါ။ ၂။ ကျပ်လွန်းတဲ့အဝတ်အစားတွေကို သိပ်မဝတ်ပါနဲ့။ ချောင်ချောင်ချိချိအဝတ်အထည်တွေ၊ လေဝင်လေထွက် ကောင်းမယ့်အဝတ်အစားတွေ များများ ဝတ်ပါ။ ၃။

ကိုလည်း ကျပ်နေအောင် မဝတ်ပါနဲ့။ ပွတ်တိုက်ဖန်များပြီး ချွေးတွေ ထွက်လာတဲ့အခါအရေပြားအရောင်မှိန်လာနိုင်သလို ရောဂါပိုးတွေ ပိုပြီးအောင်းနိုင်ပါတယ်။ ၄။

တစ်ဝိုက်ကို မကြာခဏအမွေးအမျှင်ရိတ်ခြင်း၊ wax လုပ်ခြင်း မပြုလုပ်ပါနဲ့။ ၅။အပြင်ထွက်တဲ့အခါမှာ နေရောင်ခြည်နဲ့

ကို ကာကွယ်ဖို့ SPF 30 နဲ့အထက် နေလောင်ကာခရင်မ်တွေကိုအသုံးပြုပေးပါ။ မလိုအပ်ပဲအပြင်ကို သိပ်ထွက်တာမျိုး မလုပ်ပါနဲ့။ နေအရမ်းပူနေတဲ့အချိန်အပြင်ထွက်တာတွေကို ရှောင်ပေးပါ။

ဘယ်လို သဘာဝနည်းလမ်းတွေနဲ့ ကုသလို့ ရမလဲ။


၁။အုန်းဆီနဲ့ သံပုရာရည်
သံပုရာရည်မှာ ပါဝင်တဲ့ ဗီတာမင် C နဲ့အုန်းဆီရဲ့အရေပြားကိုအစိုဓာတ်ထိန်းပေးနိုင်တဲ့အစွမ်းသတ္တိဟာ ပေါင်ခြံမည်းတဲ့သူတွေအတွက်အကောင်းဆုံး ဖြေရှင်းလို့ ရတဲ့ နည်းလမ်းတွေထဲက တစ်မျိုးပါပဲ။အုန်းဆီ ၂ဇွန်းလောက်ကို သံပုရာသီး တဝက်ညှစ်ပြီး ရောမွှေပါ။ မည်းနေတဲ့အရေပြားကို ၁၀ မိနစ်ခန့် စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။ ပြီးရင် ရေနဲ့ ပြောင်စင်အောင် ဆေးပေးပါ။

၂။ သကြား scrub
သကြားဟာအရေပြားအပေါ်ယံက ပျက်စီးနေတဲ့ ဆဲလ်အသေတွေကိုအလွှာလိုက်ကွာကျစေပါတယ်။ မည်းပြီး ကြမ်းတမ်းပျက်စီးနေတဲ့အရေပြားအတွက်အလွန်သင့်လျော်တဲ့ နည်းလမ်းလေးပါ။ သံပုရာရည်၊ သကြား တစ်ဇွန်းနဲ့ ပျားရည် တစ်ဇွန်းကို သမအောင် ရောမွှေပြီး ပေါင်ခြံကို ပွတ်လိမ်းပေးပါ။ ၅မိနစ်လောက် နေရင် ရေနဲ့ ပြောင်စင်အောင် ဆေးကြောပေးလိုက်ရုံပါပဲ။

၃။ ရှားစောင်းလက်ပက် ဂျယ်လ်
ရှားစောင်းလက်ပက်ဟာအရေပြားအလှအပအတွက်အစွမ်းထက် ဆေးပစ္စည်းတစ်မျိုးပါပဲ။အသားအရေ လှပစေတဲ့ နေရာမှာရော၊ ပျက်စီးနေတဲ့အသားအရေကို ပြန်လည်ပြုပြင်ဖို့အလွန်အာနိသင်ကောင်းတာကြောင့်အသားအရေထိန်းသိမ်းတဲ့အလှကုန်ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလာကြပါတယ်။ ရှားစောင်းလက်ပက်ကရတဲ့ စေးကပ်တဲ့ ဂျယ်လ်ကိုအရေပြားပေါ်မှာ ပွတ်လိမ်းပေးရုံနဲ့ မှိန်နေတဲ့အသားအရောင်ဟာ ပြန်ပြီး ဝင်းပလာနိုင်ပါတယ်။အသုံးပြုပြီးတဲ့အချိန်မှာလည်း ရေနဲ့ ပြန်ဆေးပေးစရာ မလိုပါဘူး။

၄။အာလူးစိတ်
အရောင်မှိန်နေတဲ့ နေရာ၊ မည်းနေတဲ့အသားအရေပေါ်မှာအာလူးကို မထူ မပါး လှီးစိတ်ပြီးအနည်းဆုံး ၁၅မိနစ်ခန့် စက်ဝိုင်းပုံစံ ပွတ်ပေးပါ။ ပြီးရင် ရေနဲ့ သေချာဆေးပေးပါ။အာလူးမှာ ပါဝင်တဲ့အင်ဇိုင်းဟာအရေပြားကို ဝင်းပလာစေပြီး မည်းညစ်နေတဲ့ နေရာတွေကိုလည်း ပြန်လည်ဖြူလာစေတဲ့အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။  

 သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..