လတ်တလော ယူကျုမှာ လူပြောများနေတဲ့အကြောင်းအရာတစ်ခုကတော့အမေရိကန်အမျိုးသမီး တစ်ယောက်ဟာ ပါးစပ်ထဲကစားကြွင်းစားကျန်တွေကို သူမွေးထားတဲ့ ကြွက်ကိုစားစေတဲ့နည်းနဲ့ သွားနဲ့ခံတွင်းသန့်ရှင်းလုပ် တဲ့ဗီဒီယိုဖိုင်တစ်ခုအကြောင်းပဲဖြစ်ပါတယ်။ လီဆာဝိုက်တင်တန်ဆိုသူအမျိုးသမီးဟာ ပါးစပ်ဟထားပြီး Colby လို့နာမည်ပေးထားတဲ့ သူမရဲ့ကြွက် ကအမျိုးသမီးရဲ့သွားကြိုသွားကြားထဲကအကြွင်းအကျန်တွေကို စားပါတယ်။ ဒီနည်းနဲ့သွားကို သန့်ရှင်းစေတယ်ဆိုပြီးအဆိုပါအမျိုးသမီးက ဗီဒီယိုမှတ်တမ်းနဲ့တကွ ယူကျုမှာတင်ထားတာ ပဲဖြစ်ပါတယ်။
ကြွက်ဆိုတဲ့သတ္တဝါက ရောဂါပိုမွှားအများဆုံးသယ်ဆောင်တဲ့သတ္တဝါတစ်မျိုးဖြစ်သလို ကြွက်တွေမှာ ဖြစ်တဲ့ရောဂါအများစုဟာလည်း လူသားတွေထံကူးစက်ဖြစ်ပွားနိုင်ခြေအများဆုံးရှိပါတယ်။ ဒီအမျိုးသမီးရဲ့ သွားသန့်ရှင်းရေးဟာ ကျန်းမာရေးနဲ့ညီညွတ်ရဲ့လားဆိုတဲ့အပေါ်မှာ သံသယဖြစ် ဖွယ်ရှိနေပါတယ်။
လူတွေရဲ့တစ်ကိုယ်ရည်စိတ်ကျေနပ်မှုအရ တိရစ္ဆာန်တွေကိုအိမ်မွေးအဖြစ် မွေးမြူလာကြတဲ့အခါ ကြွက်ဖြူနဲ့ ရှားပါးမျိုးစိတ်ကြွက်တွေလည်းအိမ်မွေးတိရစ္ဆာန်တွေဖြစ်လာပါတယ်။ ဒါ့အပြင် ဒီလိုအိမ်မွေးတိရစ္ဆာန်မွေးမြူကြ တဲ့လူတွေဟာ သူတို့မွေးမြူထားတဲ့သတ္တဝါတွေကိုအမျိုးမျိုး လေ့ကျင့်သင်ကြားပေးပြီး ဂုဏ်ယူတတ်ကြပါသေးတယ်။ ဒါကြောင့် လီဆာဆိုသူအမျိုးသမီး ရဲ့သွားသန့်ရှင်းရေးလုပ်နည်းကလည်း ကြွက်ပိုင်ရှင်တွေလုပ်တတ်တဲ့ ရူးသွပ် မှုတစ်ခု၊ စတန့်ထွင်မှု တစ်ခုသာဖြစ်တယ်ဆိုပြီး လူမှုကွန်ရက်ပေါ်ကလူတွေကထင်ကြေးတွေ ပေးနေကြ ပါတယ်။
အမေရိကန်သွားကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းကလည်း နူးညံ့ညင်သာတဲ့ သွားပွတ်တံနဲ့ တစ်နေ့နှစ်ကြိမ် သွားတိုက်သင့်ကြောင်းညွှန်ကြားထားပြီး ဒီနည်းကိုတော့ ဘယ်လိုသွားဆရာဝန် မျိုးကမှ ထောက်ခံမထား ဘူးလို့သိရပါတယ်။
ဗီဒီယိုအပြည့်အစုံကိုအောက်ကလင့်ခ်မှာ ကြည့်နိုင်ပါတယ်။