ကျားအားဆေး လိုတာထက် ပိုသုံးမိတဲ့အမျိုးသားရဲ့ ကြောက်မက်ဖွယ်အဖြစ်အပျက်
shwemom.com
|
2019-01-14

ကျား ကာမအားတိုးဆေးတွေ များများသောက်တာ ကောင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ လိုတာထက်ပို သုံးမိရင်အမြင်အာရုံတွေကို ထိခိုက် ချို့ယွင်းသွားနိုင်တာကို တစ်ပုလင်းလုံး သောက်လိုက်တဲ့အမျိုးသားရဲ့အဖြစ်နဲ့ ဥပမာပေး ဖော်ပြပေးချင်ပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ် နှစ်ကုန်ပိုင်းလောက်ကအမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။







အမည်မဖော်လိုတဲ့အသက် (၅၀) ဝန်းကျင်အမျိုးသားတစ်ယောက်ဟာ (၃၀) မီလီ Sildenafilအရည်ကို တစ်ကြိမ်တည်းနဲ့အကုန်သုံးစွဲခဲ့ပါတယ်။ Sildenafil ဆိုတာက ကျားအားတိုးဆေးတွေ ဖော်စပ်ရာမှာအသုံးပြုတဲ့ တက်ကြွစေတတ်တဲ့ ပါဝင်ပစ္စည်းဖြစ်ပြီးအမျိုးသားတွေအတွက် ရှည်ကြာ ထောင်မတ်စေတဲ့အစွမ်းကို ပေးပါတယ်။

ဒါကိုအမျိုးသားက (၁၀) ကြိမ်စာ ပမာဏကို တစ်ကြိမ်တည်းနဲ့ သုံးစွဲခဲ့ပါတယ်။ လိုတာထက်ပို သုံးစွဲပြီးတဲ့နောက်မှာတော့အမျိုးသားဟာအမြင်အာရုံနဲ့ပတ်သက်ပြီး ပြဿနာတစ်ချို့ စတင်ခံစားလာခဲ့ရတယ်။ (၂) လ လောက်ကြာသွားခဲ့ပေမယ့် မျက်လုံးရဲ့ ပြဿနာက မပြေလည်သေးဘဲ နောက်ဆုံး ဆရာဝန် သွားပြခဲ့တယ်။အမျိုးသားဟာ ဒိုးနတ်ကွင်းလိုအဝိုင်းပုံကို ကြည့်သမျှတိုင်းရဲ့အလယ်တည့်တည့်မှာ မြင်နေရကြောင်း ရှင်းပြခဲ့တယ်။

အမျိုးသားကို ဘော်စတွန်မြို့မှာရှိတဲ့ Massachusetts Eye and Ear Insfirmary မှာ စစ်ဆေးခဲ့ပြီး ကြက်မျက်သင့် ဝေဒနာအမျိုးအစား ခံစားနေရကြောင်း တွေ့ရှိခဲ့တယ်။ မျက်လုံးနှစ်စုံလုံုးမှာ မျက်ကြောလွှာတွေ ပျက်စီးနေတာကို တွေ့ရှိခဲ့ရပြီး ကျန်တဲ့ လက္ခဏာတွေကို ဖြေရှင်းနိုင်ခဲ့ပေမယ့် ဒိုးနတ်ကွင်းကြီးကတော့အမြင်မှာ ကျန်နေမြဲ ရှိနေခဲ့ပါတယ်။







JAMA Ophthalmol ဂျာနယ်ရဲ့ ဖော်ပြချက်မှာတော့အမျိုးသားဟာ တစ်ကြိမ်ကို (၈၀) မီလီဂရမ် သာသုံးစွဲရမယ့်နေရာမှာ (၇၅၀) မီလီဂရမ် (၁၀ ကြိမ်စာ) တစ်ခါတည်း သုံးစွဲခဲ့တယ်။အဲ့ဒီ့နောက် ညဆိုအမြင်အာရုံဟာ ချို့ယွင်းနေပြီး၊ ပြင်းထန်တဲ့အလင်းဒဏ်လည်း မခံနိုင်သလိုအမြင်မှာလည်း ဒိုးနတ်ကွင်းလိုအဝိုင်းတွေ စွဲထင်နေတယ်လို့ ဖော်ပြထားပါတယ်။

နေ့ပိုင်းတွေဆိုအဆင်ပြေပေမယ့်အမြင်ရဲ့အလယ်တည့်တည့်မှာအကွင်းလိုက်ကြီးစွဲနေတာက ဆက်ရှိနေခဲ့တယ်။အမျိုးသားဟာအရင်တုန်းကလည်း မကြာခဏ ဒီဆေးကို သုံးကျင့်ရှိခဲ့တယ်။အရင်ကရှိခဲ့တဲ့ ဘေးထွက်ဆိုးကျိုးအခံကြောင့်အခုအခါမှာ ပိုထင်ရှား ခံစားရတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုင်တွယ် ဖြေရှင်းခဲ့သူ ဒေါက်တာ Hilary Brader ကအမျိုးသားဟာ နောက်ထပ် ရက်ချိန်းတွေကို ထပ်မရောက်လာတော့ဘဲ သူအခြေအနေကောင်းရဲ့လား ဆိုးနေလား ဘာမှအကြောင်းမကြားတော့ဘူးလို့ ဆိုပါတယ်။

ဒီအမျိုးသားရဲ့အဖြစ်ဟာအမြဲ သင်ခန်းစားယူ ရှောင်ရှားရမယ့်အဖြစ်မျိုးပါ။ ဘယ်အရာမဆို တန်ရင်ဆေး လွန်ရင်ဘေးဆိုတာအမြဲ သတိရဖို့လိုပါတယ်။

Source: Unilad , LiveScience

Matthew (ShweMOM)



Some text some message..