အပြေးလေ့ကျင့်ရင် ဘယ်လိုကောင်းကျိုး ရနိုင်လဲ
hellosayarwon.com
|
2019-01-14

ဆောင်းရာသီဟာ ကိုယ်လက်လှုပ်ရှား

လုပ်ဖို့အတွက်အကောင်းဆုံးအချိန်ပါပဲ။ မနက်ခင်း လေပြည်လေညှင်းတွေကို ရှူရှိုက်ရင်းအားကစားလုပ်တဲ့အခါ စိတ်ကို ပေါ့ပါးလန်းဆန်းစေပြီး လူကိုလည်း တစ်နေကုန် တက်ကြွနေစေပါတယ်။ ခန္ဓာကိုယ်ကိုလည်းအချိုးအစား ပြေပြစ်စေပြီးအဆီကျစေတယ်။

ချင်တဲ့ မိန်းကလေးတွေ၊ ကျန်းမာရေးလိုက်စားလိုသူတွေ ဒီနှစ်ဆောင်းရာသီကနေ စတင်ပြီး မနက်တိုင်းအပြေးလေ့ကျင့်ကြည့်ပါ။ မနက်ခင်းအပြေးလေ့ကျင့်သူတွေမှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြောင်းလဲမှုတွေကို ပြောပြပေးမယ်နော်။

၁။ ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တယ်။
မနက်ခင်း ပြေးတဲ့အခါ နှလုံးခုန်နှုန်း မြန်လာပြီး ခန္ဓာကိုယ်တွင်းအောက်စီဂျင်ကို ကောင်းစွာလည်ပတ်စေနိုင်ပါတယ်။ မနက်ခင်းမှာအပြေးလေ့ကျင့်ခြင်းဖြင့် နှလုံးကြွက်သား၊

နဲ့ ဦးနှောက်ကို ကောင်းစွာအလုပ်လုပ်နိုင်ဖို့အကူအညီပေးတယ်။ လှုပ်ရှားမှုနည်းတဲ့ သူတွေ၊

းတဲ့ သူတွေ နေ့စဉ်အပြေးလေ့ကျင့်ရင်

မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၂။ စိတ်ကို ပေါ့ပါးလန်းဆန်းစေတယ်။
ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်တဲ့သူတွေဟာ နေ့စဉ် တက်ကြွလန်းဆန်းနေပြီး စိတ်မှာလည်း ကြည်လင်နေမှာပါ။

ဉာဏ်ရည်ကို မြင့်တက်စေတယ်။ မနက်ခင်း စောစောအပြေးလေ့ကျင့်တဲ့သူတွေဆိုရင် စိတ်ကို ပျော်ရွှင်စေတယ်။အရာရာကို ပိုပြီးအကောင်းဘက်က တွေးမြင်တတ်လာတယ်။ ဒါ့အပြင်အကြောင်းအမျိုးမျိုးကြောင့် ကြုံလာရတဲ့

တွ၊ စိတ်ပင်ပန်းမှုတွေကို ပြေလျော့စေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေနိုင်ပါတယ်။

၃။ ညဘက်တွေမှာ ကောင်းစွာအိပ်ပျော်စေနိုင်တယ်။
သင်ဟာ ညဘက်မှာ ကောင်းစွာ

တဲ့သူ၊အိပ်ပျော်ဖို့ ခက်ခဲတဲ့သူ၊ မကြာခဏ နိုးလာတတ်တဲ့သူလား။ ဒါဆိုရင်တော့ မနက်ခင်းမှာအပြေးလေ့ကျင့်လိုက်ပါ။ မနက်ခင်းမှာအပြေးလေ့ကျင့်ခြင်းဖြင့် စိတ်ကို တက်ကြွရွှင်လန်းစေတဲ့အပြင် ဦးနှောက်ကို ဖွံ့ဖြိုးစေတယ်။ လုပ်ငန်းခွင်မှာ ကောင်းကောင်းအာရုံစူးစိုက်လာနိုင်တယ်။ ညဘက်တွေမှာလည်း ကောင်းစွာအိပ်ပျော်နိုင်စေဖို့အထောက်အကူပေးတယ်။

၄။ သွေးတိုးကို ကျစေနိုင်တယ်။


တွလည်း မနက်ခင်းမှာအပြေးလေ့ကျင့်ခြင်းဖြင့် သွေးတိုးကျစေနိုင်တယ်။ ကိုယ်ခန္ဓာထဲက ကယ်လိုရီတွေ လောင်ကျွမ်းစေတယ်။ သွေးတွင်း ကိုလက်စထရောဓာတ်၊ သကြားဓာတ်တွေကိုလည်း ကျစေလို့ ဆီးချိုရောဂါရှင်တွေအတွက်လည်း သင့်လျော်ပါတယ်။

၅။ နှလုံးရောဂါကို ကာကွယ်ပေးနိုင်တယ်။
နေ့စဉ် ၅မိနစ်ခန့် ပြေးပေးခြင်းဖြင့်

ဖစ်နိုင်ခြေကို ထက်ဝက်နီးပါး လျှော့ချပေးနိုင်ပါတယ်။ နေ့စဉ် ပုံမှန်အပြေးလေ့ကျင့်သူတွေမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။အသက်ရှည်စေပြီး ကျန်းမာစေနိုင်တယ်။

၆။အသက်ရှည်စေနိုင်တယ်။
အပြေးလေ့ကျင့်ခြင်းဟာ နှလုံးနဲ့ ကိုယ်ခန္ဓာတွင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ရုံသာမက လူ့သက်တမ်းကိုလည်း ၃နှစ်ထိ ရှည်နိုင်စေတာကို လေ့လာတွေ့ရှိထားပါတယ်။ ၅မိနစ်ခန့် နေ့စဉ် ပုံမှန်ပြေးရင် ဒါမှမဟုတ် ၁၅မိနစ်ခန့် လမ်းလျှောက်ပေးနိုင်ရင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့အသက်ရှည်စေတဲ့အပြင် နေ့စဉ် လုပ်ငန်းဆောင်တာတွေကိုပါအကောင်းဆုံး လုပ်ဆောင်နိုင်ဖို့အားအင်ဖြစ်စေမှာအသေအချာပါပဲ။  

 သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..