
Capybara ကောင်လေးတွေဟာ ကြွက်မျိုးစိတ်များထဲပါဝင်ပြီး နို့တိုက်သတ္တဝါအမျိုးအစားများပဲဖြစ်ပါတယ်။အနေရိကတောင်ပိုင်းမှာ နေထိုင်ကျက်စားလေ့ရှိပြီး ကြွက်မျိုးစိတ်ထဲ ကြီးထွားမှုအမြင့်ဆုံးရှိတဲ့အကောင်လေးများပဲဖြစ်ပါတယ်။

Boredpanda

Boredpanda
သာမန်ဖွံ့ဖြိုးပြီးအကောင်ဟာ ၃.၄၈ ပေမှ ၄.၄၀ ပေအထိ ကြီးထွားနိုင်ပါတယ်။အလေးချိန်အရကတော့ ၇၇ ပေါင်မှ ၁၄၆ ပေါင်အထိ လေးနိုင်ပြီးအမများဟာအထီးများထက်ပိုဖွံ့ဖြိုးနိုင်ပါတယ်။ ရှေ့ခြေဟာ နောက်ခြေထက်ပိုတိုပြီး ရှေ့ခြေမှာ ခြေချောင်းသုံးချောင်းပါပြီး နောက်ခြေမှာတော့ (၄) ချောင်းစီပါပါတယ်။

Boredpanda
ပူးကောင်လေးများ၊ hamster တွေနဲ့အနီးစပ်ဆုံးမျိုးစိတ်တူကြပြီး စိုစွတ်တဲ့သစ်တောပတ်ဝန်းကျင်နဲ့ ရေစပ်နားတွေမှာ နေထိုင်လေ့ရှိပါတယ်။ Capybara များဟာ သတ္တဝါတိုင်းလိုလိုနဲ့ လိုက်လျောညီထွေ နေတတ်ကြပြီး ဖောရွေတတ်ကြပါတယ်။

Boredpanda

Boredpanda
၁၀ ကောင်မှအကောင် ၂၀အထိအုပ်စုဖွဲ့နေထိုင်တတ်ကြပြီးအများဆုံးအကောင် ၁၀၀ လောက်အထိ တွေ့နိုင်ပါတယ်။ မြက်ပင်တွေကိုအဓိကစားသုံးပြီး သစ်ခေါက်၊အပင်ငယ်လေးတွေနဲ့ သစ်သီးသစ်ဖုတွေကို စားသုံးလေ့ရှိပါတယ်။အန္တရာယ်ပြုတတ်တဲ့အကောင်လေးတွေ မဟုတ်ပါဘူး။

Boredpanda

Boredpanda
သက်တမ်းအရတော့ (၈) နှစ်မှ (၁၀) နှစ်အထိ ပျမ်းမျှခြင်းအသက်ရှင်လေ့ရှိပေမယ့် သေချာမွေးမြူခြင်းမရှိဘဲ တောရိုင်းထဲသဘာဝအလျောက်ရှင်သန်တဲ့ ကောင်လေးတွေကတော့ ကျားသစ်၊ သိမ်းငှက်၊ စွန်၊ နဲ့ မြွေကြီးတွေရဲ့အဓိကပစ်မှတ်အထားခံထားရတဲ့ သတ္တဝါလေးတွေဖြစ်တာကြောင့် ပျမ်းမျှခြင်း (၄) နှစ်သာအသက်ရှင်နိုင်လေ့ရှိပါတယ်။

Boredpanda
Capybara လေးတွေကိုကြည့်မယ်ဆိုရင် လေးလေးပင်ပင်နဲ့အေးအေးဆေးဆေးရှိမယ်လို့ ထင်ရပေမယ့် ရေထဲမှာ မြင်းတစ်ကောင်ရဲ့နှုန်းထားလို မြန်မြန်ဆန်ဆန်လှုပ်ရှားနိုင်ပါတယ်။ (၅) မိနစ်နီးပါး ရေငုပ်နိုင်ပြီးအသက်ရှူဖို့ရေပေါ်နှာခေါင်းလေးသာထားဖော်ပြီးအိပ်စက်လေ့ရှိပါတယ်။ ရွှံ့လူးလေ့ရှိတဲ့ သတ္တဝါလေးတွေလည်းဖြစ်ပါတယ်။

Boredpanda
Source: Wiki, Boredpanda
Penny