ပေါင်ခြံမှာ ပေါက်တဲ့ ပွေးနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ
hellosayarwon.com
|
2019-01-20

အရွယ်ရောက်ပြီး

မှာအဖြစ်များတဲ့ မှိုကြောင့်ဖြစ်တဲ့အရေပြားရောဂါတစ်မျိုး ဖြစ်ပြီ

တစ်ဝိုက်မှာအဖြစ်များပါတယ်။ လိင်အင်္ဂါနဲ့ တင်ပါး တစ်ဝိုက်မှာလည်း ပွေးပေါက်နိုင်ပါတယ်။ ခန္ဓာကိုယ်အရေပြားအနှံ့ မှိုရောဂါပိုး ကူးစက်နိုင်ပြီး

၊ မျက်နှာ၊ လက်သည်း၊ ခြေသည်း၊ ခြေထောက်၊ ချိုင်း၊ ပေါင်ခြံ၊

တစ်ဝိုက်မှာ ကူးစက်နိုင်ပါတယ်။ စက်ဝိုင်းပုံသဏ္ဍာန်ရှိပြီးအနားသတ်တွေက ဖောင်းကြွပြီး နီရဲနေပါတယ်။ ယားယံလွန်းတာကြောင့် မကြာခဏ ကုတ်မိရာကနေ ပိုးဝင်သွားနိုင်ပြီး ရောဂါလက္ခဏာ ပိုဆိုးသွားနိုင်ပါတယ်။ သေချာကုသမှု မခံယူတဲ့အခါမှာ ရောဂါအပျောက်နှေးတာ၊ ဆေးယဉ်သွားတာ၊ ပွေးက နေရာအနှံ့ကို ပျံ့လာတာအပြင်အရေပြားအောက်က တစ်သျှူးကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ပေါင်ခြံပွေး ဖြစ်ရခြင်းအကြောင်းရင်း
ပူနွေးပြီး စိုစွတ်တဲ့ နေရာတွေ၊

းမကြာခဏ ထွက်လွန်းတဲ့ နေရာတွေမှာ ပိုပြီး ပေါက်ဖွားဖို့ လွယ်ကူပါတယ်။

ကို ကျပ်နေအောင် ဝတ်ထားတာ၊ ပူလောင်အိုက်စပ်တဲ့ ရာသီဥတုတွေမှာအဖြစ်များပါတယ်။

လုပ်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတဲ့အမျိုးသားတွေ၊ မိုးရေနဲ့ ချွေးနဲ့အကြာကြီးထိနေမိတဲ့အခါမျိုးမှာ၊ မှိုရောဂါပိုးရှိနေတဲ့ သူရဲ့အသုံးအဆောင်၊ ဖိနပ်နဲ့အဝတ်အစားတွေအတူတကွ သုံးစွဲတာကြောင့် ပွေးကူးစက်နိုင်ပါတယ်။

ပေါင်ခြံပွေးရဲ့ လက္ခဏာတွေက ဘာတွေလဲ။
၁။ များသောအားဖြင့် ပွေးပေါက်နေတဲ့ နေရာဟာ ယားယံနေတယ်။ တစ်ခါတလေမှာ နာကျင်တတ်ပါတယ်။ ၂။ ပေါင်ခြံ၊ စအို၊ လိင်အင်္ဂါတစ်ဝိုက်မှာ နီရဲနေတတ်တယ်။ ၃။အနာက စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်နေပြီး ပတ်ပတ်လည်ပြီး ဖောင်းကြွနေတဲ့အဖက်ကလေးတွေ တွေ့ရတတ်ပါတယ်။ ၄။ ပွေးက ကြီးလာတဲ့အခါအလယ်က ချိုင့်ဝင်သွားပြီး ဘေးဘက်ကို ပျံ့ပြီးပွားလာပါတယ်။ ၅။ ခြောက်နေတဲ့အရည်ကြည်ဖုပုံစံ၊အသားအရေကအကြေးခွံလို မာထစ်ထစ်ကြီး ဖြစ်နေတတ်ပါတယ်။ ၆။ တစ်ခါတလေမှာ ပြည်တွေထွက်နေတတ်တယ်။ ၇။ ပုံမှန်အသားအရောင်နဲ့ မတူပဲအရောင်ဖျော့တာ၊ ရင့်တာ ဖြစ်နိုင်တယ်။

ပေါင်ခြံပွေးကို ဘယ်လိုကုသမလဲ။
ပွေးလိုမျိုး

ါတွေဟာ တစ်ဦးနဲ့ တစ်ဦး ကူးစက်ဖို့လည်း လွယ်ကူသလိုအမြစ်ပြတ်မပျောက်ကင်းသွားဘူးဆိုရင် တခြားနေရာမှာ ထပ်ပေါက်လာဖို့ ပိုလွယ်ကူပါတယ်။ ကိုယ့်ကိုယ်ကို ပွေးရှိတယ်လို့ သံသယရှိတယ်ဆိုရင်အရေပြားဆရာဝန်နဲ့ သေချာပြသပြီး တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။ ကိုယ့်ရဲ့ ရောဂါအခြေအနေ၊ ဖြစ်ပွားရခြင်းအကြောင်းရင်းပေါ် မူတည်ပြီးအရေပြားဆရာဝန် ကိုယ်တိုင် လိမ်းဆေးပေးနိုင်သလို လိမ်းဆေးနဲ့ သောက်ဆေးကို တွဲပြီး ပေးတာမျိုးလည်း ရှိနိုင်ပါတယ်။ ဆေးလိမ်းတဲ့အခါမှာလည်း ဆရာဝန်ပြောထားတဲ့ ဆေးညွှန်းအတိုင်း သေချာလိုက်နာမယ်ဆိုရင် ၂ ပတ်ကနေ ၄ ပတ်အတွင်းအမြစ်ပြတ်ပျောက်ကင်းနိုင်ပါတယ်။

ထပ်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။
၁။ ကျား၊ မ မရွေး

သန့်ရှင်းမှုကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ၂။ ရေချိုးပြီးတဲ့အခါ ကိုယ်ခန္ဓာထဲမှာ ကျန်ရစ်နေတဲ့ ရေတွေကို ပြောင်စင်အောင် သုတ်ပါ။ ၃။ သန့်ရှင်းပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သားအဝတ်အထည်တွေကို ဝတ်ပေးပါ။ ၄။အတွင်းခံတွေကို သန့်ရှင်းအောင်ထားပါ။ ဝတ်ပြီးသားအတွင်းခံတွေကို ပြန်ဝတ်တာမျိုး မလုပ်သင့်ပါဘူး။ ၅။

း လုပ်ပြီးတဲ့အချိန်၊ ချွေးအလွန်ထွက်တဲ့အချိန်ဆို ချွေးတိတ်အောင် ခဏစောင့်ပြီး ရေအမြန်ချိုးပါ။  

 သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..