
ကလေးတွေမှာ ရံဖန်ရံခါ ဖြစ်တတ်တဲ့ မတော်တဆမှု တစ်ခုပါပဲ။
ရဲ့အရေပြားဟာအလွန်နူးညံ့ပြီး ထိခိုက်လွယ်တဲ့အတွက်ကြောင့် တခြား
နဲ့ ယှဉ်လိုက်ရင် ရေနွေးပူလောင်တာဟာ ဝေဒနာဆိုးဆိုးရွားရွားဖြစ်စေနိုင်တဲ့အပြင်
ကျန်သည်အထိ ပြင်းထန်နိုင်ပါတယ်။ ရေနွေးပူလောင်တဲ့အခါမှာ ပြင်းထန်မှုအတိုင်းအတာပေါ် မူတည်ပြီးအိမ်မှာအလွယ်တကူ ကုသပေးလို့အဆင်ပြေသလို ဆရာဝန်ဆီအမြန်ဆုံး သွားရောက်ပြီး ကုသမှုခံယူဖို့လည်း လိုအပ်ပါတယ်။
ကလေးအပူလောင်ခံရနိုင်တဲ့အကြောင်းရင်း တရားခံတွေ
၁။ ပူလွန်းတဲ့ ရေနဲ
တဲ့အခါ၊ ရေပူကန်ထဲအချိန်ကြာမြင့်စွာ စိမ်တဲ့အခါ ၂။
၊ ရေနွေးကြမ်း ပူပူသောက်ရင်းနဲ့ လက်ပေါ်ကို မှောက်မိတဲ့အခါ ၃။ ပူနေတဲ့အစားအစာ၊အရည်တွေ လက်နဲ့ သွားထိမိတဲ့အခါ ၄။ ပူနေတဲ့ မီးဖို၊ ဒယ်အိုး၊ မီးပူအစရှိတဲ့ ပစ္စည်းတွေကို ကိုင်တွယ်ထိတွေ့မိတဲ့အခါ ၅။ ဓာတုဗေဒပစ္စည်းတွေအထူးသဖြင့်အယ်လ်ကိုဟော ပါဝင်မှု များတဲ့ ပစ္စည်းတွေ၊ ဆားကစ်ပေါက်နေတဲ့ ဘက်ထရီတွေ ထိမိတဲ့အခါ ၆။အစွန်းချွတ်ဆေးတွေအသားအရေနဲ့ ထိတွေ့မိတဲ့အခါ ၇။ လျှပ်စစ်ဓာတ်ကြိုးကို ကိုက်တာ၊ လျှပ်စစ်ပလပ်ခေါင်းထဲ လက်ထိုးထည့်ရာကနေ
ပီးအပူလောင်တာ ၈။ နေပူထဲအကာအကွယ်မပါပဲ ထွက်တဲ့အခါအစရှိသဖြင့် ကလေးအသားကိုအပူလောင်စေနိုင်တဲ့အကြောင်းရင်းတွေအများကြီး ရှိပါတယ်။
ပထမအဆင့်အပူလောင်ခြင်း
အရေပြားရဲ့အပေါ်ယံအလွှာကိုပဲ ထိခိုက်မိတဲ့အခြေအနေပါ။ မပြင်းထန်တဲ့အခြေအနေလို့လည်း ဆိုနိုင်ပါတယ်။အပူလောင်တဲ့နေရာမှာ နီရဲတာ၊ နာကျင်တာ၊အနည်းငယ်ရောင်တာမျိုး တွေ့ရတတ်ပြီးအရည်ကြည်ဖုမထွက်ပဲအသားခြောက်နေတတ်ပါတယ်။ ပုံမှန်အားဖြင့် ၃ရက်ကနေ ၆ရက်အတွင်းမှာ ပျောက်ကင်းသွားနိုင်ပြီးအပူလောင်တဲ့ ဒဏ်ရာပေါ်က ပျက်စီးနေတဲ့အရေပြားဟာ ၁ရက်၊ ၂ရက်အတွင်း ကွာကျသွားပါတယ်။
ဒုတိယအဆင့်အပူလောင်ခြင်း
အနည်းငယ်ပိုပြင်းထန်တတ်ပြီး
အပေါ်ယံအလွှာရဲ့အောက်ဘက်အထိပါ ထိခိုက်သွားတဲ့အခြေအနေဖြစ်ပါတယ်။အရည်ကြည်ဖုတွေ ထွက်လာမယ်။အလွန်နာကျင်ပြီး ဒဏ်ရာက နီရဲနေမယ်။အရည်ကြည်ဖုက ပေါက်ထွက်သွားတဲ့အခါ နီရဲရဲ ဒါမှမဟုတ် ပန်းနုရောင်လေး သမ်းနေပါတယ်။ ဒဏ်ရာပြင်းထန်မှုနဲ့အကြောင်းရင်းပေါ် မူတည်ပြီး ပျောက်ကင်းတဲ့အချိန်ကြာမြင့်နိုင်ပါတယ်။အနည်းငယ် ၃ပတ်နဲ့အထက်မှာမှ လုံးဝပျောက်ကင်းသွားနိုင်ပါတယ်။
တတိယအဆင့်အပူလောင်ခြင်း
အပူလောင်ခြင်းရဲ့အပြင်းထန်ဆုံးအဆင့်လို့ သတ်မှတ်ပြီး
ရဲ့အပေါ်ယံရောအောက်ဘက်ကအရေပြားတစ်သျှူးတွေအထိပါ ထိခိုက်မိတဲ့အခြေအနေပါ။အပူလောင်တဲ့ နေရာမှာ ခြောက်သွေ့ပြီး ဖယောင်းလိုဖြူစွတ်ပြီး ချောနေတာ၊ ကြမ်းတမ်းပြီးအညိုရောင်သမ်းနေတာ၊ မီးခိုးကျပ်တိုက်ထားသလိုအမည်းရောင်ဖြစ်နေနိုင်ပါတယ်။အရေပြားအောက်က သွေးကြောတွေကိုပါ ထိခိုက်မိသွားတဲ့အတွက်အစပိုင်းမှာ နာကျင်မှုအနည်းငယ်ပဲ ရှိတာ၊ လုံးဝမနာကျင်တာ၊ ထုံကျဉ်နေသလို ဖြစ်နိုင်ပါတယ်။ ပြင်းထန်မှုပေါ်မူတည်ပြီး ပျောက်ကင်းချိန် ကြာမြင့်နိုင်ပါတယ်။အကောင်းဆုံးကတော့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု ခံယူသင့်ပါတယ်။
အပူလောင်တဲ့အခါမှာ ဘာကိုအရင်ဆုံး လုပ်သင့်လဲ။
၁။ ကလေးကိုအပူလောင်စေတဲ့အရာနဲ့ ဝေးရာကို ခေါ်သွားပါ။ ၂။အပူလောင်နေတဲ့ နေရာမှာ ရှိနေတဲ့အဝတ်အစားတွေအကုန် ဖယ်ထုတ်လိုက်ပါ။ ၃။အပူလောင်ဒဏ်ရာပေါ် ရေအေး လောင်းချပါ။ ရေအေး ဆိုရာမှာ ရေခဲရေကိုအသုံးပြုလို့ မရပါဘူး။ ၄။ သန့်ရှင်းတဲ့အဝတ်အစို သန့်သန့်လေးနဲ့ ဒဏ်ရာပေါ် ၃မိနစ် ကနေ ၅မိနစ်ထိ ဖိထားပေးပါ။ ၅။ ရေခဲကိုအသုံးပြုတဲ့အခါ ထိခိုက်ထားတဲ့အရေပြားကို ပိုပြီး ပျက်စီးစေတဲ့အတွက်အသုံးမပြုသင့်ပါဘူး။ ၆။ ထောပတ်၊ ပေါင်ဒါမှုန့်၊ လိမ်းဆေးအဆီအစရှိသည်တို့ကို မလိမ်းပါနဲ့။ ဒဏ်ရာကို ပိုနက်စေပြီး ရောဂါပိုး ပိုပြီး ဝင်စေနိုင်ပါတယ်။ ၇။
နဲ့ လုပ်ထားတဲ့ ဂျယ်လ် ဒါမှမဟုတ် ခရင်မ်တစ်မျိုးမျိုး လိမ်းပေးပါ။ တစ်နေ့ကို ၂ကြိမ် ၃ကြိမ်လောက် လိမ်းပေးပါ။ ၈။ နာကျင်တာသက်သာစေဖို့ ibuprofen ပါဝင်တဲ့ ဆေးတွေကို တိုက်ပေးလို့ရပါတယ်။ ၉။အပူလောင်ထားတဲ့ နေရာကို သန့်ရှင်းအောင်ထားပါ။အပူလောင်ပြီး ၂၄နာရီအတွင်း ပိုးသတ်ထားတဲ့ ဂွမ်းနဲ့အုပ်ထားပါ။ ဒီအချက်တွေဟာ ပထမအဆင့်အပူလောင်ခြင်းအတွက်သာ ဖြစ်ပြီး ဒုတိယနဲ့ တတိယအဆင့် ပြင်းထန်တဲ့အပူလောင်ခြင်းတွေအတွက်အရေးပေါ်ဆေးခန်းကို သွားရောက်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဆေးရုံမရောက်ခင်၊ လူနာတင်ယာဉ် မရောက်ခင်မှာ ၁။ ကလေးကို လှဲထားပေးပါ။ ဒဏ်ရာဖြစ်နေတဲ့ နေရာကိုအပေါ်နည်းနည်း မြှင့်ထားပါ။ ၂။ ပထမအဆင့်မှာ ပြုစုခဲ့တဲ့ နည်းလမ်းတွေကို လိုက်နာပါ။ ၃။
တစ်ဝိုက်မှာ ရှိနေတဲ့ လက်ဝတ်ရတနာ၊အဝတ်အစားတွေအကုန်ဖယ်ရှားပေးပါ။ ၄။အရည်ကြည်ဖုတွေကို မပေါက်သွားစေဖို့ သတိထားပါ။ ၅။ ဒဏ်ရာပေါ်ကို ရေအေးနဲ့ ၃မိနစ် ကနေ ၅မိနစ်အထိ လောင်းချပေးပါ။ သန့်ရှင်းတဲ့အဝတ်နဲ့ ဒဏ်ရာကိုအုပ်ထားပြီး ဆေးရုံကိုအမြန်ဆုံးပို့ပေးပါ။
သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။