ဝိတ်တက်မြန်ပြီး ကြွက်သားတွေကျစ်လစ်ချင်သူတွေ စားပေးသင့်တဲ့အစားစာတွေ
trend.com.mm
|
2019-01-24




ဝိတ်ကျချင်သူတွေရှိသလို ဝိတ်တက်ချင်တဲ့သူတွေလည်း ရှိပါတယ်နော်။ ဘာစားစားမဝလို့
စိတ်ညစ်နေပါသလား။အကုန်စားတိုင်း ဝတာမဟုတ်ပါဘူး။ တချို့သရေစာမုန့်တွေက ဝိတ်တက်
အောင် မထောက်ပံ့ပေးနိုင်လို့ပါ။ ဒါကြောင့် ကျန်းမာရေးနဲ့ ကိုက်ညီပြီး ဝိတ်တက်မြန်စေမယ့်
အစားစာတွေကို ပြောပြပေးမယ်နော်။


အရိုးဆစ်သန်မာစေပြီးအားပြည့်ဖို့အတွက် နွားနို့





နွားနို့မှာ ပရိုတိန်းဓာတ် ၊အဆီဓာတ်နဲ့ ကာဗွန်ဟိုက်ဒရိတ်အပြည့်ဝပါဝင်ပါတယ်။အခြား ဗီတာမင်ဓာတ်တွေလည်း ပါဝင်ပါသေးတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့ နွားနို့သောက်ရင် ကြွက်သားတွေ ကျစ်လစ်အောင်တည်ဆောက်ပေးပါတယ်။ ပဲနို့ထက်တောင် သူကပိုပြီးထိရောက်မှုရှိပါတယ်။ တကယ်လို့ လေ့ကျင့်ခန်းမလုပ်ဖြစ်ဘူးဆိုရင်လည်း ထမင်းစားပြီးတာနဲ့ နွားနို့ ၁ (သို့) ၂ ခွက်သောက်ပေးပါ။


အိမ်လုပ် ပရိုတိန်း စမုတီ







စမုတီအမျိုးမျိုးရှိပါတယ်။ တစ်ချို့က ဒီဖျော်ရည်ကို ဝိတ်ချတဲ့အခါ သောက်ကြသလို ဝိတ်တက်အောင်လည်း လုပ်သောက်လို့ရပါတယ်။ ကိုယ်တိုင်အိမ်လုပ်စမုတီ သောက်ချင်တယ်ဆိုရင် ..


Chocolate banana nut shake
နွားနို့ နှစ်ခါက် ၊ ငှက်ပျောသီး တစ်လုံး ၊ ချောကလက်မှုန့် တစ်ဇွန်း ၊ မြေပဲ (သို့)အခြား ထောပတ်တို့ကိုရောပြီး ဖျော်သောက်နိုင်ပါတယ်။


ထောပတ်သီး





ထောပတ်သီးဟာ ကျန်းမာစွာ ဝိတ်တက်ဖို့အတွက် ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီအသီးမှာ ကျန်းမာရေးအတွက်အလွန်အသုံးဝင်ပြီး ကယ်လိုရီ ပါဝင်နှုန်းက ၃၃၂ ၊အဆီဓာတ်ကတော့ ၂၉ဂရမ် နဲ့အမျှင်ဓာတ်၁၇ဂရမ် ပါရှိပါတယ်။ ဗီတာမင် ( C, E , K ) တို့လည်း ပါဝင်ပါတယ်။ သူ့ကို ဆလပ်(သို့) ဆန်းဒွစ်တို့နဲ့တွဲဖက်စားနိုင်ပါတယ်။


ဝက်သား ၊အမဲသား





ဝက်သားနဲ့အမဲသားဟာ ဝိတ်လည်းတက်စေပြီး ကြွက်သားတည်ဆောက်ရမှာလည်း ပိုမြန်စေပါတယ်။ သူ့မှာ ကြွက်သားတည်ဆောက်ဖို့ လိုအပ်တဲ့အဆီ၊ တစ်ရှူးဓာတ်တွေနဲ့ ပရိုတိန်းတွေ ပြည့်ဝစွာပါဝင်ပါတယ်။အလွန်ကျွံစားရင်တော့ ကျန်းမာရေးနဲ့မညီပါဘူး။


ဆယ်လမွန်ငါး





ပရိုတိန်းဓာတ် ပြည့်ပြည့်ဝဝ ပါဝင်တဲ့ နောက်ထပ်အစားစာကတော့ ဆယ်လမွန်ငါးပဲဖြစ်ပါတယ်။
တူနာလည်း ကောင်းပါတယ်။ ကြွက်သားတွေကျစ်လစ်စေရုံမကပဲ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း
အကျိုးပြုနိုင်ပါတယ်။ သူ့ကို ထမင်း ၊အသီးရွက်တွေနဲ့ ရောစားပေးပါ။




Some text some message..