ဆီးက ပြောပြနေတဲ့ သင့်ကျန်းမာရေး ။  ။
hellosayarwon.com
|
2019-01-26

 

တို့

တို့ဆိုတာ လူ့ကိုယ်ခန္ဓာရဲ့ စွန့်ပစ်ပစ္စည်းတွေဆိုပေမယ့်လည်း သူတို့က

အတွက်အရေးကြီးတဲ့အရာတွေပါ.။ ဝမ်းတို့ ဆီးတို့ကောင်းပါမှ ခေါင်းတစ်လုံး မခဲမှာ ဆိုတဲ့ စကားတွေ ကြားဖူးကြတယ်မလား ။ ဆေးရုံ ဆေးခန်းတွေမှာလည်း ရောဂါ ရှာဖွေဖို့အတွက်

ကတယ်လေ။ ဒါဆို ဆီးအရောင်၊အနံ့၊ ဆီးအကျဲအပျစ်တို့က သင့်ကျန်းမာရေးကို ဘယ်လိုပြောပြမှာလဲ ။  ။

ဆီးအရောင်။ ။
အဝါဖျော့ရောင် - ပုံမှန် ဆီးအရောင်ဟာအဝါဖျော့ရောင်ဖြစ်နေရပါမယ်။ ရေအများကြီးသောက်ထားတဲ့အခါမျိုးမှာဆို ရေကြောင့် ဆီး  ဘာအရောင်မှ မရှိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ပန်းရောင် ( ဒါမှမဟုတ်)အနီရောင် - မုန်လာဥနီ၊

တို့လိုအရောင်ရင့်တဲ့အသီးအနှံတွေ စားတဲ့အခါ ဆီးအရောင်က ပန်းရောင်လေး သန်းနေတတ်ပါတယ်။  rifampin လိုမျိုး ပဋိဇီဝ ပိုးသတ်ဆေးတို့၊

တဲ့အခါသောက်ရတဲ့ phenazopyridine တို့ကြောင့်လည်း ဆီးအရောင် ပန်းရောင် သန်းတတ်ပါတယ်။ ဆီးအရောင်အနီရောင်ဖြစ်နေတဲ့အခါမျိုးဆိုရင်

ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီမှာ သေချာသွားစစ်ကြည့်သင့်ပါတယ်။ ဆီးထဲသွေးပါတယ်ဆိုတာ ကျောက်ကပ်ရောဂါ၊ ဆီးလမ်းကြောင်းထဲ ပိုးဝင်တာနဲ့၊

တို့ ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် မပေါ့ဆတာအကောင်းဆုံးပါ။ လိမ္မော်ရောင် -  ချဉ်လွန်းတဲ့ ဖျော်ရည်တွေ၊

ဖြည့်စွက်အားဆေးတွေ၊ ဆီးလမ်းကြောင်းပိုးဝင်ရင် သောက်ရတဲ့  phenazopyridine ၊ နဲ့ ပဋ္ဋိဇီဝ ပိုးသတ်ဆေးတစ်မျိုးဖြစ်တဲ့ isoniazid တို့ကြောင့်လည်း ဆီးအရောင် လိမ္မော်ရောင် ပြောင်းသွားနိုင်ပါတယ်။ ဒါ့ပြင်အသည်းနဲ့

လမ်းကြောင်းဆိုင်ရာ ပြဿနာတွေကြောင့်လည်း ဆီးအရောင် ပြောင်းနိုင်ပါသေးတယ်။ အပြာ ( သို့မဟုတ်)အစိမ်းရောင် - သင်စားလိုက်တဲ့အစားအသောက်တွေထဲမှာအပြာရောင်ပါတာမျိုး၊ မေ့ဆေး တစ်မျိုးဖြစ်တဲ့ propofol နဲ့ ပန်းနာရင်ကြပ်ဖြစ်တဲံသူတွေ သောက်တဲ့ promethazine ဆေးကြောင့်လည်း ဆီးအရောင်အပြာရောင် ပြောင်းသွားနိုင်ပါတယ်။

ဆီးအမြုပ်ထခြင်း ။ ။
ဆီးအရောင်က ပုံမှန်ဖြစ်နေပေမယ့်လည်း

ါနေတာမျိုး၊ ဆီးနောက်နေတာမျိုးတွေက သင့်မှာ

ပြဿနာ ရှိနေပြီဆိုတာကို ပြောချင်တာဖြစ်ပါတယ်။

ဆီးအနံ့ ။ ။
ပုံမှန် ဆီးအနံ့ က သိပ်မပြင်းတတ်ပါဘူး။ ဆာလ်ဖာ ဓာတ်ပေါင်းတွေပါတဲ့ ရေကညွန့်စားမိရင်၊

အားဆေးတွေ သောက်မိရင်လည်း ဆီးအနံ့ ပြင်းလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ သင် ရေသိပ်မသောက်တဲ့ နေ့တွေ မှာဆိုရင်လည်း ဆီးအရောင်ရင့်နေပြီးအနံ့လည်း ပြင်းနေတတ်ပါတယ်။

ဆီးက ပုံမှန် တစ်နေ့ဘယ်နှစ်ကြိမ်သွားသင့်တာလဲ ။ ။
ပုံမှန်ဆို လူတစ်ယောက်က တစ်နေ့ကို ၈ကြိမ်လောက်ထိ ဆီးသွားနိုင်ပါတယ်။ ဒါတွေက စားတဲ့သောက်တဲ့အပေါ်မှာလည်း မူတည်နိုင်ပါသေးတယ်။အထူးသဖြင်း ကဖင်းဓာတ်ပါတဲ့

တို့၊

ဘီယာတို့၊ သောက်တဲ့နေ့တွေဆို ဆီးအကြိမ်များများသွားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေအနေနဲ့လည်းအခြားသူတွေ ထက် ဆီးသွားရတဲ့အကြိမ် ပိုများနိုင်ပြီး ကိုယ်သောက်လိုက်တဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေအဖြစ် ဆီးသွားများတာလည်းဖြစ်နိုင်ပါတယ်။အပေါ် မှာ ပြောခဲ့သလိုမျိုးတွေ ဘာမှ မရှိဘဲနဲ့ ဆီးသွားများတယ်ဆိုရင် ဆီးလမ်းကြောင်းပိုးဝင်တာ၊ ဆီးချိုရောဂါ၊ ဆီးကျိတ်နဲပက်သက်တဲ့ရောဂါ၊ တွေနဲ့ ဆီးအိမ်ရောင်တဲ့ ရောဂါတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

ဆီးသွားရခက်နေတာ။ ဆီးသွားရငိ နာကျင်တာ။
ဆီးသွားရခက်နေတာ ဆီးသွားရင် နာကျင်နေတာမျိုးတွေ သင်ဖြစ်နေပြီးဆိုရင်တော့ သင့်မှာ

နေတာ၊
ဆီးလမ်းကြောင်းပိုးဝင်တာ

နေတာ တွေရှိနေနိုင်ပါတယ်။

ဆီးမထိန်းနိုင်တာ။
ပုံမှန် လူတစ်ယောက်ရဲ့ ဆီးအိမ်မှာအထိန်းကြွက်သားကောင်းကောင်းအလုပ်လုပ်နေသေးသရွေ့ ဆီးသွားချင်နေပေမယ့်ထိန်းထားလို့ ရပါတယ်။အသက်ကြီးလာတဲ့အခါမျိုး ၊အာရုံကြောအားနည်းတဲ့  ဝေဒနာ ခံစားနေရတဲ့  အခါမျိုးမှာဆိုအထိန်းကြွက်သားအားလျော့သွားတာကြောင့် ဆီးမထိန်းနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါတွေကတော့ ဆီးက ပြောပြနေတဲ့ သင့်ကျန်းမာရေးအခြေအနေတွေ ပဲဖြစ်ပါတယ်။ ဆီးသွားရတာ ကောင်းဖို့အတွက်ဆို ရေကအရေးအကြီးဆုံးပဲမို့ တစ်နေ့ကို ရေ ၃ ပုလင်း ( ဒါမှမဟုတ်) ရေ ၈ ဖန်ခွက်လောက်တော့ ပုံမှန် သောက်ပေးသင့်တယ်နော်။  ။

 သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။            




Some text some message..