
လူတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့
းနဲ့ပက်သက်တဲ့ ပြဿနာတွေ ဖြစ်ဖူးကြမှာပါ။ တစ်ချို့မျက်လုံး ပြဿာနာတွေက သူ့ဘာသာ ပျောက်သွားပေမယ့် တစ်ချို့ပြဿာနာတွေကတော့ မျက်လုံးဆရာဝန်ဆီမှာ သေချာသွားကုမှ ပျောက်တာမျိုးတွေရှိပါတယ်။ ရှိတာမှ ဒီမျက်လုံးလေးတစ်စုံမလား။ ဒီမျက်လုံးလေးမှာ ဖြစ်လိုက်တဲ့ ပြဿနာတွေကလည်း စုံလို့။ ကဲအဖြစ်အများဆုံး မျက်လုံး ပြဿာနာတွေက ဘာတွေလဲ ။ ။
Eyestrain ( မျက်လုံးညောင်းခြင်း)
စာအကြာကြီးဖတ်သူ၊
ကြည့်ပြီး အကြာကြီးအလုပ်လုပ်ရသူ၊ ကားအကြာကြီးမောင်းရသူုတိုင်း ခံစားဖူးတဲ့အရာပါ။အခြားကိုယ်ပေါ်ကအရာတွေလိုပါပဲ။
းကလည်းအကြာကြီးအလုပ်လုပ်ရရင် ပင်ပန်းတတ်ပြီး သူ့ကိုအနားပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာ ၁ နာရီလောက်ကြည့်ပြီးရင် မျက်လုံးကို ၁၀ မိနစ်ခန့် ပိတ်ထားပါ ( ဒါမှမဟုတ်) ၁၀ပေအကွာအဝေးလောက်မှာရှိတဲ့အရာတစ်ခုကို ၁၀ စက္ကန့်လောက်ကြည့်ပါ။ စိမ်းနေတဲ့အပင်တွေဆို ပိုကောင်းပါတယ်။
မျက်လုံးနီရဲခြင်း။ ။
မျက်လုံးရဲ့ မျက်နှာပြင်ဆိုတာ သွေးကြောမျှင်လေးတွေနဲ့ဖွဲ့စည်းထားတာဖြစ်လို့ သွေးကြောမျှင်လေးတွေဖောင်းလာစေတဲ့ မျက်လုံးထဲပိုးဝင်တာ
ာရောင်တာ၊
ှုတွေ ဖြစ်တဲ့အခါမျိုးမှာ မျက်လုံးနီနေတတ်ပါတယ်။ ဒါ့အပြင် မျက်လုံးညောင်းတာ၊ ညဘက်
တာ တွေကလည်း မျက်လုံးနီရဲစေတဲ့အကြောင်းတွေပါ။ တော်တေ်ာနဲ့ မပျောက်ရင်တော့ ဆေးခန်းသွားပြဖို့လိုပါတယ်။
Night Blindness ( ကြက်မျက်သင့်)
ရုပ်ရှင်ရုံလိုမျိုး မှောင်နေတဲ့ နေရာကို ဝင်ဝင်ချင်းမှာ ဘာမှ မမြင်ရဘဲ တဖြည်းဖြည်းမှအမှောင်ကိုကျင့်သားရပြီး ပတ်ဝန်းကျင်ကို မြင်လာရတာမျိုး လူတိုင်းဖြစ်ဖူးကြမှာပါ။
င့်ဝေဒနာခံစားနေရတဲ့ သူတွေကျတော့ ညဘက်မှောင်နေတဲ့အခါမျိုး၊အလင်းမှိန်တဲ့ နေရာတွေ ရောက်တဲ့အခါမျိုးဆို သူတို့ မြင်ရတဲ့ ပတ်ဝန်းကျင်က လုံးဝကိုအမှောင်အတိပါ။ ကြက်မျက်သင့်တာဆိုတာ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။
ချို့တဲ့တာရဲ့အဓိက လက္ခဏာတစ်ခုပါ။ မွေးရာပါကြက်မျက်သင့်ဝေဒနာခံစားရတဲ့သူတွေလည်း ရှိပါတယ်။
Lazy eye ( မျက်ကြောသေ ရောဂါ)
မျက်ကြောသေရောဂါဆိုတာ သန္ဓေသား ဘဝတည်းက မျက်လုံးကောင်းကောင်း မဖွံဖြိုးတဲ့အတွက်ကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ မျက်ကြောသေတယ်ဆိုတာ
း ၂ ဘက်လုံးမှာ ဖြစ်တယ်ဆိုတာရှားပါတယ်။ မျက်လုံး တစ်ဘက်ကို ပဲ ထိတာများပြီး ငယ်ငယ်တည်းက ကုသဖို့လိုအပ်ပါတယ်။
Strabismus ( မျက်စိစွေခြင်း)
တဲ့ ဝေဒနာကို လူတိုင်းသိကြမှာပါ။ သူကတော့ ကိုယ့်ကိုကြည့်ပြီး စကားပြောနေပေမယ့် သူမျက်လုံးကအခြားနေရာကို ရောက်နေမျိုးပေါ့။ မျက်လုံး ဆရာဝန်ဆီမှာ သေချာသွားပြမှာ ပျောက်တဲ့ ရောဂါမျိုးပါ။ ။
အရောင်တွေ မခွဲနိုင်တော့ခြင်း ။ ။
colorblind လို့လူတွေသိကြတဲ့အရောင်တွေကို မခွဲခြားနိုင်တဲ့ ရောဂါဟာ မျက်လုံးအတွင်းမှာရှိတဲ့အရောင်တွေကိုအာရုံခံတဲ့ colour cone cell တွေ ကောင်းကောင်းအလုပ်မလုပ်တာကြောင့် ဖြစ်ရတာပါ။ တစ်ချို့ဆိုးဆိုးဝါးဝါးဖြစ်တဲ့သူတွေမှာဆို ကြည့်လေရာ မီးခိုးရောင်ကြီးပဲ မြင်နေတတ်ပါတယ်။ မွေးရာပါဖြစ်တာများပါတယ်။အမျိုးသားတွေကပိုအဖြစ်များပြီး သူ့ကို ပျောက်အောင် ကုသနိုင်တာမျိုးတော မရှိသေးပေမယ့် ခုနောက်ပိုင်း
ကို ကောင်းအောင် ပြန်တည့်မတ်ပေးနိုင်တဲ့ မျက်မှန်ပေါ်လာပါပြီ။
Uveitis
မျက်လုံးအလယ်ပိုင်းမှာရှိတဲ့ သွေးကြောတွေအများကြီးရှိတဲ့ uveaအလွှာရောင်တာကို ခေါ်တာဖြစ်ပါတယ်။ မျက်လုံး တစ်ရှူးကိုထိခိုက်စေပြီး မျက်လုံးဆုံးရှုံးတဲ့အထိပြင်းထန်တဲ့ ဝေဒနာတစ်ခုပါ။ သူ့ရဲ့ လက္ခဏာတွေကတော့
လာတာ၊
င့်လာတာ၊ မျက်လုံးတွေနီရဲပြီးအလင်းရောင်ကို မခံနိုင်တော့တာတွေဖြစ်ပါတယ်။
Presbyopia( မျက်လုံးအနီးမှုန်လာတာ)
အသက် ၄၀ နောက်ပိုင်းမှာ ဖြစ်လာတဲ့အနီးမှာရှိတဲ့အရာတွေကို သေချာ မမြင်ရဘဲအဝေးမှာရှိနေတဲ့ အရာတွေကို သေချာရှငိးလင်းပြတ်သားစွာ မြင်ရတာကို ပြောတာဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာအနီးမြင်ရတဲ့ မျက်မှန်တွေတပ်တာမျိုး၊ ဆရာဝန်ဆီသွားပြပြီး ဆေးကုသမှု သေချာခံယူတာမျိုးတွေ လုပ်လို့ရပါတယ်။
Floaters ( မြင်ကွင်းထဲမှာ မီးခိုးရောင်အမျှင်တွေ ပေါ်နေတာ)
ကြည့်လေရာနေရာတိုင်းအထူးသဖြင့်အဖြူရောင်နံရံတွေကို ကြည့်လိုက်တိုင်း မြင်ကွင်းထဲမှာအမျှင်လေးတွေ ပြေးနေတာကို ပြောတာဖြစ်ပါတယ်။ Floaters တွေမြင်ရရင်သိပ်တော့စိုးရိမ်စရာ မရှိပေမယ့် ရုတ်တရက်ကြီး မြင်နေရတဲ့အမျှင်အရေအတွက်တွေများလာတာ၊ ကြည့်လိုက်တဲ့နေရာတိုင်းမှာ ကန့်လန့်ကာ ကာထားသလိုမျိုးဖြစ်နေပြီဆိုရင်တော့
ကွာကျတဲ့ လက္ခဏာဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီ သေချာသွားပြစေချင်ပါတယ်။
မျက်လုံးခြောက်ခြင်း။ ။
ကွန်ပျူတာအရမ်းသုံးတဲ့သူတွေ၊အဲယားကွန်းခန်းထဲမှာအနေများတဲ့ သူတွေ ကြုံတွေ့ရတဲ့အဖြစ်အများဆုံး ပြဿနာတစ်ခုပါ။ ခြောက်နေတဲ့ မျက်လုံးအတွက် မျက်စဉ်းဆေးတွေခတ်ပေးလို့ရပါတယ်။
မျက်ရည်တွေကျနေတာ။
အလင်းရောင်စူးစူးကို ကြည့်လိုက်တဲ့အခါမျိုး၊ လေအရမ်းတိုက်တဲ့အခါမျိုးမှာဆို မျက်လုံးတွေစပ်ပြီး မျက်ရည်ပူတွေကျလာတာမျိုး ခံစားကြဖူးကြမှာပါ။ ဒါတွေဟာ မျက်လုံးက သာမန်တုံ့ပြန်တာမျိုးဖြစ်ပေမယ့် မျက်ရည်ကြောင်းပိတ်တဲ့သူတွေနဲ့ မျက်လုံးထဲ ပိုးဝင်တဲ့သူတွေမှာလည်း မျက်ရည်တစ်ချိန်လုံး ကျနေတတ်ပါတယ်။
အတွင်းတိမ် ။ ။
ကြည့်လေရာနေရာတိုင်းမှာ တိမ်တွေဖုံးနေသလိုအုံ့ဆိုင်းဆိုင်းဖြစ်နေပြီဆိုရင်တော့ မျက်လုံးတိမ်စွဲနေပြီလို့ ပြောလို့ရပါတယ်။ မျက်လုံးရဲ့ မှန်ဘီလူးမှာ ဖြစ်တတ်တဲ့
ပါ။ မျက်လုံးကို နာကျင်စေတာ၊ မျက်လုံးနီရဲစေတာ၊ မျက်ရည်ပူကျစေတာမျိုးတွေ မရှိ ဘဲအသံတတ်နဲ့ တဖြည်းဖြည်းချင်းရောက်လာတတ်မျိုးပါ။
ရေတိမ် ။ ။
မျက်လုံးကို တစ်ခုခုထိခိုက်မိတာ၊ မျက်လုံးသွေးကြောတွေ ပိတ်တာ၊ မျက်လုံးရောင်တာတို့ကြောင့် ဖြစ်တတ်တဲ့
ပါ။ မျက်လုံးထဲ ဖိအားတွေများလာပြီး နောက်ဆုံး မျက်လုံးအကြောကို သွားထိတတ်လို့သေချာကုသသင့်တဲ့ ရောဂါတစ်ခုပါ။ ဒါတွေကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ မျက်လုံးနဲ့ ပက်သက်တဲ့ရောဂါတွေ ပဲဖြစ်ပါတယ်။ မျက်လံးုဆိုတာလည်း ကိုယ်ခန္ဓာအစိတ်အပိုင်းတွေထဲမှာအရေးကြီးတဲ့အရာတစ်ခုဖြစ်တာကြောင့် ကိုယ့်မျက်လုံးလေးကို သေချာ ဂရုစိုက်ပေးဖို့လိုတယ်နော် ။ ။
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။