တောင်အာဖရိက ဂျက်ဇ်ဂစ်တာပညာရှင်ဖြစ်တဲ့ မူဆာမန်ဇီနီ (Musa Manzini) ဦးနှောက်မှာ ဖြစ်ပွားနေတဲ့ အကြိတ်ကို အပြီးသတ်ခွဲစိတ်မှုခံယူဖို့ Awake craniotomy လို့ခေါ်တဲ့ နိုးထလျက် ဦးနှောက်ခွဲစိတ်မှုကို သတ္တိရှိရှိခံယူခဲ့ပြီး ခြောက်နာရီကြာခွဲစိတ်မှုဟာ အပြီးသတ်အောင်မြင်သွားခဲ့ပါတယ်။ အကြောင်းကတော့ သူ့ရဲ့ လက်ချောင်းတွေ ပြန်လည်လှုပ်ရှားနိုင်ပြီး အရင်လို ဂစ်တာပြန်လည်တီးခတ်နိုင်အောင် ကူညီပေးဖို့ပါပဲ။
သူဟာ ခွဲစိတ်မှုရဲ့အရေးပါတဲ့လုပ်ဆောင်မှုအနေနဲ့ ထုံဆေးသာခံယူပြီး ခွဲစိတ်နေစဉ်အတွင်း ဂစ်တာကို ဖြည်းဖြည်းချင်းတီးခတ်နေခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ တောင်အာဖရိကရဲ့ ဦးနှောက်နဲ့အာရုံကြော ခွဲစိတ်ပါရဂူအဖွဲ့ရဲ့ ပြောင်မြောက်တဲ့စွမ်းဆောင်မှုလည်း ဖြစ်ပါတယ်။
ဆရာဝန်တွေဟာ သတိကြီးစွာနဲ့ အန္တရာယ်များတဲ့ ဦးနှောက်ခွဲစိတ်မှုကို လုပ်ဆောင်ခဲ့ရတာဖြစ်ပြီး ဦးနှောက်အကြိတ်နဲ့ သာမန်ဦးနှောက်တစ်ရှူးကို ခွဲခြားရခက်တာကြောင့် သူတီးခတ်နေတဲ့ ဂစ်တာသံမှားယွင်းသွားမှုဟာ ဆရာဝန်တွေအတွက် အကြိတ်ဖယ်ရှားရှာမှာထိရောက်ဖို့ အရေးပါတဲ့အချက်ပြအထောက်အကူပြုမှုလည်း ဖြစ်ခဲ့တာပါ။
ခြောက်နာရီကြာခွဲစိတ်မှုမှာ လန်ဇီနီရဲ့ အသိစိတ်အာရုံခံစားမှုနဲ့ ကြွက်သားတွေကို အဓိကထိန်းချုပ်ရတဲ့ဦးနှောက်အပိုင်းကို ထိခိုက်မှုမဖြစ်ရအောင်နဲ့ လေဖြတ်တုံ့ဆိုင်းမှု မကြုံတွေ့ရအောင် အဓိကထား ခွဲစိတ်ပေးခဲ့ရတာ ဖြစ်ပါတယ်။
ခွဲစိတ်မှုအောင်မြင်ပြီးနောက်မှာတော့ ဆုရဂစ်တာပညာရှင်ကြီး လန်ဇီနီဟာ အပြည့်အဝ ပြန်လည်ကျန်းမာလာတာနဲ့ ဂစ်တာပြန်တီးနိုင်ဖို့၊ ဖျော်ဖြေမှုပြန်လုပ်န်ိုင်ဖို့ မျှော်လင့်နိုင်စွမ်း ရှိခဲ့ပြီဖြစ်သလို သူ့ရဲ့ စိတ်ဆန္ဒပြည့်ဝသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါကြောင့် ဝမ်းသာဖွယ်ရာသတင်းတစ်ခုအဖြစ် မျှဝေပေးလိုက်ရပါတယ်။
Ref: BBC “Jazz guitarist Musa Manzini plays through brain surgery”
AI (ရိုးရာလေး)