မိန်းကလေးတိုင်းအတွက်သဘာဝလို့ဆိုနိုင်သလို ဝန်ထုတ်ဝန်ပိုကြီးတစ်ခုလိုလည်းဖြစ်စေတဲ့ ဓမ္မတာလာခြင်းမှာတစ်ချို့သောမိန်းကလေးတွေကမခံမရက်နိုင်အောင်နာကျင်ခံစားတတ်ကြပါတယ်။ ဒီလိုနာကျင်ခြင်းသက်သာအောင်ဘယ်လိုနည်းလေးတွေသုံးကြည့်သင့်လဲဆိုတာ…
1. ပုံမှန်သွေးအားတိုးဆေးတစ်ခုစွဲသောက်ပေးပါ
တစ်ချို့သောမိန်းကလေးတွေကတော့ရာသီသွေးဆင်းတဲ့အချိန်မှာနာကျင်ကိုက်ခဲခြင်းမရှိပေမဲ့တစ်ချို့မိန်းကလေးတွေကတော့အရမ်းကို ဗိုက်တွေအောင့်ခါးတွေကိုက်ရင်သားတွေတင်းပြီးနေရခက်တတ်ကြပါတယ်။အဆိုးဆုံးကတော့ ခါးကိုက်ပြီးဗိုက်အောင့်တာပါပဲ။ မခံမရပ်နိုင်အောင်ဆီးစပ်ကနေအောင့်တတ်ကြပါတယ်။ ဒီလိုတွေဖြစ်တတ်တဲ့သူဟာ ရာသီလာတဲ့အချိန်ဖြစ်စေ မလာသေးတဲ့အချိန်ဖြစ်စေနေ့စဉ်မှန်မှန်သွေးအားတိုးဆေးတစ်ခုသို့အမျိုးသမီးရောဂါအတွက်သင့်တော်မဲ့ဆေးတစ်မျိုးကိုစွဲသောက်သင့်ပါတယ်။ ဖြစ်တော့မှာအကိုက်ခဲပျောက်ဆေး တွေ ဗိုက်အောင့်သက်သာစေတဲ့ဆေးတွေ သောက်မဲ့အစား သွေးအားတိုးဆေးလို့ဆေးမပြင်းတဲ့အရာမျိုးကို ပုံမှန်စွဲသောက်ပေးခြင်းဖြင့်တကယ်လာတဲ့အချိန်မှာနာကျင်ကိုက်ခဲမှုကိုလျော့ကျစေပါတယ်။
2. ဆေးပူလိမ်းပြီးဗိုက်မှောက်အိပ်ပါ
အာ့လိုအချိန်မှာခြေဖျားလက်ဖျားနဲ့ဗိုက်တွေခါးတွေကို ဆေးပူပူနဲ့လိမ်းပြီးမှောက်အိပ်တာမျိုး၊ ရေနွေးအိတ်ကိုဆီးစပ်နားကိုကပ်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် ခါးကိုက်တာ ဗိုက်အောင့်တာသက်သာစေပြီး ခန္ဓာကိုယ်ကိုအနွေးဓာတ်ရစေတာမို့ သွေးစီးဆင်းမှုအားပိုကောင်းစေပါတယ်။
3. သွေးအားကောင်းတဲ့အစားစာတွေများများစားပေးပါ
ဒီလိုချိန်မှာသွေးအားကောင်းစေမဲ့အစားစာတွေကိုများများစားပေးပါ။အစားကောင်းကောင်းဝင်မှသွေးအားကောင်းလာနိုင်ပြီး သွေးအားကောင်းနိုင်မှလည်း ဗိုက်အောင့်ခြင်း၊ခါးကိုက်ခြင်းတွေကင်းဝေစေမှာမို့ သွေးအားကောင်းစေတဲ့အစားအစာတွေများများစားပေးပါ။
4. လာခံနီးတစ်ပတ်လောက်အလိုမှာ ချဉ်ငန်စပ်စားတာလျော့ပါ
လာနေတုန်းရှောင်ရင်ရတာပဲလို့မလုပ်ကြပါနဲ့။ လာခံနီးတစ်ပတ်လောက်အလိုမှာအချဉ်အစပ်တွေမျာ တရားစားထားမိပြီဆိုရင် ဓမ္မတာလာတဲ့အချိန်မှာအဲ့ဒဏ်ကို ခံရပြီသာမှတ်ပါ။
5. ဂျင်းပြုတ်ရည် သောက်ပေးပါ
ဂျင်းပြုတ်ရည်ပူပူလေးကိုကျိုပြီးသောက်ပေးသင့်ပါတယ်။ ဂျင်းပြုတ်ရည်သောက်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းကို ပူနွေးသွားစေတာကြောင့် သွေးလည်ပတ်မှုအားကိုပိုကောင်းစေပြီးရာသီသွေးကို ဆင်းသင့်သလောက်ဆင်းစေပါတယ်။
Unicode
မိန်းကလေးတိုင်းအတွက်သဘာဝလို့ဆိုနိုင်သလို ဝန်ထုတ်ဝန်ပိုကြီးတစ်ခုလိုလည်းဖြစ်စေတဲ့ ဓမ္မတာလာခြင်းမှာတစ်ချို့သောမိန်းကလေးတွေကမခံမရက်နိုင်အောင်နာကျင်ခံစားတတ်ကြပါတယ်။ ဒီလိုနာကျင်ခြင်းသက်သာအောင်ဘယ်လိုနည်းလေးတွေသုံးကြည့်သင့်လဲဆိုတာ…
1. ပုံမှန်သွေးအားတိုးဆေးတစ်ခုစွဲသောက်ပေးပါ
တစ်ချို့သောမိန်းကလေးတွေကတော့ရာသီသွေးဆင်းတဲ့အချိန်မှာနာကျင်ကိုက်ခဲခြင်းမရှိပေမဲ့တစ်ချို့မိန်းကလေးတွေကတော့ အရမ်းကို ဗိုက်တွေအောင့်ခါးတွေကိုက်ရင်သားတွေတင်းပြီးနေရခက်တတ်ကြပါတယ်။ အဆိုးဆုံးကတော့ ခါးကိုက်ပြီးဗိုက်အောင့်တာပါပဲ။ မခံမရပ်နိုင်အောင်ဆီးစပ်ကနေအောင့်တတ်ကြပါတယ်။ ဒီလိုတွေဖြစ်တတ်တဲ့သူဟာ ရာသီလာတဲ့အချိန်ဖြစ်စေ မလာသေးတဲ့အချိန်ဖြစ်စေနေ့စဉ်မှန်မှန်သွေးအားတိုးဆေးတစ်ခုသို့ အမျိုးသမီးရောဂါအတွက်သင့်တော်မဲ့ဆေးတစ်မျိုးကိုစွဲသောက်သင့်ပါတယ်။ ဖြစ်တော့မှာ အကိုက်ခဲပျောက်ဆေး တွေ ဗိုက်အောင့်သက်သာစေတဲ့ဆေးတွေ သောက်မဲ့အစား သွေးအားတိုးဆေးလို့ဆေးမပြင်းတဲ့အရာမျိုးကို ပုံမှန်စွဲသောက်ပေးခြင်းဖြင့်တကယ်လာတဲ့အချိန်မှာနာကျင်ကိုက်ခဲမှုကိုလျော့ကျစေပါတယ်။
2. ဆေးပူလိမ်းပြီးဗိုက်မှောက်အိပ်ပါ
အာ့လို အချိန်မှာခြေဖျားလက်ဖျားနဲ့ဗိုက်တွေခါးတွေကို ဆေးပူပူနဲ့လိမ်းပြီးမှောက်အိပ်တာမျိုး၊ ရေနွေးအိတ်ကိုဆီးစပ်နားကိုကပ်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် ခါးကိုက်တာ ဗိုက်အောင့်တာသက်သာစေပြီး ခန္ဓာကိုယ်ကို အနွေးဓာတ်ရစေတာမို့ သွေးစီးဆင်းမှုအားပိုကောင်းစေပါတယ်။
3. သွေးအားကောင်းတဲ့အစားစာတွေများများစားပေးပါ
ဒီလိုချိန်မှာသွေးအားကောင်းစေမဲ့ အစားစာတွေကိုများများစားပေးပါ။ အစားကောင်းကောင်းဝင်မှသွေးအားကောင်းလာနိုင်ပြီး သွေးအားကောင်းနိုင်မှလည်း ဗိုက်အောင့်ခြင်း၊ခါးကိုက်ခြင်းတွေကင်းဝေစေမှာမို့ သွေးအားကောင်းစေတဲ့အစားအစာတွေများများစားပေးပါ။
4. လာခံနီးတစ်ပတ်လောက်အလိုမှာ ချဉ်ငန်စပ်စားတာလျော့ပါ
လာနေတုန်းရှောင်ရင်ရတာပဲလို့မလုပ်ကြပါနဲ့။ လာခံနီးတစ်ပတ်လောက်အလိုမှာ အချဉ်အစပ်တွေမျာ တရားစားထားမိပြီဆိုရင် ဓမ္မတာလာတဲ့အချိန်မှာ အဲ့ဒဏ်ကို ခံရပြီသာမှတ်ပါ။
5. ဂျင်းပြုတ်ရည် သောက်ပေးပါ
ဂျင်းပြုတ်ရည်ပူပူလေးကိုကျိုပြီးသောက်ပေးသင့်ပါတယ်။ ဂျင်းပြုတ်ရည်သောက်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းကို ပူနွေးသွားစေတာကြောင့် သွေးလည်ပတ်မှုအားကိုပိုကောင်းစေပြီးရာသီသွေးကို ဆင်းသင့်သလောက်ဆင်းစေပါတယ်။