
နှလုံးရောဂါအကြောင်း လူတိုင်းကြားဖူးကြပါတယ်။ ဒါပေမဲ့ ကွဲကွဲပြားပြား သိသူတို့များလှမယ် မဟုတ်ပါဘူး။ နှလုံးရောဂါလို့ တစ်မျိုးတည်းဆိုကြပေမယ့်ရောဂါအနေနဲ့အများအပြား ဖြစ်နေတတ်တယ်။ ရင်တုန် တာလည်း နှလုံးရောဂါပါပဲ။နှလုံးအတွင်း လျှပ်စစ်အချက်ပြများသွားလာရာအာရုံကြောတွေ ဖောက်ပြန်လျှင်ဖြစ်တတ်တယ်။အဆိုးဆုံးကတော့ နှလုံးရောဂါဖောက်တာပါ။ Heart Attack လို့အသုံးများပါတယ်။ နှလုံး တိုက်ခိုက်ခံရတယ်လို့လည်းအချို့ တိုက်ရိုက် ဘာသာပြန်တာလည်း ဖတ်ဖူးတယ်။ ဒီအနေအထားဟာ နှလုံးကြွက်သားတွေအကြောင်းတစ်စုံတစ်ရာ ကြောင့် သွေးလေမရတော့တဲ့အတွက် နှလုံးကြွက်သား ဒဏ်ရာရတာကြောင့်ဖြစ်တတ်တယ်။အထူးသဖြင့် နှလုံးသွေးကြောအဆီပိတ် တာကြောင့် ဖြစ်တတ်ကြတယ်။ သွေးတွေတွန်းပို့နေရတဲ့ နှလုံးသွေးငတ်တယ်ဆိုတာ ရေရှိပြီး ရေငတ်နေသလိုပဲလို့ စဉ်းစားကျပ်မယ် ထင်ပါတယ်။ တကယ်တော့ နှလုံးလည်းအင်္ဂါတစ်ခုပါ။ သူ့ကို သွေးလေထောက်ပံ့ပေးမယ့် သွေးကြောတွေ သီးသန့်ရှိကြတယ်။ နှလုံးခန်းတွေထဲရှိ ညှစ်ပို့နေရတဲ့သွေးတွေက နှလုံးကြွက်သားတွေအတွက်အသုံးမတည့် ပါဘူး။ နှလုံးသွေးကြောနဲ့ နှလုံးကြွက်သားတွေဆီ ရောက်လာတဲ့သွေးတွေကသာ လိုအပ်တဲ့အာဟာရလေ ဓာတ်တွေ ပေးဝေနိုင်တာပါ။ နှလုံးကိုထောက်ပံ့ပေးနေတဲ့သွေးကြောအတွင်းအနည်ကျအဆီပိတ်လာပြီဆိုရင် နှလုံးသွေးကြော ကျဉ်းတဲ့ပြဿသနာလာပါပြီ။ သိသာလာမှာက ရင်ဘတ်အောင့်လာတတ်တယ်။ တစ်ခါတလေ ဘယ်ဘက်ပခုံးအောင့်လာတတ်တယ်။အခြေအနေဆိုးလွန်းလာရင် ရင်ဘတ်အောင့်ရာကသတိလစ် သေဆုံးသွားတတ်ပါတယ်။ နှလုံးရောဂါဖောက်တာပါ။ နှလုံးသွေးကြော သိပ်မကျဉ်းရင် ကျဉ်းနေတဲ့ သွေးကြောအတွင်းနေရာမှာ ဆန်ကာပိုက်ထည့်ပြီး ကျား ကန်ကာ သွေးကြောပိတ်နေအောင် ပြုလုပ်ကုသပေးနိုင်တယ်။သိပ်ကျဉ်းလာပြီဆိုရင်တော့ပိတ်နေတဲ့ သွေး ကြောနေရာကိုလွန်ပြီး သွေးကြောတစ်ခုနဲ့ သွေးပို့ပေးတဲ့ ခွဲစိတ်ကုသမှု Bypass Surgury ပြုလုပ်နိုင်တယ်။ ဒါကအသုံးများနေတဲ့ ကုထုံးပါ။ ဒီလို ခွဲစိတ်ကုသနိုင်ဖို့ပိတ်တဲ့နေရာကို ကျော်ပြီး သွေးပို့ပေးနိုင်တဲ့အတွက်အစားထည့်ဖို့ သွေးကြောလိုလာတယ်။ ဒီသွေးကြောကို ပိတ်ဆို့နေတဲ့ နှလုံးသွေးကြော ပိတ်ဆို့နေတဲ့နှလုံးသွေးကြော ရှိရာနေရာ၊ ပိတ်ဆို့မှုအတိုင်းအဆ၊ နှလုံးသွေးကြောအရွယ်အစားပေါ်မူတည်ပြီး ရင်ဘတ်ထဲမှာ သွေးကြော၊ ခြေထောက် ဒါမှမဟုတ် လက်မှသွေးကြောတို့ကိုအသုံးပြုတတ်ကြတယ်။ ဒီသွေးကြောတစ်ခုခုကို ဖြတ်တောက်ယူလိုက် ကြလို့လည်း ဘာပြသနာမပေးတတ်ပါ။အသုံးအများဆုံးအနေနဲ့ ရေရှည်ရလဒ်ကောင်းရနေတဲ့ သွေးကြောက ရင်ဘတ်အတွင်းရှိတဲ့ သွေး လွှတ်ကြောပါ။ များသောအားဖြင့် ယင်းသွေးကြောရဲ့အစနေရာကို နဂိုနေရာအတိုင်းထားပြီးအဖျားဖက်ကို ဖြတ်ကာ ပိတ်ဆို့နေတဲ့နေရာအလွန် နှလုံးသွေးကြောမှာ သွားဆက်ပေးမှာဖြစ်တယ်။လေသန့်ဓာတ်ကြွေဝတဲ့သွေးတွေကို နှလုံးထပ်ပို့ပေးနိုင်မှာဖြစ်ပြီး ရင်ဘတ်ထဲရှိ သွေးလွတ်ကြောဖြစ်လို့ ရင်ဘတ်ဖွင့်လက်စ တစ်ခါ တည်း ခွဲစိတ်မှုပြီးမြောက်နိုင်တယ်။ နောက်တစ်နည်းကခြေထောက်သွေးပြန်ကြောကို ဖြတ်တောက်ရယူပြီး ပိတ်ဆို့နေတဲ့ နှလုံးသွေး လွှတ်ကြောမှာ လမ်းလွှဲအဖြစ် တပ်ဆင်ပေးကြမှာပါ။ ဖြတ်တောက်ယူထားတဲ့သွေးပြန်ကြောတစ်ဖက်ကို သွေးလွှတ်ကြောမမှာ တပ်ဆင်ပြီး ကျန်တစ်ဘက်ကို ပိတ်ဆို့နေတဲ့ နှလုံးသွေးလွှတ်ကြောနေရာအလွန်မှာ တပ်ဆင်ပေးရတယ်။ ဒါမှသွေးလွှတ်ကြောမမှသွေးများပိတ်ဆို့နေတဲ့ နေရာကိုကျော်ပြီး နှလုံးကို ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် လက်မှသွေးလွှတ်ကြောတစ်ချောင်း Radial Artery ကို ရယူပြီး လမ်းလွှဲ ဖောက်ပေးနိုင်ပါ သေးတယ်။ လက်တစ်ဖက်တည်းမှာပင်သွေးလွှတ်ကြောနှစ်ချောင်းရှိပါတယ်။ လူအများစုမှာ လက်သန်း ဘက်တစ်လျှောက်သွေးလွှတ်ကြော Ulnar Artery တစ်ခုတည်းက ထောက်ပံ့နေတဲ့သွေးနဲ့တင် လုံလောက် လေ့ရှိတယ်။ ဒါကြောင့် ကျန်သွေးလွှတ်ကြောတစ်ချောင်းကို ဖြတ်ယူပြီးနှလုံးလမ်းလွှဲ လမ်းကြောင်းအဖြစ်အသုံးပြုနိုင်တယ်။ တံတောင်ဆစ်အောက်ဘက်နှစ်လက်မလောက်ကနေ လက်ကောက်ဝတ်အထက် တစ် လက်မလောက်ထိအရေခွံကိုခွဲကာ သွေးကြောထုတ်ယူရတယ်။ ဒီလိုနှလုံးခွဲစိတ်ပြီးတဲ့အခါ လက်ကောက် ဝတ်မှာ ထုံကျင်တာမျိုးအချို့ခံစားရတယ်လို့ဆိုပ်တယ်။ ရေရှည်ခံစားတာကတော့ သိပ်မဖြစ်တတ်ပ်ဘူး။အစာအိမ်နားက သွေးလွှတ်ကြောကိုလည်း သုံးလို့ရပါသေးတယ်။ ဒါပေမဲ့ သုံးလေ့သိပ်မရှိပါဘူး။ ဒါကအစား ထိုးလမ်းလွှဲပေးမယ့် သွေးကြောအကြောင်းပါ။ခွဲစိတ်ကုသပုံ နည်းလမ်းကလည်းအမျိုးမျိုးရှိပါတယ်။ ပုံမှန်ခွဲစိတ်ကုသနေကျက နှလုံးအဆုတ် စက်သုံးပြီး ခွဲစိတ်ခံနှလုံးကိုအခုန်ရပ်စေကာ လမ်းလွှဲတတ်လေ့ရှိပါတယ်။ Traditional Heart By-pass Surgery လို့အမည်ပေးထားကြတယ်။ ရင်ညွှန့်ရိုးအလယ်တစ်လျှောက် ခြောက်လက်မမှ ရှစ်လက်မထိ ခွဲစိတ်ဖွင့်ရပါတယ်။ ခွဲကြောင်းနေရာမှ နှလုံးပေါ်လာတဲ့အထိ ကိရိယာအကူအညီအနေနဲ့ ဆွဲဖြဲထားရတယိ။ နှလုံးကို ရပ်စေပြီးမှ ခွဲစိတ်ရတာကြောင့် နှလုံးရဲ့ သွေးညှစ်ရတဲ့တာဝန်ကို နှလုံးအဆုတ်စက်အသုံးပြုပြီး လမ်းလွှဲလုပ်ဆောင်စေရပါတယ်။ နှလုံးအခုန်ရပ်သွားတဲ့အခါ လမ်းလွှဲသွေးကြော တပ်ဆင်ကြရတယ်။ ခွဲစိတ်ချိန်လေးနာရီခန့် ကြာမြင့် တတ်ပြီး နှလုံးသွေးကြော ခွဲစိတ်တပ်ဆင်နေစဉ် နာရီဝတ်မှ တစ်နာရီခွဲကြာ နှလုံးကို ရပ်ထားရလေ့ ရှိတယ်။ လမ်းလွှဲသွေးကြော တပ်ဆင်ပြီးရင်နှလုံးပြန်ခုန်အောင် နှိုးပေးကြရတယ်။ နှလုံးပြန်ခုန်ပြီဆိုမှ ဆွဲဖြဲဖွင့်ထားတဲ့ ရင်ညွှန့်ရိုးကို ပြန်စေ့ကာ သီးသန့်ကြိုးနဲ့ ပြန်ချည်နှောင်ရတယ်။ ရင်ဘတ်ကိုပြန်ချုပ်ပေးကြရတယ်။ နည်းပညာအဆင့်မြင့်လာသောအခါ ခုန်နေဆဲနှလုံးမှာပဲလမ်းလွှဲသွေးကြော တပ်ဆင်ပေးနိုင်လာ တယ်။ Offoume Heart Bypass Surgery လို့အမည်ပေးထားတဲ့ ကုထုံးပါ။ ခုန်နေတဲ့နှလုံးမှာပဲ ခွဲစိတ်တာ ကြောင့် နှလုံးအဆုတ်စက် သုံးစရာမလိုပါဘူး။အဆင့်မြင့် ခွဲစိတ်ကိရိယာကိုသုံးပြီး သွေးကြောဆက်မယ့်နှလုံးအစိတ်အပိုင်း ကွက်ကွက်နေရာလေးကိုသာ ငြိမ်နေအောင်ထိန်းထားမှာပါ။ နှလုံးရဲ့ ကျန်အစိတ်အပိုင်းတို့ လှုပ်ရှားပြီး သွေးတွန်းပို့နေပြီးမှာ ဖြစ်ပါတယ်။ခုန်နေတဲ့နှလုံးကို ခွဲစိတ်မှုဟာ လူနာတိုင်းမှာတော့ ပြုလုပ်လေ့ မရှိသေးပါဘူး။ နှလုံးအဆုတ်စက်အသုံးပြုတဲ့အခါအန္တရာယ်ပေးနိုင်တဲ့အနေအထားရှိနေသူတွေမှာ သီးသန့်သုံးတဲ့ကုထုံးပါ။ သွေးလွှတ်ကြောမကြီးမှာ ထုံးအနယ် ထိုင်အဖတ်တွေ ရှိနေသူတွေ Aortic Calcification သွေးကြောရောဂါ ရှိနေသူတွေ ဦးနှောက်ဆီသွားတဲ့ သွေးလွှတ်ကြော ကျဉ်းမြောင်းနေသူတွေ၊ ကျောက်ကပ်ရောဂါရှိသူတွေမှာ ဒီနည်းနဲ့ ကုသပေးတတ်ကြတယ်။ နှလုံးသွေးကြောလမ်းလွှဲ ခွဲစိတ်ကုသမှု ၂၀ ရာခိုင်နှုန်းမှာ ဒီကုသထုံးကို သုံးကြတယ်။အဆင့်မြင့်ဆုံး ကုထုံးကတော့ သုံးလက်မလောက်ပဲ ခွဲဖွင့်ဖို့လိုတဲ့Minimally Invasive Heart Bypass Surgery နည်းဖြစ်တယ်။အထူးသဖြင့် ရင်ခေါင်းတွေ သွေးလွှတ်ကြောသုံး လမ်းလွှဲတပ်ဆင်တဲ့ ခွဲစိတ်ကုသမှုမျိုးမှာပါ။ ပိုးသေးတဲ့ သော့ပေါက်ခွဲစိတ်မှုကို စက်ရုပ်လက်တံတွေအသုံးပြုခွဲစိတ်ကြရတဲ့ ကုထုံးမျိုးလည်းရှိပါသေးတယ်။ ဒိကုထုံးတွေမှာတော့ ဒဏ်ရာသေးလို့အမာရွက်ငယ်စေပါတယ်။ နာလန် ထချိန် ပိုမြန်တဲ့အတွက် ဆေးရုံးမှာ သုံးရက်ခန့်ပဲနေရတတ်ပါတယ်။ နှလုံးအဆုတ်စက်သုံး ကုထုံးမှာတော့ တစ်ပတ်လောက်ထိဆေးရုံမှာ နေရလေ့ရှိတယ်။ ဒဏ်ရာသေးလို့ သွေးထက်နည်းမယ်။ ရောဂါပိုးဝင်မယ်အခြေအနေ နည်းပါးစေပါတယ်။ ဘယ်ကုထုံး သုံးမလဲဆိုတာကိုတော့နှလုံးရောဂါ သဘာဝလူနာရဲ့ ကျန်းမာရေးအနေအထားပေါ် မူတည်ပြီး ဆရာဝန်တွေက ဆုံးဖြတ်အကြံပေးကြမှာပါ။ Ref: ဒေါက်တာမြင့်သန်း (သန္ဓေသား)သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။