
အသက် ၁၂ နှစ်အရွယ်သာ ရှိသေးတဲ့ ချာတိတ်တစ်ဦးဟာ သူ့ရဲ့ လိင်အင်္ဂါထဲကို သံလိုက်ဂေါ်လီလုံး ၃၉ လုံးကိုအတွဲလိုက် ထည့်ခဲ့တာကြောင့် ဆီးလမ်းကြောင်း ပိတ်ဆို့ပြီးအရေးပေါ် ဆေးရုံတင်ခဲ့ရပါတယ်။
တရုပ်နိုင်ငံ ဟူဘေပြည်နယ် ဝူဟန်မြို့က ၁၂ သားလေးကို ဇန်ဝါရီလ ၁၃ ရက်နေ့က ဆေးရုံပို့ခဲ့ရပါတယ်။ ဆရာဝန်တွေက ဘာဖြစ်တာလဲလို့ မေးတဲ့အခါ သူက တစ်ခုခုကိုမျိုချမိခဲ့တယ်လို့ ပြန်ဖြေပါတယ်။ ဒါနဲ့ပဲ ဆီးလမ်းကြောင်းဆိုင်ရာ ဆရာဝန် ဒေါက်တာဝမ်ဂျွန်က ဓာတ်မှန်ရိုက် စစ်ဆေးကြည့်တဲ့အခါ ပေါ်လာတဲ့အဖြေကြောင့် သူကိုယ်တိုင် ထိတ်လန့်သွားခဲ့ပါတယ်။
ကလေးရဲ့ လိင်တံထဲမှာ ပုတီးစေ့အရွယ် သံလိုက်ဂေါ်လီလုံးတွေ ယူပုံစံအတိုင်း တွေ့ခဲ့ရလိုဖြစ်ပါတယ်။အဲဒီနောက် ခွဲစိတ်ပြီး ပြန်ထုတ်ပေးခဲ့ရာမှာ ဂေါ်လီ ၃၉ လုံး ရှိတာကို ထပ်မံအံ့သြခဲ့ရပြန်ပါတယ်။ ဒီတစ်ခါ ထပ်မေးတော့မှ သူက စူးစမ်းလိုစိတ်နဲ့ သူ့ရဲ့ လိင်တံထဲကို ဂေါ်လီလေးတွေ တစ်လုံးပြီးတစ်လုံး ကိုယ်တိုင်ထည့်ခဲ့တယ်လို့ ဆိုပါတယ်။
ခွဲစိတ်ပြီးနောက် ပြန်လည်ကျန်းမာလာပြီး ယခုဆိုရင် ပုံမှန်အတိုင်း ဆီးသွားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။