နေကောင်းလားမေးရင် နေကတော့ကောင်းပါတယ်။ ဟိုနားက တခုခုဖြစ်လိုက်၊ ဒီနားကတမျိုးဖြစ်လိုက်နဲ့ ဘာရောဂါအမျိုးအမည်တပ်ရမှန်းမသိအောင်အူကြောင်ကြောင်ဖြစ်ရပါတယ်။ နေမကောင်းဖြစ်တာလည်းမဟုတ်၊ ဆရာဝန်သွားပြရင်တောင် ပြောပြရခက်တဲ့ လက္ခဏာအစုံတွေ ကိုယ့်မှာရှိနေတာမျိုး။ လူ့ခန္ဓာကိုယ်ရဲ့
ဟာ တကိုယ်လုံးကိုဖြန့်ကြက်ထားတာမို့အရမ်းကိုအရေးပါပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်ကလည်း လှုပ်ရှားမှုကအစ ဦးနှောက်ဉာဏ်ရည်တွေအထိကို သက်ရောက်မှုကြီးမားတာမို့အာရုံကြောစနစ်ကျန်းမာနေဖို့ လိုပါတယ်။အာရုံကြောအားနည်းနေပြီဆို လူက တကယ်ကို ပေါက်ကရတွေဖြစ်ပြီးအလုပ်လုပ်နိင်စွမ်းတွေထိခိုက်ပါလိမ့်မယ်။
အာရုံကြောအားနည်းရင် ဘယ်လိုလက္ခဏာတွေဖြစ်လာတတ်လဲ
ထုံကျဉ်တာ ခြေတွေ၊လက်တွေ ထုံကျဉ်တာ ဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်းမဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာ နေရခက်ပါတယ်။ ဗီတာမင် B12အားနည်းခြင်းကအာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။Crohn's ရောဂါ သို့မဟုတ် တခြားအူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
ပိုချမ်းတတ်တာ အရင်ကဆို မှုလောက်မှာမဟုတ်တဲ့အအေးဓာတ်လောက်ကိုအခုမှအရမ်းချမ်းတတ်နေတာမျိုး။ နည်းနည်းအေးတာနဲ့ ကိုယ်က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆို သွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းထဲမှာ B12 ဓာတ်မလုံလောက်လို့ သွေးနီဥတွေ နည်းတာဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေအေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။ ဦးနှောက်လုပ်ဆောင်ချက်တွေ ကမောက်ကမဖြစ်တာ စိတ်ဓာတ်ကျတာ၊အာရုံရှုပ်ထွေးတာ ၊ မေ့တတ်လာတာ၊အာရုံစူးစိုက်မရတာတွေက B12အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။ အားနည်းတာ လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ခေါင်းမူးတယ်ဆိုရင်အာရုံကြောအားနည်းတာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီးအားဆေးသောက်သင့်သောက်ရပါမယ်။
နှလုံးခုန်မြန်တာ
နှလုံးခုန်မြန်တာလည်းအာရုံကြောအားနည်းတဲ့လက္ခဏာထဲမှာပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး တို့ကနေ ဗီတာမင် B12 ရရှိနိုင်ပါတယ်။ B12 ချို့တဲ့တယ်ဆိုရင် သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊အာရုံကြောထိခိုက်ခြင်းနဲ့တခြားပြင်းထန်တဲ့ရောဂါတွေဖြစ်လာစေနိုင်ပါတယ်။
ပါးစပ်အနာ
း သို့မဟုတ် လျှာမှာအနာလေးတွေဖြစ်လာတယ်ဆိုရင် B12အားနည်းတာ၊ သွေးအားနည်းခြင်း သို့မဟုတ် တခြားရောဂါအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်နေနိုင်ပါတယ်။
ဗိုက်ပြဿနာ ခံတွင်းပျက်တာ၊အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီးအားဆေးထိုးသင့် ထိုးရပါမယ်။
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ