
သွားတယ်ဆိုတာ ပုံမှန် ကိုယ်လုပ်နေကျအရာတွေထဲက တစ်ခုဖြစ်ပေမယ့် သူက ကိုယ့်ရဲ့ ကျန်းမာရေးကို တစ်ထောင့်တစ်နေရာကနေ ဖော်ပြနေတဲ့အရာတစ်ခုပါ။ ငယ်စဉ်တည်းက လုပ်နေတဲ့အလုပ်တစ်ခုဖြစ်တာကြော့င် လူတွေက သူနဲ့ ပက်သက်ပြီး ထွေထွေထူးထူး တွေးလေ့မရှိပါဘူး။
းဆိုတာ ကောင်းတဲ့ ဘက်တီးရီးယားရော မကောင်းတဲ့ ဘက်တီးရီးယားရော ပေါင်းစုံရှိတဲ့နေရာတစ်ခုပါ။ ဝမ်းတစ်လုံးကောင်းမှ ကျန်းမာရေးကောင်းမှာ ဖြစ်တာကြောင့်ကိုယ့်ဝမ်းက ပြောပြနေတဲ့ သင့်ကျန်းမာရေးအကြောင်းကို နားလည်ဖို့တော့ လိုပါတယ်။ ။
ဝမ်းအရောင် ။ ။
ဝမ်းအရောင်ဆိုတာ သင့်စားလိုက်တဲ့အစားအသောက်တွေပေါ် မူတည်ပြီး ပြောင်းလဲတတ်တဲ့အရာတစ်ခုပါ။
ပုံမှန်ဝမ်းအရောင်က ဝါညိုရောင်လေးဖြစ်နေရပါမယ်။
- မဲနေပြီး စေးကပ်တဲ့အနံ့ပြင်းတဲ့ဝမ်းသွားနေပြီဆိုရင်တော့ သင့်
မှာ သွေးတွေ ထွက်နေတယ်ဆိုတဲ့ သဘောပါ။ ထွက်လာတဲ့ သွေးနဲ့အက်ဆစ်နဲ့ ဓာတ်ပြုပြီး ဝမ်းအရောင်မဲရတာဖြစ်ပါတယ်။ ဘဲသွေး၊ ကြက်သွေးတွေစားမိတာ၊အနက်ရောင် ဘယ်ရီသီးတွေ စားမိတာ
အားဖြည့်ဆေးသောက်နေတာ တို့ကလည်း သင့်ဝမ်းအရောင်ကို မဲစေတဲ့အကြောင်းအရင်းတွေပါ။ ။ အနီရောင်ဝမ်း - ဝမ်းအရောင်က ချင်းချင်းနီနေတဲ့အရောင်ဖြစ်မယ်ဆိုရင် ဒါဟာအူအောက်ပိုင်း ပြဿနာတွေ ကြောင့် ဖြစ်နိုင်ပါတယ်။
တို့၊အစာဟောင်းအိမ်တို့ စအို တို့မှာ ဖြစ်နေတဲ့ ပြဿနာတွေကြောင့် ဝမ်းမှာ သွေးပါပြီး ဝမ်းအရောင်အနီရောင်ဖြစ်သွားတတ်ပါတယ်။
ဝမ်းအဖြူရောင် -အဖြူရောင်ဝမ်းတွေ သွားနေပြီဆို သင့်သည်းခြေမှာ ပြဿနာရှိနေပြီ ဆိုတာ ပြတာပါ။။ သည်းခြေရည်တွေ လုံလောက်စွာ မထွက်တာကြောင့် ဝမ်းအရောင်အဖြူရောင်ဘက်ကိုလိုက်သွားတာ ဖြစ်ပါတယ်။ တစ်ခြား ဖြစ်နိုင်တဲ့အကြောင်းအရာတွေကတော့ ဝမ်းကိုက်ပိုးဝင်ပြီး ဝမ်းအရောင် ရွံ့စေးရောင် ပြောင်းသွားတာနဲ့ နဂါးမောက်သီးအဖြူရောင် တွေကြောင့်လည်း သင့်ဝမ်းအရောင် ဖြူဖျော့သွားတတ်ပါသေးတယ်။
ဝမ်းအစိမ်းရောင် - သင်စားတဲ့အစားတွေထဲမှာအစိမ်းရင့်ရောင်အစားအစာတွေ မပါဘဲနဲ့ ဝမ်းအရောင်အစိမ်းရင့်ရောင်သွားပြီဆို ဒါ သင့်သည်းခြေ လမ်းကြောင်းမှာ ပြဿနာရှိနေပြီဆိုတာကို ပြောချင်တာပါ။
ဝမ်းပုံစံ ။ ။
ပုံမှန် ဝမ်းတစ်ခုဟာအရမ်းကြီးလည်း ပျော့မနေသင့်သလို ကျောက်စရစ်ခဲလိုလည်း မာမနေသင့်ပါဘူး။
ာတွေ၊
တို့မှာ ဝမ်းအတုံးက ရှည်မျောမျော ပိန်သွယ်သွယ်ဖြစ်နေတတ်ပါတယ်။ ဝမ်းမှာအဆီတွေ များနေတာ - ဝမ်းသွားတဲ့အခါမှာ ပုံမှန်ဆိုအဆီတွေ ဝေ့မနေသင့်ပါဘူး။ ဒီလိုဝမ်းမှာအဆီတွေဝေ့နေတယ်ဆိုတာ စားလိုက်တဲ့အဆီတွေကို ကိုယ်ခန္ဓာကနေ ကောင်းကောင်းမစုပ်တော့တဲ့အခါမျိုးမှာ ဖြစ်နိုင်ပါတယ်။ မုန့်ချိုအိတ်ရောင်နေတဲ့ ပြဿနာနဲ့
သာက်ထားတာတွေက ဝမ်းမှာအဆီဝေ့ခြင်းကို ဖြစ်စေတဲ့အကြောင်းတရားတွေပါ။
ဝမ်းက ရေပေါ်ပေါ်နေတတ်တာမျိုးတွေ ကြုံဖူးမှာပါ။ ဒါဟာ ဝမ်းထဲမှာ gas တွေ များနေလို့ဖြစ်ရတာပါ။ ဝမ်းရေပေါ်မှာပဲ ပေါ်ပေါ်၊ ရေထဲမှာပဲ မြုပ်မြုပ် ပြဿာနာတော့ မရှိပါဘူး။
ဝမ်းအနံ့ ။ ။
ဝမ်းအနံ့က မွှေးတယ်လို့ ပြောတာ တစ်ခါမှ မကြားဖူးပါဘူး။ ဒါဟာ ဝမ်းထဲမှာပါတဲ့
းတွေ ကြောင့် ဖြစ်ရတာပါ။
အစာမကြေဘဲ သွားတဲ့ဝမ်းဟာ စိမ်းရွှင်ရွှင်အနံ့ကြီးဖြစ်နေတတ်သလို
ဝမ်းထဲ သွေးပါပြီး သွားတဲ့ ဝမ်းမဲမဲတွေရဲ့အနံ့ကလည်း တစ်ခါရဖူးရင် တစ်သက် မမေ့လောက်စရာပါပဲ။
ဝမ်းအနံ့က ပုပ်အဲ့အဲ့ဖြစ်နေပြီဆိုရင်တော့ ဒါအူလမ်းကြောင်းထဲမှာ ပိုးဝင်နေတယ်ဆိုတာကို ပြောချင်တာပါ။ ဝမ်းအကြောင်းပြောရင် ဝမ်းချုပ်တာနဲ့ ဝမ်းလျှောတာကို ချန်ခဲ့လို့မရပါဘူး။
ဝမ်းချုပ်ခြင်း ။ ။
တယ်ဆိုတာကလည်း တကယ်ကို ခေါင်းခဲရတဲ့ ကိစ္စတစ်ခုပါ။
တယ်လို့ ပြောဖို့ဆို တစ်ပါတ်ကို ၃ ကြိမ်အောက်ပဲ ဝမ်းသွားရမယ့်အပြင် မာကျစ်ပြီး ညှစ်တိုင်းလည်း မထွက်တဲ့ဝမ်းကြောင့် ဝမ်းသွားဖို့ကို ကြောက်နေတတ်ကြပါတယ်။
လုံလောက်စွာမစားလို့၊ ရေများများမသောက်လို့၊ ကိုယ်လက်လှုပ်ရှားမှု မလုပ်လို့ဖြစ်လာရတဲ့ ဝမ်းချုပ်ခြင်းဟာ သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့်အပြင် သူ့ကြောင့်
၊
စတဲ့ ဆိုးဆိုးဝါးဝါး ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။ ဝမ်းလျှောခြင်း ။ ။ ဝမ်းဆိုတာ မာလွန်းရင်လည်း မကောင်းသလို ဝမ်းပျော့ပျော့တွေ သွားြ့ပန်ရင်လည်း ပုံမှန် မဟုတ်တဲ့အရာပါ။
လွန်းရင်လည်း စိတ်ညစ်ရသလို ဝမ်းလျှောပြန်ရင်လည်း စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ မသန့်တာတွေ စားမိတာ၊အူလမ်းကြောင်းပိုးဝင်တာတွေက ဝမ်းလျှောကိုအများဆုံးဖြစ်စေတဲ့အကြောင်းတွေပါ။ ပေ့ါ့ပေါ့ဆဆ နေမိရင်ေ
ပြီးအသက်သေဆုံးတဲ့အထိ ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါဟာ သေချာ ဂရုစိုက်သင့်တဲ့အရာတစ်ခုပါ။ ဒါကြောင့် ဆီးတို့၊ ဝမ်းတို့ဆိုတာ ကိုယ်ခန္ဓာရဲ့ စွန့်ပစ်ပစ္စည်းတွေ ဖြစ်ပေမယ့်လည်း သင့်ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲဆိုတာကို ပြောပြနေတာကြောင့် သူတို့ ပြနေတဲ့အချက်တွေ ကို ကိုယ့်ဘက်က နားလည်ထားဖို့ လိုပါလိမ့်မယ် ။ ။
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။