အံဆုံးသွားနှုတ်တာနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ
hellosayarwon.com
|
2019-02-10

သွားနဲ့ ပတ်သက်ပြီး လူတွေအမေးများတဲ့အရာတွေကတော့ ဘယ်အချိန်မှာ နှုတ်သင့်လဲ၊ ဘာကြောင့် နှုတ်သင့်လဲ၊ နှုတ်ဖို့ လိုအပ်လားအစရှိသဖြင့်ပါပဲ။အံဆုံးသွားဟာ

ရဲ့ နောက်ဆုံးဘက်ခြမ်းမှာ ထွက်လာတတ်ပြီး များသောအားဖြင့်အသက် ၁၇ နှစ်မှ ၂၅ နှစ်အတွင်းမှာ ပေါက်တတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ နှုတ်စရာမလိုပေမယ့် တချို့သောအကြောင်းရင်းတွေကြောင့် သွားဆရာဝန်က နှုတ်ဖို့အကြံပေးလာနိုင်ပါတယ်။

အံဆုံးသွား နှုတ်သင့်တဲ့အကြောင်းရင်းတွေက ဘာတွေလဲ။
၁။ သမားရိုးကျ မပေါက်တဲ့အခါမျိုး (ဥပမာ - မေးရိုး၊ သွားဖုံးကြားထဲမှာ ညှပ်မိနေပြီးအလွန်နာကျင်နေတဲ့အခါ) မှာ နှုတ်သင့်ပါတယ်။ ၂။အံဆုံးသွားဟာ သွားဖုံးဘေးကနေ ချော်ထွက်ပြီး ပေါက်လာတာ၊ သူ့အရှေ့မှာရှိတဲ့ သွားတွေကို ပွတ်တိုက်နေမိတဲ့အခါမျိုးမှာ နှုတ်ဖို့ လိုအပ်ပါတယ်။ ၃။ ပါးစပ်ကျဉ်းတဲ့သူတွေမှာ မေးရိုးပိုပြီး သေးတဲ့အတွက်

းထပ်ပေါက်ဖို့ နေရာမရှိတော့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ၄။အံဆုံးသွားပေါက်တဲ့ နေရာကအနောက်ကိုရောက်လွန်းနေတဲ့အခါ

၊ သွားပွတ်ကြိုးနဲ့ သန့်ရှင်းရေးလုပ်လို့ မရတာကြောင့် သွားနဲ့

းကျန်းမာရေးပြဿနာတွေ ဖြစ်လာပြီဆိုရင် နှုတ်ဖို့ သွားဆရာဝန်ကအကြံပေးပါလိမ့်မယ်။

အံဆုံးသွားမနှုတ်ခင် ဘာအရင်လုပ်သင့်လဲ။
၁။အသက် ၁၆ နှစ် ကနေစပြီး ၆လ တစ်ကြိမ် သွားဆရာဝန်နဲ့ ပြသပြီး စစ်ဆေးကြည့်သင့်ပါတယ်။ ၂။အံဆုံးစပေါက်တာနဲ့ နှုတ်ဖို့ မလိုအပ်သေးပါဘူး။ နာကျင်တာ၊ နေရထိုင်ရခက်တာ၊ တခြားသွားနဲ့ သွားဖုံးတွေကို ပွတ်တိုက်မိနေတာ၊

လုပ်ရခက်တဲ့အခြေအနေမျိုးမှာမှ နှုတ်ဖို့ ဆရာဝန်ကအကြံပေးပါလိမ့်မယ်။ ၃။ ကိုယ့်မှာ ရှိတဲ့ ကျန်းမာရေးပြဿနာတွေ၊ ပုံမှန်သောက်နေတဲ့ ဆေးတွေရှိရင် ကြိုပြောထားပါ။ ၄။အံဆုံးသွားကို ခွဲစိတ်ပြီး မဖယ်ရှားခင် သိချင်တဲ့ မေးခွန်းတွေကို ကြိုမေးထားပါ။ ၅။ သွားရဲ့အခြေအနေပေါ်မူတည်ပြီ

၊ ထုံဆေး ပေးဖို့လိုမလားဆိုတာကို တိုင်ပင်ပါ။ ၆။ သွားနှုတ်ဖို့အတွက် ကျောင်း၊အလုပ်ကနေ ခွင့်ယူထားပါ။ ၇။ သွားနှုတ်မယ့်အကြောင်းကို မိဘ၊အုပ်ထိန်းသူတွေကို ပြောပြထားပါ။

အံဆုံးသွားနှုတ်ရင် ဘယ်လောက်ကြာနိုင်လဲ။
အသေးစားခွဲစိတ်မှု ဖြစ်တာကြောင့် ၄၅ မိနစ်ထက်တော့ ပိုပြီး မကြာနိုင်ပါဘူး။အရင်ဆုံး

၊ မေ့ဆေး ထိုးပြီးတာနဲ့ စတင်ခွဲစိတ်မှာပါ။ ကိုယ့်သွားရဲ့အခြေအနေပေါ်မူတည်ပြီး သွားနှုတ်တဲ့အခါ လွယ်ကူတာရှိသလို မြန်မြန်လည်း ပြီးနိုင်ပါတယ်။

အံဆုံးသွားနှုတ်ပြီးတဲ့အခါ ဘာတွေလုပ်ဖို့ လိုမလဲ။
ထုံဆေး၊ မေ့ဆေး ပြယ်သွားပြီဆိုရင် နာကျင်မှုကို စတင်ခံစားရမှာ ဖြစ်တဲ့အတွက်အနာသက်သာအောင် လုပ်ဖို့ လိုပါတယ်။ ခွဲစိတ်ပြီးကာစ ရက်ပိုင်းအတွင်းမှာ ပါးရောင်တာ၊အနည်းငယ် နေရ၊ ထိုင်ရခက်တာ ကြုံလာနိုင်ပါတယ်။ လုံးဝပျောက်ကင်းသွားဖို့ ရက်သတ္တပတ်အနည်းငယ် စောင့်ရနိုင်ပါတယ်။

ပီးကာစမှာ ပိုးသတ်ထားတဲ့ ဂွမ်းကို ခွဲစိတ်ထားတဲ့ နေရာပေါ် ဖိကိုက်ထားပါ။ ဆရာဝန်ပြောထားတဲ့အတိုင်း ဂွမ်းကို လဲပေးပါ။ ၂ကြိမ်၊ ၃ကြိမ်လောက်ဆို လုံလောက်ပါပြီ။

သွားနှုတ်ပြီး ၃ရက်အတွင်း ဆောင်ရန်၊ ရှောင်ရန်များ
၁။ ရောင်တာ၊အသားအရောင်ပြောင်းတာ၊ နာကျင်တာ သက်သာစေဖို့ ရေခဲဝတ် ကပ်ထားပါ။ ၂။ မေးရိုးကို လေ့ကျင့်ခန်းလုပ်ပေးဖို့ ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၊ ပိတ်လိုက် လုပ်ပါ။ ၃။ ပျော့နေသောအစာ (

၊ ဆန်ပြုတ်) ကိုပဲ စားပေးပါ။ ၄။အရည်များများသောက်ပါ။ ၅။ ခွဲစိတ်ပြီး ဒုတိယမြောက်နေ့မှာမှ သွားတိုက်ပါ။ ခွဲထားတဲ့ သွားဖုံးနေရာကို မထိမိစေဖို့ ဂရုစိုက်ပါ။ ၆။ ဆရာဝန်ပေးထားတဲ့ သောက်ဆေးတွေကို သေချာ သောက်ပါ။ ၇။အဖျားတက်တာ၊ နာတာ၊ ရောင်တာ မကျဘူးဆိုရင် ဆရာဝန်နဲ့ ပြန်သွားပြပါ။ ၈။ ပိုက်နဲ့ စုပ်သောက်တာမျိုး လုံးဝမလုပ်ရပါဘူး။ ၉။ ပါးစပ်ကို ပလုပ်ကျင်းတဲ့အခါ ဖြည်းညင်းစွာ လုပ်ဖို့ လိုပါတယ်။ ဆားငန်ရည်နဲ့ ပလုပ်ကျင်းပေးနိုင်ရင်အကောင်းဆုံးပါပဲ။ ၁၀။ ပူလွန်း၊ မာလွန်းတဲ့၊ ဝါးရခက်တဲ့၊ စေးကပ်တဲ့အစားအစာတွေ ရှောင်ပါ။ ၁၁။ ဆေးလိပ်၊အရက် လုံးဝရှောင်ထားပါ။  

 သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..