ပိန္ဒဲသီးကို လူအများစုက နှစ်သက်စွာစားသုံးကြသလို ပိန္ဒဲသီးစေ့ကိုလည်း ကြိုက်ကြပါသေးတယ်။ပိန္ဒဲသီးစေ့ကို မီးဖုတ်ပြီးစားတတ်ကြသလို
ပြုတ်ပြီးတော့လည်း စားကြပါတယ်။ကိုယ်တွေကတော့ ပိန္ဒဲသီးရော ပိန္ဒဲသီးစေ့ကိုရော ဒီအတိုင်းအရသာကြိုက်လို့စားလိုက်တာဆိုပေမဲ့ ပိန္ဒဲသီးစေ့မှာ
ဒီလိုအံ့အားသင့်စရာကောင်းကျိုးတွေရှိနေတယ်ဆိုတာ သိခဲ့ရပါတယ်။
*သွေးအားနည်းခြင်းကို ကာကွယ်ပေးတယ်
ပိန္ဒဲသီးစေ့မှာ သံဓာတ်ကြွယ်ဝတဲ့အတွက် သွေးအားနည်းတတ်သူတွေ စားပေးသင့်ပါတယ်။ဒါ့အပြင် ပိန္ဒဲသီးစေ့စားပေးတာဟာ ခန္ဓာကိုယ်အတွင်းစနစ်
ကောင်းမွန်အောင်ကူညီပေးနိုင်တဲ့သွေးနီဥဆဲလ်တွေထုတ်လုပ်မှုကို တိုးတက်ကောင်းမွန်စေတယ်လို့သိရပါတယ်။
*အစာခြေစနစ်ကို ကောင်းမွန်စေတယ်
ဆေးပညာရှင်တစ်ချို့ရဲ့အဆိုအရ ပိန္ဒဲသီးစေ့ဟာအစာခြေစနစ်ကိုအထောက်အကူပြုတဲ့အမျှင်ဓာတ်ကြွယ်ဝတာကြောင့်
ဝမ်းချုပ်တာနဲ့တစ်ခြားအစာခြေစနစ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုသပေးနိုင်တယ်လို့သိရပါတယ်။
*သွေးကြောထုံးခြင်းမဖြစ်အောင် ကာကွယ်ပေးတယ်
လေ့လာချက်တွေအရ ပိန္ဒဲသီးအစေ့ဟာ သွေးကြောထုံးခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ပုံမှန်အတိုင်းသွေးလည်ပတ်စီးဆင်းနိုင်အောင်
ကူညီပေးနိုင်ကြောင်းသိရပါတယ်။
*အမြင်အာရုံကောင်းမွန်စေ
ပိန္ဒဲသီးစေ့မှာအမြင်အာရုံတိုးတက်ကောင်းမွန်စေတဲ့ ဗီတာမင်အေ ပါဝင်နေပါတယ်။မျက်စိအမြင်အာရုံကောင်းမွန်စေသလို မျက်စိအတွင်းတိမ်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ကြောင်းလေ့လာတွေ့ရှိရပါတယ်။
*အရေးအကြောင်းမဖြစ်အောင်ကာကွယ်ပေးနိုင်
သူများတွေအရေးအကြောင်းဖြစ်နေချိန် ကိုယ့်မှာ နုပျိုလှပနေစေဖို့ ပိန္ဒဲသီးစေ့က ကူညီပေးနိုင်ပါတယ်။ပိန္ဒဲသီးစေ့မှာအရေးအကြောင်းဖြစ်ခြင်းကို
တိုက်ထုတ်ပေးနိုင်တဲ့ antioxidant တွေပါဝင်နေပါတယ်။ပိန္ဒဲသီးစေ့တစ်စေ့ကိုကြိတ်ချေပြီး နွားနို့နဲ့ရောစပ်ကာ ခပ်ပျစ်ပျစ်လေးရအောင်လုပ်ပါ။ပြီးရင်အဲ့
ဒီအနှစ်ကို မျက်နှာမှာ တစ်နေ့ကို တစ်ကြိမ်ဖြစ်စေ နှစ်ကြိမ်ဖြစ်စေ လိမ်းပေးနိုင်ပါတယ်။
*အသားအရည်တောက်ပကြည်လင်စေ
ပိန္ဒဲသီးစေ့၊နွားနို့၊ပျားရည်တို့ကိုအနည်းငယ်ရောစပ်လို့ ခပ်ပျစ်ပျစ်အနှစ်လေးရအောင်လုပ်ပါ။ရလာတဲ့အနှစ်ကို မျက်နှာမှာလိမ်းပေးပြီး ခြောက်သွေ့တဲ့
အထိထားပါ။ခြောက်လာရင်တော့ ရေနွေးနွေးလေးနဲ့ဆေးကြောသန့်စင်ပေးပါ။ဒါက သင့်ရဲ့အသားအရည်ကို သဘာဝအတိုင်းတောက်ပကြည်လင်လာ
စေပါတယ်။
*ဆံသားကောင်းမွန်စေ
ပိန္ဒဲသီးစေ့မှာပါဝင်နေတဲ့သံဓာတ်ဟာ ဦးရေပြားကသွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ပရိုတင်းနဲ့တစ်ခြားကောင်းမွန်တဲ့ဓာတ်တွေပါဝင်လို့
စိတ်ဖိစီးမှုကိုလည်းလျှော့ချပေးနိုင်ပါတယ်။ဆံပင်ကျွတ်တာကိုလည်းသက်သာစေပြီးအားနည်းနေတဲ့ဆံသားတွေကို ပိုမိုကောင်းမွန်လာအောင်
ပိန္ဒဲသီးစေ့က ကူညီပေးနိုင်ပါတယ်။
ဒါကြောင့် ပိန္ဒဲသီးစားပြီးရင်အစေ့ကိုလည်းမလွှင့်ပစ်ပဲ ပြုတ်စားတာဖြစ်ဖြစ်၊မီးဖုတ်စားတာဖြစ်ဖြစ် လုပ်စားဖို့မမေ့နဲ့နော်
Ref:stylecraze
Unicode
ပိန္ဒဲသီးကို လူအများစုက နှစ်သက်စွာစားသုံးကြသလို ပိန္ဒဲသီးစေ့ကိုလည်း ကြိုက်ကြပါသေးတယ်။ပိန္ဒဲသီးစေ့ကို မီးဖုတ်ပြီးစားတတ်ကြသလို
ပြုတ်ပြီးတော့လည်း စားကြပါတယ်။ကိုယ်တွေကတော့ ပိန္ဒဲသီးရော ပိန္ဒဲသီးစေ့ကိုရော ဒီအတိုင်းအရသာကြိုက်လို့စားလိုက်တာဆိုပေမဲ့ ပိန္ဒဲသီးစေ့မှာ
ဒီလို အံ့အားသင့်စရာကောင်းကျိုးတွေရှိနေတယ်ဆိုတာ သိခဲ့ရပါတယ်။
*သွေးအားနည်းခြင်းကို ကာကွယ်ပေးတယ်
ပိန္ဒဲသီးစေ့မှာ သံဓာတ်ကြွယ်ဝတဲ့အတွက် သွေးအားနည်းတတ်သူတွေ စားပေးသင့်ပါတယ်။ဒါ့အပြင် ပိန္ဒဲသီးစေ့စားပေးတာဟာ ခန္ဓာကိုယ်အတွင်းစနစ်
ကောင်းမွန်အောင်ကူညီပေးနိုင်တဲ့သွေးနီဥဆဲလ်တွေထုတ်လုပ်မှုကို တိုးတက်ကောင်းမွန်စေတယ်လို့သိရပါတယ်။
*အစာခြေစနစ်ကို ကောင်းမွန်စေတယ်
ဆေးပညာရှင်တစ်ချို့ရဲ့ အဆိုအရ ပိန္ဒဲသီးစေ့ဟာ အစာခြေစနစ်ကို အထောက်အကူပြုတဲ့ အမျှင်ဓာတ်ကြွယ်ဝတာကြောင့်
ဝမ်းချုပ်တာနဲ့တစ်ခြားအစာခြေစနစ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုသပေးနိုင်တယ်လို့သိရပါတယ်။
*သွေးကြောထုံးခြင်းမဖြစ်အောင် ကာကွယ်ပေးတယ်
လေ့လာချက်တွေအရ ပိန္ဒဲသီးအစေ့ဟာ သွေးကြောထုံးခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ပုံမှန်အတိုင်းသွေးလည်ပတ်စီးဆင်းနိုင်အောင်
ကူညီပေးနိုင်ကြောင်းသိရပါတယ်။
*အမြင်အာရုံကောင်းမွန်စေ
ပိန္ဒဲသီးစေ့မှာ အမြင်အာရုံတိုးတက်ကောင်းမွန်စေတဲ့ ဗီတာမင်အေ ပါဝင်နေပါတယ်။မျက်စိအမြင်အာရုံကောင်းမွန်စေသလို မျက်စိအတွင်းတိမ်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ကြောင်းလေ့လာတွေ့ရှိရပါတယ်။
*အရေးအကြောင်းမဖြစ်အောင်ကာကွယ်ပေးနိုင်
သူများတွေအရေးအကြောင်းဖြစ်နေချိန် ကိုယ့်မှာ နုပျိုလှပနေစေဖို့ ပိန္ဒဲသီးစေ့က ကူညီပေးနိုင်ပါတယ်။ပိန္ဒဲသီးစေ့မှာ အရေးအကြောင်းဖြစ်ခြင်းကို
တိုက်ထုတ်ပေးနိုင်တဲ့ antioxidant တွေပါဝင်နေပါတယ်။ပိန္ဒဲသီးစေ့တစ်စေ့ကိုကြိတ်ချေပြီး နွားနို့နဲ့ရောစပ်ကာ ခပ်ပျစ်ပျစ်လေးရအောင်လုပ်ပါ။ပြီးရင် အဲ့
ဒီအနှစ်ကို မျက်နှာမှာ တစ်နေ့ကို တစ်ကြိမ်ဖြစ်စေ နှစ်ကြိမ်ဖြစ်စေ လိမ်းပေးနိုင်ပါတယ်။
*အသားအရည်တောက်ပကြည်လင်စေ
ပိန္ဒဲသီးစေ့၊နွားနို့၊ပျားရည်တို့ကို အနည်းငယ်ရောစပ်လို့ ခပ်ပျစ်ပျစ်အနှစ်လေးရအောင်လုပ်ပါ။ရလာတဲ့အနှစ်ကို မျက်နှာမှာလိမ်းပေးပြီး ခြောက်သွေ့တဲ့
အထိထားပါ။ခြောက်လာရင်တော့ ရေနွေးနွေးလေးနဲ့ဆေးကြောသန့်စင်ပေးပါ။ဒါက သင့်ရဲ့အသားအရည်ကို သဘာဝအတိုင်းတောက်ပကြည်လင်လာ
စေပါတယ်။
*ဆံသားကောင်းမွန်စေ
ပိန္ဒဲသီးစေ့မှာပါဝင်နေတဲ့သံဓာတ်ဟာ ဦးရေပြားကသွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ပရိုတင်းနဲ့တစ်ခြားကောင်းမွန်တဲ့ဓာတ်တွေပါဝင်လို့
စိတ်ဖိစီးမှုကိုလည်းလျှော့ချပေးနိုင်ပါတယ်။ဆံပင်ကျွတ်တာကိုလည်းသက်သာစေပြီး အားနည်းနေတဲ့ဆံသားတွေကို ပိုမိုကောင်းမွန်လာအောင်
ပိန္ဒဲသီးစေ့က ကူညီပေးနိုင်ပါတယ်။
ဒါကြောင့် ပိန္ဒဲသီးစားပြီးရင် အစေ့ကိုလည်းမလွှင့်ပစ်ပဲ ပြုတ်စားတာဖြစ်ဖြစ်၊မီးဖုတ်စားတာဖြစ်ဖြစ် လုပ်စားဖို့မမေ့နဲ့နော်
Ref:stylecraze