
မက်ကလောင် မက်ကလောင် ဒီနာမည်လေးက ကြားဖူးသလိုလိုရှိနေပေမယ့် ဘာကြီးလဲဆိုတာကို သိတဲ့သူအင်မတန်နည်းပါတယ်။ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ လွှမ်းမိုးမှုှအများဆုံးဖြစ်တဲ့ မန္တလေးတို့ ရှမ်းပြည်နယ်တို့မှာတော့ မက်ကလောင်ခြစ်တယ်ဆိုတာ ဓလေ့တစ်ခုကိုဖြစ်လို့။ ဒီတော့ ဒီ မက်ကလောင်ခြစ်တယ်ဆိုတာ ဘာလဲ။ ဘယ်လို ကောင်းကျိုးဆိုးကျိုးတွေရှိလဲဆိုတဲ့အကြောင်းလေး ရေးဖို့ကြောင်းဖန်လာတော့တာပေါ့။
မက်ကလောင် ခြစ်တယ်ဆိုတာဘာလဲ ။ ။
မက်ကလောင်ခြစ်တယ်ဆိုတာ မက်ကလောင်ခြစ်တဲ့အတံလေးနဲ့အရေပြားကို ခြစ်ပြီး သွေးလည်ပတ်မှု ကောင်းအောင်လို့ လုပ်ကြတယ်လို့ ဆိုပါတယ်။ ဒါကအရမ်းကို ရှေးကျတဲ့တရုတ်တိုင်းရင်းဆေးသမားတော်တို့ တီထွင်ခဲ့တဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။
မက်ကလောင် ခြစ်တာနဲ့ ပက်သက်တဲ့အချက်ကလေး တစ်ချို့ ။ ။
မက်ကလောင်ကို ကျောဘက်၊
တင်ပါ
း၊
လည်ပင်
း နဲ့ ခြေလက်တွေမှာ ခြစ်လေ့ရှိပါတယ်။ အဲဒီနေရာတွေမှာအဆီတစ်ခုခုလိမ်းပြီး မက်ကလောင်ခြစ်တဲ့အတံလေးနဲ့
အရေပြား
ကိုအောက်ဘက်ဆွဲပြီး ခြစ်တာပါ။ ယုံကြည်ကြတာက မက်ကလောင်ခြစ်ရင်
ရောင်ရမ်းခြင်
းကို ဖြစ်စေတဲ့ တရုတ်အခေါ်အဝေါ်အရ Chi လို့ခေါ်တဲ့ enzyme တစ်မျိုးကို ဖျက်ဆီးလိုက်တာဖြစ်လို့ ကိုယ်တွင်းမှာ ဖြစ်နေတဲ့ရောင်ရမ်းခြင်းတွေ လျော့ကျသွားပြီး
အနာကျက်မြန်
တယ်လို့ဆိုကြပါတယ်။
ဒီလို မက်ကလောင်ခြစ်တာကို နေမကောင်းဖြစ်တဲ့အချိန်၊ ကိုယ်လက်ကိုက်ခဲနေတဲ့အချိန်၊ ခေါင်းကိုက်နေတဲ့အချိန်မျိုးတွေမှာ လုပ်လေ့ရှိပါတယ်။ တစ်ချို့ဆို တစ်နေရာရာ နေထိုင်မကောင်းဖြစ်လာတာနဲ့ မက်ကလောင်တန်းခြစ်ကြတဲ့ သူတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံအပေါ်ပိုင်းဒေသတွေဖြစ်တဲ့ ရှမ်းပြည်၊ ကချင်ပြည် နဲ့ ချင်းပြည်နယ်တို့မှာ မက်ကလောင်ခြစ်တဲ့ ဓလေ့က ပိုခေတ်စားပါတယ်။ မက်ကလောင်ခြစ်တော့ ခြစ်တတ်တယ်ဆိုပေမယ့် သူ့ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ သိဖို့လည်း လိုအပ်တာကြောင့် ဒီဆောင်ပါးလေးကို ဖတ်ကြည့်စေချင်တယ်နော်။ ။
မက်ကလောင်ခြစ်တာကြောင့် ရနိုင်တဲ့ ကောင်းကျိုးလေးတွေ ။ ။
ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့အာနိသင်ရှိတာကြောင့် နာတာရှည် ရောင်ရမ်းတဲ့ ဝေဒနာတွေဖြစ်တဲ့
အဆစ်အမြစ်ကိုက်
တာတို့ ၊အရွတ်ရောင်တာတို့ဖြစ်ရင် မက်ကလောင် ခြစ်ကြပါတယ်။ ဒါ့အပြင်အခြား သူသက်သာစေတဲ့ ဝေဒနာတွေကတော့ အသည်းရောင်အသားဝါ ဘီ -
အသည်းရောင်အသားဝါ ဘီ
ကြောင့် ရောင်နေတဲ့အသည်းဟာ မက်ကလောင်ခြစ်လိုက်ရင် သက်သာတယ်လို့ ဆိုကြပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေခြင်း-
ခေါင်းတစ်ခြမ်းကိုက်
တဲ့ ဝေဒနာကို ဘယ်ဆေးနဲ့မှ သက်သာအောင် လုပ်လို့မရရင် မက်ကလောင်ခြစ်ကြည့်ဖို့တိုက်တွန်းပါရစေ။ တွေ့ရှိချက်အရ ဘာဆေးနဲ့မှ မတိုးတဲ့ ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာကို ခံစားနေရတဲ့အသက် ၇၀ ရှိတဲ့အဘွားအိုတစ်ယောက် ကို မက်ကလောင် ၁၄ ရက်လောက် ခြစ်ပေးလိုက်တဲ့အခါမှာ သူခံစားနေရတဲ့ ဝေဒနာ သက်သာသွားတယ်လို့ဆိုပါတယ်။ ရှေးထုံးကိုလည်း မပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ ဆိုတာမျိုးပေါ့။ နို့အုံတင်းတာကို သက်သာစေခြင်း -
နို့တိုက်
နေတဲ့ မိခင်တိုင်းကြုံတွေ့ရတတ်တဲ့ နို့အုံတင်းတဲ့ ပြဿနာကို မက်ကလောင်နဲ့ ဖြေရှင်းလို့ရပါတယ်။ ကလေးမွေးပြီး ၂ ရက်မြောက်နေ့မှာ မက်ကလောင်ခြစ်ထားလိုက်ရင် နို့တိုက်ချိန်
နို့အုံတင်
းပြီးနာတာမျိုးတွေ လျော့သွားပြီး နို့လည်းကောင်းကောင်းထွက်တယ်လို့ ဆိုပါတယ်။ ဇက်နာတာကို သက်သာစေခြင်း - ဇက်နာနေတဲ့ လူ ၄၈ ယောက်ကိုအုပ်စု ၂ စုခွဲပြီး လေ့လာလိုက်တဲ့အခါမှာ မခြစ်တဲ့ သူတွေထက် မက်ကလောင်ခြစ်တဲ့အုပ်စုက လူတွေက ဇက်နာတာ သက်သာသွားတယ်လို့ ဆိုပါတယ်။ သွေးဆုံးကိုင် ဝေဒနာတွေကို သက်သာစေခြင်း -
သွေးဆုံ
းခါနီးအမျိုးသမီးတိုင်းကြုံတွေ့ရတဲ့ ညညအိပ်မပျော်တာ၊ စိုးရိမ်ပူပန်မှုများတာ၊ မောပန်းလွယ်တာ၊ ရာသီသွေးမမှန်တာ၊ နဲ့ မီးယပ်ချမ်းထတဲ့ ဝေဒနာတွေဟာ မက်ကလောင်ခြစ်လိုက်ရင် တစ်ချို့အမျိုးသမီးတွေမှာ သက်သာသွားတယ်လို့ ဆိုကြပါတယ်.။
မက်ကလောင်ခြစ်တာမှာ ဆိုးကျိုးရောရှိလား ။ ။
ရှေးသုံး ဓလေ့တစ်ခုဖြစ်လို့ စိတ်ချတယ်လို့ ဆိုရပေမယ့် မက်ကလောင်ခြစ်တာမှာ ဆိုးကျိုးတွေလည်းရှိပါတယ်။
အရေပြား
ကို ပွန်းအောင် ခြစ်တယ်ဆိုမှတော့ နာကျင်တဲ့ ဝေဒနာက ရှောင်လွဲလို့မရဘူးနော့။
အရေပြားကိုခြစ်တာဖြစ်လို့ သွေးထွက်ပြီးအနာဖြစ်မှာကတော့ ကျိန်းသေတယ်လေ။ ဒီတော့အနာကို သေချာ ဂရုမစိုက်ရင် ပိုးဝင်သွားတာတွေဖြစ်တတ်ပြီးအနာပိုဆိုးသွားတတ်ပါတယ်။ ဒီလိုအနာပိုးဝင်သွားရင်အမာရွတ်ရုပ်ဆိုးဆိုး ကျန်ခဲ့မှာကတော့သေချာတယ်လေနော်။ ကိုယ့်အရေပြားကို ခြစ်မှာဖြစ်တဲ့အပြင် သွေးတွေ လည်း ထွက်မှာ ဖြစ်တာကြောင့် သွေးကနေကူးစက်တတ်တဲ့
HIVပို
း၊ B ပိုး၊ C ပိုး တွေ ဟာ မက်ကလောင်ခြစ်တဲ့အတံကို မျှဝေသုံးရင် တစ်ယောက်ဆီကနေ တစ်ယောက်ဆီကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် မျှဝေသုံးတာမျိုး မလုပ်တာအကောင်းဆုံးပါ။ နောက်ပြီး ခြစ်တဲ့အတံကိုလည်း တစ်ခါသုံးပြီးရင် သေချာ သန့်ရှင်းအောင် ပြန်ပြီး ပိုးသတ်ထားသ့င့်ပါတယ်။
သွေးကျဲဆေ
းသောက်နေတဲ့သူတွေ၊ သွေးမတိတ်တတ်တဲ့သူတွေဆို မက်ကလောင် မခြစ်သင့်ပါဘူး။ ဒါတွေကတော့ မက်ကလောင်ခြစ်တာကြောင့် ရနိုင်တဲ့ ကောင်းကျိုး ဆိုးကျိုးလေးတွေပါ။ တစ်ချို့တွေကလည်း မက်ကလောင်ခြစ်တာကို လက်ခံကြသလို တစ်ချို့ မကြိုက်ကြတဲ့သူတွေလည်းရှိပါတယ်။ လူတိုင်းက ကိုယ့်အတွေးနဲ့ကိုယ် ရှင်သန်နေကြတာဖြစ်တာကြောင့် မက်ကလောင်ခြစ်တာကို ကြိုက်ကြိုက်၊ မကြိုက်ကြိုက် သူ့ရဲ့ ကောင်းကျိုး ဆိုးကျိုးလေးတွေကို သိထားတော့ ကောင်းတာပေါ့ ။ ။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။