
ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊
ကျန်းမာခြင်း
ကို ရွှေပေးလို့မရဆိုတာ ကြားဖူးကြမယ်ထင်ပါတယ်နော်။ ကျန်းမာနေတဲ့
ခန္ဓာကိုယ်
ကို ပိုင်ဆိုင်ထားတာ ကအဖိုးမဖြတ်နိုင်တဲ့အရာပါ။ ခန္ဓာကိုယ်ကျန်းမာနေဖို့က လူတိုင်းတောင့်တမယ်ထင်ပါတယ်။ တိုးတက်လာတဲ့ခေတ်ကြောင့် ရောဂါတွေပိုများလာသလို
စိတ်ဖိစီးမ
ှုကေလည်းအများသားနော်။အလုပ်ခွင်မှာလည်း သူ့အပြိုင်ကိုယ်အပြိုင်ကြိုးစားရင်း စိတ်ဖိစီးရတာကအမြဲလိုလိုပါပဲ။ ဒါပေမယ့်အချို့သောစိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှလျစ်လျူရှုလိုက်ဖို့ပြောပါရစေ။အလုပ်ခွင်စိတ်ဖိစီးမှုကြောင့် နှလုံးလေးဝန်မပိစေဖို့ ဒီဆောင်းပါးလေးကနေတဆင့် Hello ဆရာဝန်ပရိသတ်ကြီးကို နည်းလမ်းကောင်းလေးတွေဝေမျှပေးပါရစေ။အလုပ်ခွင်အခြေအနေတွေက ကျန်းမာရေးကို နည်းအမျိုးမျိုးနဲ့ ထိခိုက်စေနိုင်ပါတယ်။အလုပ်ခွင်မှာတွေ့ကြုံရတဲ့ စိတ်ဖိစီးမှုတွေက
ရုပ်ပိုင်းဆိုင်ရာ
နဲ့ စိတ်ပိုင်းဆိုင်ရာအပြင်
နှလုံး
ကိုပါထိခိုက်စေနိုင်ပါတယ်။အလုပ်ခွင်မှာအချိန်ကြာမြင့်စွာထိုင်နေရတာက နှလုံးကို နည်းအမျိုးမျိုးနဲ့ထိခိုက်စေနိုင်ပါတယ်။အလုပ်ခွင်ရဲ့ ဖိအားတွေက တစ်နေ့ထက်တစ်နေ့ နှလုံးရောဂါခံစားရနိုင်ခြေကိုပိုတိုးလာစေနိုင်ပါတယ်။အချို့သော စားသောက်မှုနဲ့
နေထိုင်မှုပုံစံ
ကိုပြောင်းလဲလိုက်မယ်ဆိုရင် နှလုံးကျန်းမာရေးကို ဂရုစိုက်ပြီးသားဖြစ်သွားမှာပါ။
အလုပ်ခွင်ဖိအားတွေကြောင့်အဖိုးတန်နှလုံးလေးမထိခိုက်စေဖို့
အလုပ်ခွင်ဖိအားကြောင့်အစားပြန်မရနိုင်တဲ့အဖိုးတန်နှလုံးလေးမထိခိုက်စေဖို့ ဆိုရင် ဒီအလေ့အထလေးတွေကို မွေးမြူလုပ်ဆောင်ဖို့လိုပါမယ်။ မှန်ကန်တဲ့ စားသောက်မှုပုံစံရှိပါစေ - မှန်ကန်စွာစားသောက်မှုပုံစံက နှလုံးကျန်းမာစေဖို့ လုပ်ဆောင်သင့်တဲ့အခြေခံအချက်တစ်ခုပါ။ ဒါကြောင့် နေ့စဉ်စားသောက်တဲ့အစားအစာတွေထဲမှာ လိုအပ်တဲ့
အာဟာရတွေ
ပါဝင်အောင်စားသုံးပြီးအကျိုးမပြုတဲ့အဆီတွေ၊အငန်ဓာတ်နဲ့ ပြုပြင်ထားတဲ့အသားတွေကို တတ်နိုင်သမျှရှောင်ပါ။ ဟင်းသီးဟင်းရွက်တွေ၊အခွံမာသီး၊ ဘယ်ရီသီး၊
လက်ဖက်စိမ်းရေနွေးကြမ်း
၊အနက်ရောင်ချောကလက်တို့လိုမျိုး ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေမယ့်အစာအာဟာရတွေကို နေ့စဉ်စားသုံးပေးပါ။
ဆေးလိပ်ဖြတ်ပါ - ဆေးလိပ်သောက်တာက နှလုံးရောဂါခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။ ဆေးလိပ်သောက်တာက
သွေးတို
းစေနိုင်သလို နှလုံးရဲ့ အောက်ဆီဂျင်ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ နှလုံးခုန်နှုန်းကို မြန်စေနိုင်ပြီး သွေးခဲတာကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာက
အသက်ရှုလမ်းကြောင်း
ဆိုင်ရာ ပြဿာနတွေအပြင်အခြားသောကျန်းမာရေးပြဿနာတွေကိုပါဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုလျှော့ပါ - စိတ်ဖိစီးမှုက ရှိရင်းစွဲရောဂါတွေကို ပိုဆိုးလာအောင်အားပေးအားမြှောက်လုပ်ပေးတဲ့အရာပါ။အလုပ်ခွင်ကစိတ်ဖိစီးမှုတွေကို ကိုယ်ပိုင်ဘဝထဲကိုခေါ်မလာဖို့အကြံပြုပါရစေ။ ရောဂါတွေရလာတဲ့အခါ ခံစားရတာကကိုယ်ပါ။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှလျှော့ပါ။ နေ့စဉ်
တရားထိုင်တာ
၊ စိတ်အပန်းပြေစေမယ့် လေ့ကျင့်ခန်းလုပ်တာမျိုးလုပ်ပေးပါ။ လှုပ်လှုပ်ရှားရှားလေးနေပါ - တစ်ချိန်လုံးထိုင်နေရတာက နှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါတယ်။ ဒါကြောင့်အလုပ်စားပွဲမှာ တစ်ချိန်လုံးထိုင်မနေပါနဲ့။ နေ့လည်စာ စားပြီးချိန်မှာ ခဏတဖြုတ်လမ်းလျှောက်တာ၊ လှေကားထစ်လေးတွေကိုအတက်အဆင်းလုပ်တာမျိုး၊ ဖုန်းပြောတဲ့အခါ လမ်းလျှောက်ရင်းပြောတာမျိုးလုပ်ပေးပါ။
ကိုယ်အလေးချိန်
ကိုထိန်းညှိပေးပါ -တစ်ချိန်လုံးအလုပ်ထိုင်လုပ်နေတာကအဝလွန်စေနိုင်ပြီး နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်အာဟာရမျှတအောင်စားသုံးသင့်သလို နေ့စဉ်ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလေးတွေလုပ်ပေးဖို့လည်းတိုက်တွန်းပါရစေ။ နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရောကိုကျဆင်းစေနိုင်သလို စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ကျဆင်းစေနိုင်ပါတယ်။ အိပ်ရေးဝဝအိပ်ပါ - ရောဂါတော်တေ်ာများများခံစားရတာရဲ့အဓိကအကြောင်းအရင်းကအိပ်ရေးမဝတာကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် နှလုံးကျန်းမာပြီးအခြားသောပြဿနာတွေကင်းဝေးစေဖို့ဆိုရင် ညစဉ်အိပ်ချိန် ၈ နာရီ ပုံမှန်ရှိအောင် ဂရုစိုက်ပါ။ ရေများများသောက်ပါ - ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကိုနေရာယူထားတဲ့ရေဓာတ်ပြည့်ဝနေမှလည်း ခန္ဓာကိုယ်က ကျန်းမာမှာပါ။ ဒါကြောင့် နေ့စဉ်ရေ ပြည့်ပြည့်ဝဝလေးသောက်ပေးဖို့မမေ့ပါနဲ့။အလုပ်စားပွဲမှာ ရေဗူးလေးဖြည့်ထားပြီး သတိရတိုင်းသောက်ပေးပါ။ ကဲ နှလုံးလေးကို ဂရုစိုက်တော့မယ်ဟုတ်...........
Hello Health Group
သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။