တရုတ်နံနံကို နေ့တိုင်းစားခြင်းကြောင့် ရရှိလာနိုင်တဲ့အကျိုးကျေးဇူး (၁၀) ချက်
shwemom.com
|
2019-02-20

Celery လို့ခေါ်တဲ့ တရုတ်နံနံဟာ ဟင်းရွက်တွေထဲအာဟာရအဖြစ်ဆုံး ဟင်းရွက်တွေထဲပါဝင်တယ်လို့ဆိုနိုင်ပါတယ်။ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်တွေဖြစ်တဲ့ A, B, C နဲ့ K တို့ ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

အယောင်အယမ်းတွေကျစေတဲ့ phytonutrents ပါဝင်ပြီး antioxidant agent တွေနဲ့ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးတဲ့ ဓာတ်တွေလည်း ပါဝင်ပါတယ်။ တရုတ်နံနံ (၁၁၀) ဂရမ်မှာ ပါဝင်တဲ့အာဟာရဓာတ်အချိုးအစားတွေကတော့ ကယ်လိုရီ ၁၆.၂ ဂရမ်၊ ကာဗွန်ဟိုက်ဒြိတ် ၃.၅ ဂရမ်၊ ပရိုတင်းဓာတ် ဝ.၇ ဂရမ်၊ ကစီဓာတ် ဝ.၂ ဂရမ်၊ ဖိုက်ဘာမျှင် ၁.၆ ဂရမ်နဲ့အခြားသော ဗီတာမင်ဓာတ်တွေပါဝင်ပါတယ်။

သကြားဓာတ်အနည်းငယ်ပါဝင်ပြီး ဗီတာမင် E ဓာတ်၊ niacin, pantothenic acid, သံဓာတ်၊ ဖော့စဖိတ်ဓာတ်၊ ဇင့်နဲ့ selenium တို့လည်းပါဝင်ပါတယ်။


pixabay

တရုတ်နံနံကို နေ့စဉ်စားသုံးပေးခြင်းဖြင့်ရရှိလာနိုင်တဲ့အကျိုးကျေးဇူး (၁၀) ချက်ကတော့

(၁) နာတာရှည်ယောင်ယမ်းခြင်းကိုသက်သာစေခြင်း

(၂) ခန္ဓာကိုယ်ထဲမှာရှိတဲ့ pH level ကို ထိန်းငြှိပေးခြင်း

(၃) ကယ်လိုရီးမပါသလောက်နည်းပါးပြီး ဖိုက်ဘာဓာတ်များလွန်းတဲ့အတွက် ကိုယ်အလေးချိန်လျှော့ချရာမှာအထောက်အကူပေးခြင်း

(၄)အစာကြေလွယ်ခြင်းနဲ့ ဝမ်းဗိုက်ပြဿနာတွေကို ဖြေရှင်းပေးခြင်း

(၅) ဆီးလမ်းကြောင်းပိုးဝင်တာတွေကို သက်သာစေပြီး ဆီးသွားခြင်းကိုအထောက်အကူပြုခြင်း


pixabay

(၆)အာရုံကြောများကိုဖြေလျော့ပေးခြင်းကြောင့်အိပ်ပျော်လွယ်ခြင်း

(၇) ကိုလက်စတရောနဲ့ သွေးဖိအားတို့ကို ထိန်းညှိပေးခြင်း

(၈)အက်ဆစ်ဓာတ်အနည်းငယ်သာပါဝင်ပေးပြီး ရင်ပူခြင်းနဲ့အက်ဆစ်ဓာတ်လွန်ကဲခြင်းကို ပပျောက်စေခြင်း

(၉) ဗီတာမင် A ဓာတ်ပါင်အတဲ့အတွက်အမြင်အာရုံကိုတိုးတက်စေပြီး မျက်ရည်ခမ်းခြောက်ခြင်ကို သက်သာစေပြီးနဲ့ မျက်ကြည်လွှာအတွက်အားဖြည့်ပေးခြင်း

(၁၀) သွားများကိုသန့်စင်စေပါတယ်။


pixabay

တရုတ်နံနံကို ဟင်းချိုထဲထည့်သောက်ရင်သော်လည်းကောင်း၊ ကြော်စား၊ ပြုတ်စားခြင်းနဲ့အသုတ်ထဲထည့်သုတ်ခြင်းဖြင့် စားသုံးပေးလို့ရပါတယ်။


Source: Higher Perspectives


Penny




Some text some message..