ကလေးနို့ဘူး ဘယ်လိုဖျော်မလဲ
hellosayarwon.com
|
2019-02-24

အာဟာရနို့မှုန် ့တွေဟာ ကလေးအတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးဖို့ စီမံထုတ်လုပ်ထားတာဖြစ်ပါတယ်။ မိခင်နို့မသောက်သုံးရတဲ့ကလေးတွေ ဒါမှမဟုတ်

မိခင်နို ့အဓိကတိုက်ကျွေးပေမယ့်အလုပ်များတဲ့အချိန် နို့ဘူးနဲ့ထားခဲ့ရတဲ့ ကလေးတွေအတွက်အထူးသဖြင့် တိုက်ကျွေးကြပါတယ်။ ဒါပေမယ့် နို့မှုန့်ကို ရေနဲ့ဖျော်၊ နို့ဘူးထဲထည့်ပြီး ကလေးကို တိုက်လိုက်ရုံနဲ့ ရပြီလား။ မဟုတ်ပါဘူးနော်။ နုနယ်တဲ့ကလေးတွေအတွက်ကအသေးစိတ်ဂရုမစိုက်ဘဲဆိုရင်

အာဟာရ အပြည့်အဝမရနိုင်တဲ့အပြင် မလိုလားအပ်တဲ့ ရောဂါပိုးတွေကိုပါအပိုဆုအဖြစ် ရသွားနိုင်ပါတယ်။ နို့ဘူးဖျော်ဖို့၊ နို့ဘူးတိုက်ဖို့နဲ့ပတ်သက်ပြီး ကလေးကျန်းမာရေးအတွက် သိထားသင့်တဲ့အချက်တွေကို ဒီမှာဖော်ပြပေးချင်ပါတယ်။ နို့ဘူးဖျော်နည်းအဆင့်ဆင့်လည်း ပါတာပေါ့လေ။အခုမှ သားဦး သမီးဦး မွေးဖွားထားတဲ့ မေမေတို့အတွက်အထောက်အကူဖြစ်လိမ့်မယ်လို့ထင်ပါတယ်။ အဆင့် (၁)။ ။ နို့ဘူးဖျော်ဖို့ ရေနွေးအရင်တည်ပါ (ဆူထားပြီးသားရေနွေးအဟောင်းတွေ မသုံးပါနဲ့)။ အဆင့် (၂)။ ။ ဆူပြီးရင်ရေနွေးကို မိနစ် ၃၀ လောက်ပဲ ခပ်နွေးနွေးအနေအထားထိအအေးခံပါ။ အဆင့် (၃)။ ။ ဘာမှ မလုပ်ခင် လက်ကို စင်အောင်ဆေးပါ။ အဆင့် (၄)။ ။ နို့ဘူး၊ နို့သီးခေါင်း၊အဖုံး စတာတွေကို နို့ဘူးပေါင်းစက်ထဲ ၅ မိနစ်လောက်အရင်ပိုးသတ်ပါ။ မရှိရင် သမားရိုးကျအတိုင်း ရေနွေးနဲ့ပြုတ်ပါ။ အဆင့် (၅)။ ။ နို့မှုန့်ဘူးမှာပါတဲ့အညွှန်းအတိုင်း ရေပမာဏကို နို့ဘူးထဲထည့်ပါ။ ရေပမာဏကို မပို၊မလိုစေဖို့ သေချာဂရုစိုက်ပါ။ အဆင့် (၆)။ ။ ဘူးမှာပါတဲ့အညွှန်းအတိုင်းပဲ နို့မှုန့်ကိုခပ်ထည့်ပါ။ သူ့ဘူးထဲက ဇွန်းခွက်လေးကိုသာသုံးပါ။အချင်အတွယ် ပမာဏ မှန်ကန်စေဖို့ပါ။ အဆင့် (၇)။ ။

နို့ဘူ းမှာ နို့သီးခေါင်းတပ်ပြီးတဲ့အခါအဖုံးအုပ်ပြီး နို့မှုန့်တွေပျော်ဝင်တဲ့အထိ ဘူးကိုလှုပ်ခါ(ခလောက်)ပါ။  ဖျော်ထားတဲ့နို့ကို သောက်လို့ရတဲ့အနေအထားအထိအအေးခံဖို့အရေးကြီးပါတယ်။အမြန်အေးချင်ရင် ရေအေးထဲမှာ နို့ဘူးကို တဝက်နှစ်ပြီး မွှေခါပေးပါ။ အဆင့်(၈)။ ။ ကလေးကိုမတိုက်ခင် ကိုယ့်လက်မှာအစက်ချပြီးအပူချိန်ကို တခေါက်ပြန်စစ်ဖို့လိုပါတယ်။ မပူ၊ မအေးတဲ့ နွေးနွေးလေးအနေအထားကအတော်ပါပဲ။

မိခင်နို့ရည် လိုမျိုး ခန္ဓာကိုယ်အပူချိန်လောက်ပဲဖြစ်သင့်ပါတယ်။  

သတိထားရမယ့်အချက်တွေရှိပါတယ်
နို့ဘူးဖျော်တဲ့အပိုင်းက ပြီးပြီဆိုတော့အရေးကြီးတဲ့အချက်လေးတွေကို ဆက်ပြောပြမယ်နော်။ ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးတွေဖြစ်စေချင်ရင်တော့ ဒါတွေ မမေ့ဖို့ သတိပေးချင်ပါတယ်။

နို့မှုန် ့တွေက ထုတ်လုပ်တဲ့ကုမ္ပဏီမတူကြသလို နို့မှုန့်နဲ့ရေအချိုးအစားအညွှန်းတွေလည်း ကွဲပြားနိုင်တာကြောင့် ဘူးမှာပါတဲ့အညွှန်းကိုသေချာဖတ်ပါ။ နို့ဘူးဖျော်တဲ့အခါ နို့မှုန့်ကို ပိုလည်းမထည့်ပါနဲ့၊ ကလေးကိုဝမ်းချုပ်စေနိုင်တယ်၊ ရေဓာတ်ခန်းခြောက်စေနိုင်တယ်။အညွှန်းထက်လည်း လျှော့မထည့်ပါနဲ့၊ လိုအပ်တဲ့

အာဟာရဓာတ်ေ တွအလုံအလောက်မရဘဲ ရေတွေချည်းသောက်သလိုဖြစ်နေပါလိမ့်မယ်။
ကလေးနို့ဘူးထဲမှာ သကြားတွေ၊ တခြားအရာတွေ ထပ်မထည့်ပါနဲ့။
နို့ဘူးကို မိုက်ခရိုဝေ့ဖ်ထဲမှာ ဘယ်တော့မှ မနွှေးပါနဲ့။ တိုက်ရိုက်အပူမပေးဘဲ ရေနွေးထဲ ခဏစိမ်ပြီး နွှေးလို့ရပါတယ်။ ဖျော်ပြီးသားနို့ဘူးကို ပြင်ပမှာ တစ်နာရီထက်ကျော်ရင် မတိုက်သင့်ပါဘူး။ ရေခဲသေတ္တာထဲထည့်သိမ်းလို့ရတယ်ဆိုပေမယ့် သောက်ပြီးသားလက်ကျန်ဆိုရင် ကပ်ငြိသွားနိုင်တဲ့ဘက်တီးရီးယားတွေက

ရေခဲသေတ္တ ာထဲမှာဆို ပွားများလာနိုင်လို့ စွန့်ပစ်လိုက်တာကောင်းပါတယ်။

Hello Health Group  သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..