ဒူးနာတာကို ကုသတဲ့နေရာမှာသုံးတဲ့ ဒူးဆစ်ထဲထိုးသွင်းတဲ့ ဆေးရည်တွေ ဆိုတာ ဘာလဲ ။ ။
hellosayarwon.com
|
2019-02-26

ဒူးနာ လို့ ဆေးခန်းသွားရင်ဒူးနာတာသက်သာစေဖို့အတွက်  ဆေးရည်တွေ

ဒူးဆစ် ကြားထဲ ထိုးသွင်းတဲ့ကုသမှု မျိုးခံယူဖူးပါသလား။အရပ်ထဲမှာဆိုရင် ဒူးခေါင်းကအဆီတွေ ခန်းသွားလို့ ဒူးခေါင်းထဲ အဆီတွေ ထိုးထည့်ပေးတယ်လို့ သိကြပါတယ်။ သူတို့တွေ သိကြတဲ့အဆီပုလင်း ထိုးဆေးတွေ ဆိုတာ  ဘာတွေလဲ။ ဒူးနာတာကို သူတို့က ဘယ်လို သက်သာစေတာလဲ ။  ။

ဒူးနာတာ ဘာကြောင့် ဖြစ်ရတာလဲ။ ။


ဒူးနာ တာကို ကုသတဲ့နည်းကိုမပြောခင် ဒီလို ဒူးနာတာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကိုအရင်ပြောပြချင်ပါတယ်။ ဆေးပညာအရဆို ဒီလို ဒူးနာတာကို

Osteoarthritis လို့ခေါ်ကြပါတယ်။ Osteoarthritisအဓိပ္ပါယ်ကအရိုးအဆစ်တွေ ရောင်တယ်လို့ ပြောတာပါ။ ဒီလို ဖြစ်ရတာ လှုပ်ရှားရတာ ချောမွေ့မှုှရှိစေဖို့ ဒူးခေါင်းအရိုးကို ဖုံးထားပေးတဲ့အရိုးနုလေး ကွဲသွားတာကြောင့် ဖြစ်ရတာပါ။ ဒီလိုနဲ့အထဲကအရိုးထိခိုက်သွားပြီးအရိုးအချင်းချင်း ပွတ်တိုက်မိတာကြောင့် ရောင်လာတာ၊ နာကျင်တာ၊ နဲ့ တောင့်တင်းတာတွေ ဖြစ်လာရတာပါ။

ဒူးနာတာကို ဘယ်လိုကုသကြလဲ။ ။
အရင်ဆုံးကတေ့ာ လေ့ကျင့်ခန်းလုပ်ခိုင်းပြီး ရေနွေးအိတ်ကပ်တာ၊ ရေခဲကပ်တာတွေနဲ့အရောင်ကျအောင် လုပ်ခိုင်းပါတယ်။ ဒါတွေနဲ့ မှ မသက်သာရင်

အကိုက်အခဲ ပျောက်ဆေး ၊ လိမ်းဆေးတွေ လိမ်းခိုင်းပြီး မသက်သာတဲ့ နောက်ဆုံး အဆင့်ကျမှ ဒူးခေါင်းထဲ ဆေးရည်ထိုးသွင်းတဲ့ ကုသမှုကို လုပ်ပါတယ်။

ဒူးခေါင်းထဲ ထိုးသွင်းတဲ့ ဆေးရည်တွေ ဆိုတာဘာလဲ ။ ။
ဒီလိုဒူးခေါင်းမှာ ဖြစ်တဲ့ 

အဆစ်အမြစ်ရောင် တာကို ကုသဖို့အတွက် ဒူးခေါင်းအဆစ်ထဲ ဆေးရည်ထိုးသွင်းတာမှာ ထိုးသွင်းတဲ့ ဆေးရည်မျိုးစုံရှိပါတယ်။ ဒီထဲမှာမှ

corticosteroids နဲ့

hyaluronic acid နှစ်မျိုးကအသုံးအများဆုံး ဖြစ်ပါတယ်။ ဒီတော့ သူတို့က ဒူးနာတာကို ဘယ်လိုသက်သာအောင် လုပ်ပေးတာလဲ ။  ။

Corticosteroids
Corticosteroids ဆိုတာ

စတီးရွိုက် တစ်မျိုးပဲ ဖြစ်ပါတယ်။
Osteoarthritis လို့ခေါ်တဲ့အရိုးအဆစ်တွေ ရောင်တာ၊ ဒူးနာဝေဒနာ ပြန်ပြန်ဖြစ်နေတာကို တားဆီးနိုင်ဖို့နဲ့ ဒူးခေါင်းထဲအရည်တွေစုလာလို့ ဒူးခေါင်းရောင်လာတာကို သက်သာစေဖို့အတွက် Corticosteroids ကို သုံးပါတယ်။
သူ့မှာ ဘေးထွက်ဆိုးကျိုးတွေ ရှိတဲ့အတွက် ဒူးခေါင်းနာတိုင်း Corticosteroidsအမြဲထိုးသွင်းနေလို့မရပါဘူး။
အာနိသင်ပြတာမြန်တဲ့အတွက် ထိုးသွင်းပြီး ၂၄ နာရီကနေ ၄၈ နာရီအတွင်းမှာ ဒူးခေါင်းနာတာ သက်သာသွားလေ့ရှိပါတယ်။
ဒီဆေးရည်က ဒူးနာတာကို ၆ပတ်ကနေ ၁၂ပတ်လောက်အထိ ကာကွယ်ပေးမှာပါ။
ဆေးက သက်သာတယ်ဆိုပြီး ခဏခဏ ထိုးလို့ မကောင်းပါဘူး။ ခဏခဏ ဆေးရည်ထိုးရင် ကြာတဲ့အခါ ဆေးနဲ့ ယဉ်သွားပြီး ဒူးခေါင်းနာတာ သက်သာတော့မှာ မဟုတ်တဲ့အပြင် ဆေးက ဒူးခေါင်းအရိုးကိုတောင် ထိခိုက်စေတတ်ပါတယ်။ ဒါ့အပြင် စတီးရွိုက်ဖြစ်တာကြောင့် သူ့ရဲ့ ဆိုးကျိုးတွေ ဖြစ်တဲ့ ကိုယ်အလေးချိန်တက်လာတာ၊ မျက်နှာလေးတွေ ဖောလာတာ၊ ဗိုက်မှာ ခရမ်းရောင်အကြောပြတ်တာလေးတွေ ပေါ်လာတာ၊ ဗိုက်က သိသိသာသာကို ဖောင်းလာတာ နဲ့ ကိုယ်ပေါ်မှာအမွှေးအမျှင်တွေ ထူလာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် တစ်နှစ်ကို ၂ ခါ ၃ ခါလောက်သာ ထိုးသင့်ပါတယ်။ Hyaluronic acid



ဒူးဆ စ်တွေ လှုပ်ရှားရတာ ချောမွေ့ဖို့အတွက် ဒူးခေါင်းထဲမှာ Hyaluronic acid လို့ခေါ်တဲ့အရည်တစ်မျိုးရှိနေရပါတယ်။ ဒီအရည်လေးတွေ ဒူးခေါင်းထဲမှာ နည်းသွားတဲ့အခါ သင်ဒူးနာတာ စပြီး ဖြစ်လာပါတော့တယ်။ ဒီတော့ ဒူးနာတာ သက်သာစေဖို့အတွက်အပြင်ကနေ Hyaluronic acid

တွေ ထိုးသွင်းဖို့လိုလာတာပေါ့။ လေ့လာချက်တွေအရ တစ်ချို့လူတွေမှာ Hyaluronic acid ထိုးသွင်းရင်အခြားအကိုက်အခဲပျောက်ဆေးတွေ သုံးတာထက် ဒူးနာတာ သက်သာတယ်လို့ဆိုပါတယ်။ Corticosteroids တွေလိုပဲ Hyaluronic acid က ဒူးနာတာကို သက်သာစေတဲ့ နေရာမှာ ဆရာတစ်ဆူဆိုပေမယ့် သူ့ကို
အကိုက်အခဲပျောက်ဆေးတွေနဲ့ မသက်သာတဲ့အခါမျိုး၊အပူအအေး လိမ်းဆေးတွေနဲ့ မသက်သာတဲ့အခါမျိုး

အစာအိမ်နာ ရှိလို့အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ မရတဲ့အခါမျိုး
စတီးရွိုက်တွေထိုးလို့စတီးရွိုက်ရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပြင်းပြင်းထန်ထန် ခံစားလာရတဲ့အခါမျိုးမှာမှာ သုံးလေ့ရှိပါတယ်။ Hyaluronic acid က ဒူးခေါင်းအဆစ်တွေ လှုပ်ရှားရတာ ချောမွေ့စေဖို့အတွက် ချောဆီအနေနဲ့ ဆောင်ရွက်ပေးပါတယ်။ Hyaluronic acid ဆေးရည် ၅ မျိုးရှိပြီး တစ်ချို့အမျိုးအစားတွေ ကတော့ တစ်ခါတည်း ထိုးသွင်းရုံနဲ့ ပြီးသွားပေမယ့် တစ်ချို့ကတော့ ဆေးအာနိသင်အပြည့်ရအောင် ၁ပတ်တစ်ခါ နှုန်းနဲ့ ၅ ခါထိုးပေးရပါတယ်။ ဒါတွေကတော့ ဒူးနာလို့ ဆေးခန်းသွားရင် သင့်ဒူးနာတာကို ကုသတဲ့နေရာမှာ ဆရာဝန်တွေသုံးတဲ့ ဒူးခေါင်းထဲ ထိုးသွင်းတဲ့ဆေးရည်တွေအကြောင်းပဲဖြစ်ပါတယ်။အရပ်ထဲမှာ ပြောနေတဲ့ ဒူးဆစ်အဆီခန်းသွားလို့အဆီတွေ ထိုးရတယ်ဆိုတာ ဒီ ဆေးရည် နှစ်မျိုးကို ပြောတာပါ။ ။

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။          




Some text some message..