မွေးကင်းစကလေးလေးတွေ ဝမ်းခဏခဏသွားတာ ပုံမှန်ပဲလား
hellosayarwon.com
|
2019-02-27

မိဘ ရယ်လို့ဖြစ်လာရင် သားသမီးတွေကိုအရိပ်တကြည့်ကြည့်နဲ့ ကြည့်တာပါ။ စားတာကနေစလို့ ဝမ်းသွားတာအိပ်တာအဆုံးအကုန်လုံးကိုသေချာစောင့်ကြည့်နေမိတယ်နော်။ မိဘဆိုတဲ့တာဝန်ကတော်တေ်ာလေးကြီးလေးလွန်းပါတယ်။ ဒီနေရာမှာမိဘတော်တေ်ာများများကြုံတွေ့ရနိုင်တာက ဘယ်သူ့ရဲ့ ကလေးကတော့ဖြင့် တစ်ပတ်နေမှ တစ်ကြိမ်လောက်ဝမ်းသွားတယ်၊ ကိုယ့်ရဲ့ဘေဘီလေးကတော့ နို့စို့လိုက်ပြီးတိုင်း ဝမ်းသွားနေတယ်။ ဘာဖြစ်တာလဲ။ စိုးရိမ်စရာများရှိနေလားဆိုတဲ့အချက်ပါ။ တကယ်တော့ ကလေးက မကြာခဏ ဝမ်းသွားတာ ရက်တော်တေ်ာကြာမှဝမ်းသွားတယ်ဆိုတာတွေက ကလေးမှာ

ကျန်းမာရေးပြဿနာ တစ်ခုခုရှိနေတာ မဟုတ်ပါဘူး။ ဘာကြောင့်ဒီလိုပြောတာလဲဆိုတာကို အောက်မှာ ရှင်းပြပေးထားတယ်နော်။

မွေးကင်းစကလေးလေးတွေ ဝမ်းခဏခဏသွားတာပုံမှန်ပဲလား
ကလေးလေးတွေဟာ မွေးစကနေ ၆ လမရောက်ခင် မကြာခဏဆိုသလိုဝမ်းသွားနိုင်ပါတယ်။ ဒါပေမယ့် ဒါကစိုးရိမ်ရမယ့်အအေနထားတော့မဟုတ်ပါဘူး။ ကလေးကဝမ်းခဏခဏသွားနေတာက

ခန္ဓာကိုယ် ရဲ့ပြောင်းလဲမှုဖြစဉ်တွေကြောင့်ပါ။ ကလေးက

ဝမ်းသွားတာ အပြင် အော့အန်နေမယ်။ နို့မစို့ဘဲဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုအပ်မှာပါနော်။

မိခင်နို ့ကိုပဲအားကိုးနေရတဲ့အရွယ်မှာ ကလေးက ခဏခဏဆိုသလို

ဝမ်းသွား နိုင်ပါတယ်။ ဒီလိုဖြစ်ရတာက မိခင်နို့မှာ immunoglobins ပါဝင်နေတာကြောင့် ကလေးက မကြာခဏဆိုသလို ဝမ်းသွားနေတာပါ။ လေ့လာမှုတွေအရကတော့ immunoglobins က ဝမ်းသွားစေဖို့လှုံ့ဆော်ပေးနိုင်တယ်၊လို့ သိရပါတယ်။ မိခင်နို့သောက်တဲ့

ကလေးငယ်တွေ က နို့မှုန့်သောက်တဲ့ ကလေးငယ်တွေထက်ပိုပြီး ဝမ်းသွားတတ်ကြပါတယ်။ တစ်ခါတလေမှာ မေမေတွေထင်တတ်တာက သူတို့စားတာတစ်ခုခုမှားလို့ ဘေဘီလေးဝမ်းသွားတယ်လို့ပေါ့။ တကယ်တေ့ ကလေးက မွေးစမှာပိုပြီးဝမ်းသွားနိုင်ပါတယ်။  နော်ကတစ်ခုသိထားရမှာက ကလေးလေေးတွက သူတို့ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတစ်ခုခုလုပ်တော့မယ်။ တိုးတက်မှုအဆင့်တစ်ခုခုဖြစ်ပေါ်တော့မယ်ဆိုရင် ဝမ်းသွားတာပါ။အချို့ကလေးလေးတွေကတော့ နို့စို့ပြီးတိုင်းဝမ်းသွားတတ်ပေမယ့်အချို့ကလေးလေးတွေကတော့ ၃ ပတ်တစ်ခါလောက်မှဝမ်းသွားတတ်ကြပါတယ်။ ဒါတွေအားလုံးက သမာရိုးကျဖြစ်စဉ်တွေပါပဲ။ တစ်ခုခုစားပြီးတိုင်းဝမ်းသွားတာက များသောအားဖြင့်က မွေးကင်းစအရွယ်ကလေးငယ်တွေမှာအဖြစ်များပါတယ်။ မွေးပြီး ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အထိ ကလေးငယ်လေးတွေက မေမေဆီကနေ နို့စို့ပြီးတိုင်း ဝမ်းသွားကြပါတယ်။ ဒါကတကယ်တော့ ဝမ်းသာရမယ့် ကောင်းတဲ့

လက္ခဏာ တစ်ခုပါ။ သူတို့လေးတွေ လုံလောက်တဲ့နို့ပမာဏကိုရရှိနေတယ်ဆိုတဲ့ သဘောပါပဲ။ မွေးပြီးစကနေ ၃ ပတ် ဒါမှမဟုတ် ၆ ပတ်လောက်ရောက်လာတဲ့အခါ ကလေးက ဝမ်းခဏခဏမသွားတော့ပါဘူး။ ဒါပေမယ့် ကလေးတိုင်းတော့မဟုတ်ပါဘူး။အချို့ကလေးတွေက ဝမ်းဆက်သွားနေတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးက စ်နှစ်လောက်ရောက်လာပြီဆိုရင်တော့ တစ်နေ့လုံးကို ဝမ်း ၅ကြိမ်လောက်သွားတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မွေးကင်းစကနေ တစ်နှစ်လောက်အထိ ကလေးက ဝမ်းခဏခဏသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကစိုးရိမ်စရာမဟုတ်ပါဘူး။ တကယ်လို့ ကလေးရဲ့ဝမ်းအခြေအနေကပြောင်းလာမယ်၊ ဝမ်းအရည်တွေလိုသွားနေမယ်၊ ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။ ကလေးဝမ်းအရည်တွေအရမ်းသွားတာက

အစာခြေစနစ် ပိုးဝင်တာမျိုးဖြစ်နိုင်တာကြောင့် သတိထားတာပိုကောင်းပါမယ်။ ကလေးက တစ်ပတ်ကို တစ်ခါလောက်တောင် ဝမ်းမသွားရင်တော့ ဝမ်းချုပ်တာမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသကြည့်ဖို့လိုအပ်မှာပါ။       ဒီနေရာမှာစိတ်ပူရမှာတစ်ခုက ဝမ်းခဏခဏသွားတာကို မဟုတ်ဘဲ ဝမ်းခဏခဏသွားလို့ ကလေးမှာ သေးခံလောင်နာတွေဖြစ်မှာကိုပါ။ ဒါကြောင့် ကလေးကဝမ်းသွားလို့ ဆေးကြောသန့်စင်ပြီးတိုင်း ကလေးကို သေးခံမလောင်အောင်ကာကွယ်ပေးတဲ့ ခရင်မ်လူးပေးဖို့ပါ။ ကလေးကဝမ်းခဏခဏသွားတာကို စိတ်မပူပါနဲ့။ ကလေးဝမ်းသွားတဲ့အလေ့အထပြောင်းသွားတာမျိုး ဥပမာ - တစ်နေ့ကို ဝမ်း ၃ ကြိမ်လောက် ပုံမှန်သွားနေရာကနေ တစ်ပတ်မှ တစ်ကြိမ်လောက် တစ်ပတ်ကျော်မှ တစ်ကြိမ်လောက်ဖြစ်သွားတာမျိုးကသာစိတ်ပူရမှာပါ။ နောက်တစ်ခုကအပေါ်မှာပြောခဲ့သလို ဝမ်းအရည်တွေသွားနေတာမျိုးဖြစ်တာကိုသာစိတ်ပူရမှာပါ။ ကလေးရဲ့အစာခြေစနစ်မှာ ပိုးဝင်ကူးစက်တာမျိုးဖြစ်နေနိုင်တာကြောင့်ပါ။ ကလေးက တစ်နှစ်လောက်အထိတော့အစားစားပြီးတိုင်း ဝမ်းသွားတာမျိုးဖြစ်နေနိုင်တာကြောင့် ကလေးလေးတွေဝမ်းခဏခဏသွားတာပုံမှန်ပါပဲ။ လို့ပြောပါရစနော်။




Hello Health Group  သည်  ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..