လက်ပံပွင့်ချိန် စစ်တမ်း
mmtimes.com
|
2019-03-05



"လက်ပံပွင့်တွေ လေတိုကြွေ်ခလိုက်တဲ့အခါ တဝဲဝဲလွင့် လေယာဉ်ပမာ....ချစ်စရာ ချစ်စရာမြင်ရပါလေဦးတော့မည်"ဆိုတဲ့ သန်း ထွန်းလေး (ကိုလေးလွင်ရဲ့ မမေ့သောအညာ) သီချင်းလေးကိုအမှတ်ရမိပေါ့။ လက်ပံကို ရုက္ခဗေဒအရ Bombax ceiba L., Family : Malvaceae ( Bombacaceae ) Cotton tree, red silk-cotton; red cotton tree; silk-cotton or kapok လို့ ခေါ်ဆိုကြောင်း၊ မျိုးစိတ်ခွဲခြမ်းစိတ်ဖြာကြောင်း မမေ့သောအညာ မုံရွာတက္ကသိုလ်က ရုက္ခဗေဒပညာရှင်မိတ်ဆွေ ဒုပါမောက္ခချုပ် ဒေါက်တာသက်နိုင်ဦးက ဆိုပါ တယ်။ တမာနုချိန်စစ်တမ်းကိုအားကျပြီး ဆရာ မြသန်းတင့်ရဲ့ခြေဖျားက မြူမှုန်မျှပင်မမီပေမယ့် လက်ပံဋီကာဖွဲ့ကြည့်ချင်ပါတယ်။

နွေမိန်တပေါင်း နေရှိန်လောင်း

ရွက်ဟောင်း ြွကေကျ မြေခခဲ့ပြီကွယ်

နွေမိန်တပေါင်း နေရှိန်လောင်း

ရွက်ဟောင်းြွကေကျ မြေခခဲ့ပြီကွယ်။

နွေမိန်တပေါင်း နေရှိန်လောင်း

ရွက်ဟောင်းြွကေကျ မြေခခဲ့ပြီးကွယ်။

လေရူးသုန်သုန် မြူမှုန်လွင့်ပါး

စပါးပြန့်ပြူးရာသီဦးဝယ်။

ကြည်နူးစရာတို့ရွာဖျားမယ်

ကြီးမားပင်စည် ပွင့်ပြီလက်ပံ

ဝဲပျံမြေပေါ်လျောင်းစက်ပျော်တယ်။

တို့ရွာသူပျိုဖြူတစ်သင်းမယ်

သီချင်းသံပြိုင်သီကာရယ်

သီချင်းသံပြိုင်သီကာရယ်

လက်ပံပွင့်ကောက်အရောက်လာမယ်

ရွာဓလေ့မို့မွေ့ပျော်ဖွယ်

ရွာဓလေ့မို့မွေ့ပျော်ဖွယ်

သူဦးကိုယ်ဦးမြူးတူးလူးလွင့်

ပျော်ခွင့်ကိုရှာနှစ်သိမ့်ကာနေမယ်။

ဒီအချိန်ရောက်ရင် ကျွန်တော့်စိတ်တွေ ဖောက်ဖောက်လာတယ်ဆိုတာလို ကြည်နူး စရာ တို့ရွာဖျားမှာ ကြီးမားပင်စည် "ပွင့်နီလက်ပံ" ဝဲပျံမြေပေါ်...လျောင်းစက်ပျော်တယ်.... -ဆိုတဲ့ လက်ပံပွင့်ကောက်တေးစာသားဂီတ လုလင်ဦးကိုကို၊ တေးဆို မာမာအေး၊အေးသွယ်၊ မိမိလေးအဖွဲ့ရဲ့သီချင်းကိုတော့ ကျွန်တော်တို့ ငယ်ငယ်က လူတိုင်းစွဲကြပြီး ဒီအချိန်ရောက်လာ ရင် ဆိုချင်စိတ်ပေါက်ပေါက်လာတတ်တယ်။ ငယ်ငယ်က ဆိုဖူးတဲ့ သီချင်းပါ။ သီချင်းဆိုရင်း လက်ပံပွင့်တွေကို သူငယ်ချင်းတွေနဲ့အတူတူ ကောက်ဖူးခဲ့တယ်၊ ဒီသီချင်းသံကြားရင် မွေး ရပ်မြေကို သတိရတယ်။

ဒီလိုအချိန်မျိုးမှာ ဆရာကြီး မင်းသုဝဏ်က လည်း ခါနွေဆန်းတော့ လွမ်းမိတယ်တဲ့လေ။ "မြိုင်မြင့်စုံခြေ ဆာဝေဝေ ရွှေကသစ်ပန်း ကောဝိလာငယ် တျာတျာရင့်လန်းကာပ ပင်နန်းထက်ယံ ဆက်ရက်သံ၊ ကျွက်ညံ ကြြွေော်ကး မ ဖို ပျော်ပျော် တူနှစ်ဖော်၊ ထူးခေါ်ကာ မေးကြသနှင့်" လို့ ဆရာကြီး မင်းသုဝဏ်က ခါနွေဆန်းတော့ လွမ်းမိတယ်လို့ ရေးဖွဲ့ခဲ့ဖူးတယ်။ မတ်လတော် လှန်ရေးနဲ့အတူ လက်ပံတွေ ရဲရဲနီခဲ့လို့ တော်လှန် သောပန်းလို့လည်း ခေါ်နိုင်ပါတယ်။

အညာနွေဦးကိုကြို သင်္ကေတတစ်ခုဖြစ်တဲ့ လက်ပံတွေက ဖေဖော်ဝါရီလကနေ ဧပြီလလယ် လောက်အထိ ပွင့်ကြတယ်၊ မြန်မာလိုတော့ ပြာသို၊ တပို့တွဲ၊ တပေါင်းကအဓိကပေါ့။အခု လက လက်ပံတွေ တစ်ပြိုင်နက်ပွင့်တဲ့ ကာလ ပါ၊ ဘယ်နေရာသွားသွား ရဲရဲနီသော လက်ပံပင် ကြီးတွေတွေ့ရမှာပါ။အခုချိန်ဆို စာရေးသူတို့ စစ်ကိုင်းမြို့နယ် ကောင်းမှုတော်ဘုရားမြောက်ဆီ က ကံစွန်းမြင့်ရွာတောင်ဘက် ကန်လှကန်ရိုးက လက်ပံပင်တန်ကြီးကို လွမ်းမိတယ်။ စပါးတွေ ရိတ်ပြီးလို့ ရိုးပြတ်နံ့သင်းချိန်၊ ဆောင်းမြေပဲ နုတ်သိမ်းချိန်၊ ပဲစင်းငုံ၊ပြောင်း၊ ငရုတ်၊ ခရမ်း ချဉ်တွေ သိမ်းပြီးချိန်မို့လို့ လယ်ပြင်ဆင်သွား သလို ထင်ရှားနေတဲ့နွေပန်းချီကားမှာ လက်ပံ နီနီအပျိုမကသာအဓိကဇာတ်လိုက်ပါ။ ယာပြင် ရှင်းလင်းအဆုပ်လိုက်ပွင့်နေတာရယ် တစ်ပွင့် ချင်း ြွကေကျနေတာတွေက သိပ်လှတယ်၊ ဟိုးအဝေးယာခင်းစပ်၊ လယ်ကွင်းစပ်က ထီးတည်း လက်ပံပင်ပျိုတစ်ပင်ကိုလည်း မြင်နေရတယ်၊အပင်အောက်မှာ လက်ပံပွင့်ကောက်နေတဲ့ ယာတောသူတစ်သိုက်ကိုတွေ့ရရဲ့။

အခုအရွယ်က ငယ်ငယ်ကလို လက်ပံပွင့် ကောက်ရမယ့်အရွယ်လည်း မဟုတ်တော့၊ စိန် ပန်း၊ ကံ့ကော်ပန်းကို တမ်းတရမယ့်အရွယ်နဲ့ လည်းဝေးခဲ့ပါပြီ။ ဒါပေမဲ့ ရဲရဲနီနီလက်ပံပင်ကြီး တွေမြင်ရင်အပင်အောက်ကပန်းကို ကလေး တစ်ယောက်လို ကောက်ချင်မိတဲ့ စိတ်ကတား မရ၊ ပြီးတော့လည်း မွေးရပ်မြေကို လွမ်းသလိုလို တော့ ခံစားရတယ်။ ငယ်ငယ်က လက်ပံဖူးချိန် ခွေးရူးချိန်ဆိုလို့ သွားရည်တမြားမြားအမြီးကုပ် ကုပ်ခွေးမြင်တိုင်း ကြောက်ရတာ၊ လက်ပံလည်း ပွင့် ခွေးလည်းရင့် ပြီးနောက် လက်ပံလည်း ြွကေခွေးလည်းသေမှသာ ကြောက်စိတ် ပြေ တော့တာ။


အပင်ကြီးမျိုး

လက်ပံဆိုတာအပင်ကြီးမျိုးပါ၊ ပင်စည် ပေါ်မှာ မာကြောတဲ့ "ဆူးဖု" prickles ကြီး များ ပါပါတယ်၊ "သင်္ဘောလက်ပံခေါ် လဲမှို့ ပင်စည်" ကတော့ ဆူးမပါပါဘူး၊အရွက်တွေက တော့ လက်ဝါးရွက်ပေါင်း palmately com-pound leave ဖြစ်ကာ ရွက်လွှဲထွက်ကြ တယ်၊ ရွက်မြွှာ leaflets ငါးခုကနေ ခုနစ်ခုအထိပါပြီး ရွက်သားမာကြောလှပါတယ်။လက်ပံ ပန်းပွင့်ချိန်မှာအရွက်ကိုမြင်ရဖို့မလွယ်ပါဘူး၊ ပန်းခိုင်တွေက ထိပ်ထွက်အစုလိုက် ထီးတည်း ဒါမှမဟုတ် cymeအြွပတ်လိုက်၊အခိုင်လိုက်၊အဆုပ်လိုက်ဖြစ်ကြတယ်။ ပန်းပွင့်တွေက ကြက် သွေးနီရောင် ဒါမှမဟုတ် လိမ္မော်ရောင်ဖြစ်ပြီး bisexual လိင်စုံ၊ တောက်ပကြီးမားလှတယ်၊ ပွင့်ဖတ်အုံ calyx က သိသိသာသာ ခွက်ပုံဖြစ် လို့နေတယ်၊ ပွင့်ချပ် petals ငါးခုပါပြီးအနီ ရောင် ဒါမှမဟုတ် လိမ္မော်ရောင်ရှိကြတယ်။ ဝတ်ဆံဖို stamensအများကြီးပါတယ်၊အခြေ မှာဆက်ပြီး ြွပန်လေးသဖွယ်ဖြစ်နေတယ်၊အခြေ ြွပန်လေးကို ပွင့်ချပ်ငါးခုက တွယ်ဆက်ထား ပါတယ်။

ငယ်ငယ်က Taxonomy စာသင်တိုင်း ဆရာကြီးက လက်ပံပွင့်ရဲ့ထူးခြားချက်ကိုအမြဲ ပြောပြတယ်၊ ပန်းပွင့်အများစုမှာ ဝတ်ဆံဖိုတွေ က ကွာနေတတ်ကြတယ်၊ ဒါပေမဲ့အချို့ပန်းလေး တွေမှာ ဝတ်ဆံဖိုလေးတွေစုဆက်ပြီးအစည်း လိုက်ဖြစ်နေတတ်ကြတယ်၊ တစ်စုစည်းအဖိုအုံ ဆိုရင် "Monadelphous"(ခေါင်ရန်းပန်း)၊ နှစ်စုစည်းဆိုရင် "diadelphous" (ပဲပန်း)အသီးသီးရှိတတ်ကြတယ်၊ လက်ပံပွင့်မှာတော့ နှစ်စုထက်ပိုပြီးအစည်းတွေအများကြီးဖြစ် လို့နေတယ်၊ ဒါကို ဗဟုစည်း "polyadelphous" လို့ခေါ်ပါတယ်၊ ငါးစည်းကနေ ၁၀ စည်းအထိ နှစ်ရစ်တည်လို့နေတယ်၊ ဗဟုစည်း ဥပမာပေး ချင်ရင် လက်ပံကအကောင်းဆုံးပါပဲ။





သင်္ဘောလက်ပံ

သင်္ဘောလက်ပံကို ရုက္ခဗေဒအားဖြင့် ဒီလိုဖွင့်ဆိုကြောင်း မိတ်ဆွေ ရုက္ခဗေဒပညာ ရှင်ကပြောတယ်။ Ceiba pentandra (L.) Gaertn. Family : Malvaceae Thinbaw let pan. Common names,; Java cotton, Java kapok,silk-cotton, samauma, or ceiba.

အခုလထဲမှာ သင်္ဘောလက်ပံအပင်တွေကအပွင့်တွေ စပြီး ပွင့်နေကြပါပြီ။ ရိုးရိုးလက်ပံ Bombax ပွင့်ရင်အနီရောင်စွေးစွေးမို့ လူတိုင်း လက်ပံပွင့်နေမှန်းသိကြပေမယ့် သင်္ဘောလက်ပံ ပန်းက ပွင့်နေမှန်းတောင် မသိကြပါ။အရွက်၊အဖူး၊အပွင့်အရောင်တွေက ရောနေလို့ တစ် ပင်လုံးဝေနေအောင် ပွင့်ပေမယ့် လူတွေရဲ့ စိတ်ကို ညွတ်ပျောင်းအောင် မစွမ်းသာ။အပွင့်အရောင်ကအစိမ်းဘက် ကဲနေတာမို့ ရောထွေး လို့။ သင်္ဘောလက်ပံအပွင့်ပွင့်တာကို မြင်ဖူး သူရှားပါလိမ့်မယ်။ မုံရွာ-ကျောက်ကာလမ်းဘေး ကအုတ်ကန်တောရထဲမှာ ပွင့်နေပါပြီ။ သင်္ဘော လက်ပံအပင်တွေက ပွင့်ရင်သာမသိရှိမယ်။အသီးသီးရင်တော့ လူတိုင်းသိကြတာပါ။အသီးထဲက မှို့က တန်ဖိုးရှိတာမို့အသီးမအက် ကွဲခင် ခူးဆွတ်ပြီးရောင်းကြတယ်။အညာမှာ တော့ လဲမှို့ပင်လို့အသိများကြတယ်။ ခေါင်းအုံး မွေ့ရာများလုပ်ရာမှာ လဲမှို့ကိုအဓိကအသုံးပြု တယ်။ သဘာဝလဲမှို့နဲ့လုပ်ထားတဲ့ ခေါင်းအုံး မွေ့ရာတွေက ကျန်းမာရေးနဲ့ညီညွတ်ပြီး ပိုပြီး ဈေးကောင်းရသတဲ့။


အပင်သရုပ်

သင်္ဘောလက်ပံအပင်ဟာ ယခင်ကမျိုးရင်း Bom-baceae ထဲမှာပါပေမယ့်အခုအခါ မျိုးခွဲစနစ်အရ မျိုးရင်း Malvacea ထဲပြောင်း ခဲ့ပါပြီ။ သင်္ဘောလက်ပံကအပင်ကြီးမျိုးပါ။အပင်နုစဉ် ဆူးငယ်များက ပင်စည်ပေါ်ရှိနေ ပေမယ့် ရင့်တဲ့အခါမရှိတော့ပါဘူး။အရွက်က လက်ဝါးရွက်ပေါင်းဖြစ်ပြီး ရွက်မြွှာ ငါးမြွှာကနေ ကိုးမြွှာအထိရှိတတ်တယ်။ ပန်းခိုင်က ကြား ထွက် fascicles ဖြစ်ကြောင်း၊ ပန်းပွင့်အရောင် က creamy white ဖြစ်ကာ လိင်စုံကြောင်း၊ ပွင့်ဖတ်အုံက ခွက်ပုံcampanulate urceolate ဖြစ်ကာအဝိုက်ငါးခုပါကြောင်း လေ့လာရပါ တယ်။ ပွင့်ချပ် ငါးခု၊ ဝတ်ဆံဖို ငါးခုပါပြီးတစ်စု စည်းဖြစ်ကာ ပွင့်ချပ်အခြေကနေဆက်နေတယ်။ ဝတ်ဆံဖိုအိတ်တွေက တစ်ခန်းသာပါပြီး လိမ်နေ တယ်။အစေ့အိမ်မှာ ကာပယ်ငါးခုသာပါပြီး ဆက်နေကြတယ်။အစေ့လောင်းများစွာပါပြီး style က ထူးခြားစွာ contoted ဖြစ်နေတယ်။ ဝတ်မှုန်ခံထိပ်ပိုင်းက ငါးခုကွဲနေကာအသီးကအက်ကွဲ သီးအမျိုးအစားဖြစ်ပြီး ၁၅ စင်တီမီတာ ခန့်ရှည်တယ်။အသီးထဲမှာအစာများစွာနဲ့အတူ ပိုးသားလို နူးညံ့တဲ့အမွေးတွေပါရှိတယ်။


လက်ပံခေါင်းဆိုတာ

ဝတ်ဆံတံလေးတွေကအညိုရောင်အမျှင် လေးတွေ ဖြစ်ကြတယ်။ ဝတ်မှုန်အိတ်လေး anther sac တွေကလည်းအခြားပန်းတွေလို နှစ်ခန်း dithecous မရှိဘဲ တစ်ခန်း mono-thecous သာရှိကြတယ်၊အမည်းရောင်ဖြစ်ပြီး လိမ်နေကြတယ်၊ ငယ်ငယ်က လက်ပံခေါင်းအခြောက်ယူရင်အဲဒီဝတ်မှုန်အိတ်တွေကို ဖယ် ရတယ်၊အရပ်အခေါ် လွယ်လွယ်နဲ့ပဲ "မျက်ချေး" လို့ခေါ်ကြတယ်။ "မျက်ချေးအမည်းတွေ" ဖြုတ် လိုက်ရင်တော့ လက်ပံခေါင်းအခြောက်တွေရပါ ပြီ။အညာလိုနေရာမျိုးမှာတော့ လက်ပံခေါင်း ချဉ်ရည်ဟင်းဟာ မမေ့နိုင်စရာ ဟင်းတစ်ခွက် ပါပဲ။ တစ်နှစ်လုံး စားသုံးနိုင်ပြီး ရာသီသစ် ပေါ်တဲ့တိုင်အောင် နှစ်ပေါက်သိုလှောင်ထား နိုင်တဲ့ လက်ပံပွင့်ခြောက်ပါပဲ။

"လက်ပံပွင့်ခြောက်အာလူးခရမ်းသီးနှပ်"၊ "သီးစုံကုလားဟင်း"၊ "ဝက်သားလက်ပံပွင့်ခြောက် နှပ်" တွေဟာအညာသူအညာသားတွေအမြတ် တနိုးစားကြတဲ့ ဟင်းလျာတွေပါ။ ပွင့်ဖတ် ပွင့်ချပ် ဝတ်ဆံဖိုတွေဖြုတ်လိုက်ရင် ovary ခေါ်အစေ့အိမ်မြင်ရပါပြီ။အစေ့အိမ် မှာ မအင်္ဂါ ငါးခုပါဝင်နေတာကို ဝတ်မှုန်ခံ stigmaအရေအတွက် ငါးခုကိုကြည့်ပြီး ခန့်မှန်း နိုင်ပါတယ်။အသီးကအက်ကွဲသီးဖြစ်ပြီးအတွင်း မှာအစေ့များစွာပါပါတယ်။အစေ့အပေါ်မှာ တော့ နူးညံ့တဲ့သားမွေးနု woolly pubescent များ ပါဝင်လို့နေပါတယ်။

အချို့ကလည်း လက်ပံနဲ့ သင်္ဘော လက်ပံ Ceiba pentandra (L.) Gaertn., Bombax pentandrum L., မကွဲပြားကြပါဘူး။ "လဲမှို့" ကို စီးပွားဖြစ်ထုတ်ယူတဲ့အပင်က သင်္ဘော လက်ပံဖြစ်ပြီးအပွင့်ကအဖြူရောင်ပါ၊ သေးငယ် ပါတယ်။အသီးကနေလဲ မှို့ထုတ်ယူကြတယ်၊ မျိုးဗီဇ Genus name မတူပါဘူး။ လက်ပံပင် ဟာအညာဒေသရဲ့ သင်္ကေတဖြစ်သလို ဆေး ဖက်လည်းဝင်ပါတယ်။


လက်ပံအသုံးဝင်ပုံများ

လက်ပံအသုံးဝင်ပုံကိုအရှင်နာဂသိမ် ဆေးကျမ်းမှာတော့အခုလိုဖော်ပြထားတယ်။

" လက်ပံ၏အမြစ်အခေါက်အဖူး ဆူးဖုအစေးအသီးနုတို့က ဆေးဖက်ဝင်လှသည်။အမြစ်သည် ချို၏၊အေး၏၊ ဝဖြိုးစေ၏၊ ဆီးကိုအနည်းငယ်ရွှင်စေ၏၊အူတို့ကို တွန့်ရှုံ့စေ၏၊ သည်းခြေကိုပယ်၏၊အပူကိုငြိမ်းစေ၏၊ ဖော ရောင်ခြင်းကို ပျောက်စေ၏။အခေါက်သည်ဖန် ၏၊ သလိပ်ကိုပယ်၏၊ဝဖြိုးစေ၏၊အနည်းငယ် ချုပ်၏၊ ဆီးဖြစ်စေ၏။

အပွင့်ကမူ ခါးဖန်၏၊အေး၏၊အရသာရှိ၏၊ ခြောက်ကပ်စေ၏၊ မလကိုချုပ်စေ၏၊ သလိပ် သည်းခြေကိုပယ်၏၊ သွေးစင်ကြယ်စေ၏၊အဖျဉ်း ရောဂါ၊ မီးယပ်ဖြူရောဂါတို့တွင်အကျိုးများ၏။ လက်ပံခေါက်သည် ချွေးထွက်စေ၏၊ ဆီးများ စေ၏၊အစာမကြေ လေပြည့် ဝမ်းဗိုက်ရောဂါအသုံးပြုနိုင်၏၊အစေ့ဆီကို သာမန်ဝမ်းနုတ်ဆေးအနေနဲ့ သုံးနိုင်၏။ ဝမ်းဗိုက်တင်းရောင်ခြင်းကိုပျောက်စေ၏" လို့ ဆိုထားပါတယ်။ ထို့ပြင် လက်ပံရဲ့ ဆေးဖက်ဝင်ပုံတွေကိုအင်တာနက် ဝက်ဘ်ဆိုက်တွေမှာလည်း ဝင်ပြီး လေ့လာနိုင် ပါတယ်။

အညာရဲ့ နွေဦးအလှကို လက်ပံပွင့်တွေက ကြိုဆိုလို့ နေပါပြီ။ ဒီအချိန်အညာရောက်ရင် စားသင့်တာကတော့ လက်ပံခေါင်းဟင်းရည်၊ ခရမ်းသီးမီးဖုတ်ထောင်း၊ ပန်ထွေဖျော်နှင့် ငါး ခြောက်ထိုးဟင်းလျာတွေဖြစ်တယ်။ ရေးရင်း တောင် မိတ်ဆွေမူးမြင့်အောင်ရဲ့အထူးခုံကို ရိုးရိုးလက်မှတ်ခသာတောင်းတယ်ဆိုတဲ့ ဂျေဂျေ စီးပြီးအပြေးအလွှားသွားပြီးအညာထမင်းအညာဟင်းစားချင်လှပါပြီ။


ကရင်လက်ပံ ထိုင်းလက်ပံ

ကော့ကရိတ်သူတစ်ဦးကတော့အမျိုးသမီး တွေအတွက် ကင်ဆာအထိတောင်ပျောက်တဲ့ လက်ပံပွင့်လို့ ဆိုပါတယ်။အညာဒေသများမှာ "လက်ပံပင်"အများအပြား ပေါက်လေ့ရှိကြပါတယ်။အညာဒေသအခေါ်အဝေါ်အမျိုးမျိုးရှိကြပါတယ်။ ကရင် ပြည်နယ်ဒေသတွေမှာ "လက်ပံပွင့်"အနည်းအများအလိုက်ပေါက်လေ့ရှိကြပါတယ်။ ကရင် ပြည်နယ် ကောကရိတ်မြို့နယ် ကျုံဒိုးမြို့အမှတ်(၄)ရပ်ကွက်အဘိုးအဘွားခေတ်ကဆိုရင် ကျွန်းကလေးများမှာ လက်ပံပွင့်အများအပြားအဘိုးအဘွားလက်ထက်ကတည်းက ရှိကြပါ တယ်။အခုလက်ထက်မှာ "လက်ပံပွင့်" တစ်ပင် တည်းပဲရှိပါတော့တယ်။ လက်ပံပွင့် ဆေးဖက်ဝင် တယ်ဆိုတာ တော်ရုံတန်ရုံ ဘယ်သူကမှ မသိ ကြပါဘူး။ တချို့ဒေသမှာ စားလေ့ရှိကြပါတယ်။ ဆေးဖက်ဝင်မှန်းလည်း မသိကြပါဘူး။ တချို့ဒေသများလည်း "လက်ပံပွင့်" ကို စားရ မှန်း မသိကြပါဘူး။


ထိုင်းလက်ပံ

ထိုင်းနိုင်ငံ ရွှေကျောင်းငွေကျောင်းနားမှာဆိုရင် "လက်ပံပွင့်" ထိုင်းလူမျိုးများက စားလေ့ မရှိကြပါဘူး၊ စားလည်းမစားကြပါဘူး။အဲဒီ ဆေးအကြောင်း ဆက်ပြောပြမယ်နော်။ ကျွန်မ တို့အဘိုးအဘွားလက်ထက်က လက်ပံပွင့် ဆေး ဖက်ဝင်ပုံတွေပါလို့ သူမက ဆိုပြန်တယ်။ (က) ဆီးချိုရောဂါသမားအတွက် လက်ပံ ပွင့်ကိုပြုတ်စားပါ။ လက်ပံပွင့်ကို ဟင်းချိုချက် စားပါ။ (ခ) သွေးတိုးရောဂါသမားအတွက် ဆီးသီးနဲ့ လက်ပံပွင့်ရောပြီး ဟင်းချိုချက်စားပါ။ (ဂ) မီးယပ်ရောဂါသမားအတွက် လက်ပံအခေါက်ပြုတ်ပြီးသောက်ပါ။ (ဃ) လေးဖက်နာသမားအတွက် လက်ပံပင်အမြစ်ကိုသွေးပြီးသောက်ပါ။ ပြီးလျှင်ခြေဆစ်လက်ဆစ်ကို လိမ်းပေးပါ။ လေးဖက်နာရောဂါသုံးမျိုးရှိပါတယ်။ နံပါတ်(၁) ပိုးလေးဖက်နာ နံပါတ်(၂) သွေးလေးဖက်နာ နံပါတ်(၃)အရေပြားလေးဖက်နာ လေးဖက် နာအမျိုးအစားသုံးမျိုးရှိကြပါတယ်။ လေးဖက်နာ ရောဂါရှိပြီဆိုရင် လက်ပံပွင့်အမြစ်ကို ကျောက် ပျဉ်နဲ့သွေးပြီး ဆားအနည်းငယ်ထည့်ပြီးသောက် ပါ။ လေးဖက်နာပိုးတွေအားလုံးသေစေပါတယ် လို့ဆိုတယ်။ နံပါတ်(၄) ရင်သားကင်ဆာဆေးနည်း

လက်ပံအခေါက်ကိုသွေးပြီး ရင်သားကင်ဆာ သမားအတွက်သောက်ပေးပါ။ ရင်သားအနားတစ်ဝိုက်လိမ်းပေးပါ။ - ရင်သားကင်ဆာ (၃) မျိုး -အဆင့်(၁) ရင်သားကင်ဆာ ပထမအဆင့် ကတော့ လက်ပံပွင့်အရွက်ကို ြွခေလိုက်ပါ။ လက်ပံပွင့်အလွှာပွင့်လေးကို ဇွန်းနဲ့ခြစ်ယူပြီး သကြားနဲ့ဖျော်ပြီးသောက်ပါ။အရသာချွဲပျစ်ပျစ် ကလေးနဲ့ ချဉ်ပြုံးလေးနဲ့ပါ။ -အဆင့်(၂) လက်ပံပွင့်အခေါက်ကိုကျောက် ပျဉ်နဲ့ သွေးပါ။ ရင်သားတစ်ဝိုက်ထူထူလိမ်းပေးပါ။ ရင်သားနာခြင်း၊အလုံးတည်ခြင်း လျော့နည်းစေ ပြီး ပကတိအတိုင်း သက်သာပျောက်ကင်းပါ တယ်လို့ဆိုတယ်။ -အဆင့်(၃) လက်ပံပွင့်အခေါက်ကို သွေးလိမ်းပါ၊ သွေးပြီးသောက်ပါ၊ ရင်သားတစ်ဝိုက် လိမ်းပေးပါ။ ရင်သားကင်ဆာကုလိုမရတဲ့အထိ ဖြစ်သွား ပြီဆိုရင် မနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ ညနေတစ်ကြိမ် သုံးလတိတိ လိမ်းပေးပါလို့ ဆိုပြန်တယ်။ ခေတ်မီဆေးပညာနဲ့ညီမညီတော့ မသိနိုင်ပါဘူး။ လက်တွေ့ဓာတ်ခွဲစမ်းသပ်ကြည့် သင့်လှပါတယ်။


ကွမ်ကျိုး လက်ပံ

တရုတ်နိုင်ငံ ကန်တုန်တက္ကသိုလ်ရောက် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် မိတ်ဆွေတစ် ယောက်ကပြောဖူးတယ်။ ကန်တုန်တက္ကသိုလ် ဧည့်ခန်းမဆောင်က နောက်ခံပန်းချီကားကြီးကို တွေ့ရသတဲ့။ လက်ပံပွင့်တွေနဲ့ ပန်းချီကားကြီး ကို ခြယ်မှုန်းထားသတဲ့။ ဒီအပင်ကို တရုတ်လူမျိုး တွေက Cotton Tree (Mumian) လို့ခေါ် ကြတယ်၊ ကွမ်ကျိုး ဒေသရဲ့အပူပိုင်းဒေသမှာ ပေါက်တယ်လို့ဆိုကြတယ်၊ ကွမ်ကျိုးက လူတွေ ကလက်ပံ Kapok trees တွေကို စိုက်ခဲ့ကြတယ်၊ သူကရတဲ့ cotton ဂွမ်းစကိုအဝတ်အစား ယက်လုပ်ဖို့ ဖြစ်တယ်၊ ပန်းပွင့်က ဆေးဖက်ဝင် တယ်လို့လည်း ယုံယုံကြည်ကြည်အသုံးပြုခဲ့ ကြတယ်၊ ကန်တုန်သားတွေ ယူဆထားတာ လေးရှိတယ်၊ ဒီအပင်မှာ ခွန်အားရှိသောဝိညာဉ် strong spirit တစ်ခုခု ပိုင်ဆိုင်နေတယ်၊ ဒီခွန်အားရဲ့ တွန်းအားကြောင့်အပင်ကအမြင့် ဆုံးအထိ တက်သွားနိုင်ပြီး နေရောင်ခြည်ကို ရစေတယ်၊ တရုတ်သမိုင်းကြောင်းအထောက်အထားတွေအရ ဘုရင် Nam Yuet, Zhao Tuo က ဟန်မင်းဆက်အင်ပါယာကို 2ndcentu-ry BC မှာ ဒီအပင်ကို လက်ဆောင်အဖြစ်ပေး ခဲ့ဖူးတယ်လို့ ဆိုတယ်။

၁၉၈၂ ခုနှစ်မှာ လက်ပံခေါ် Kapok flowers ကို ကွမ်ကျိုးဒေသရဲ့ တရားဝင်ပန်း တစ်ပွင့် (မြို့တော်ဂုဏ်ဆောင်ပန်းတစ်ပွင့်) official flowerအဖြစ်ရွေးချယ်ခဲ့ကြတယ်၊ များပြားလှတဲ့ လက်ပံ Kapok tree တွေကို Lingyuan X Lu in Yuexiu District၊ Jiangnan Dadao in Haizhu District တွေမှာ တွေ့နိုင်တယ်။ ဒါ့အပြင်အခြားဧရိယာ တွေဖြစ်တဲ့ picturesque view, the old Kapok Sun Yet-san Merorial Hall, the hero trees on Yuexiu Mountain, Yingxiong Square တွေမှာလည်း စိုက်ပျိုး ထားကြတယ်၊ မတ်လရောက်ရင် လက်ပံ kapok flowers ပန်းတွေအကုန်နီးပါးပွင့်ကြတယ်၊ မြို့ကြီးတစ် မြို့လုံး ရဲရဲနီလို့ပေါ့၊ ဘယ်နေရာသွားသွား ဒီအပင်တွေချည်းသာ၊ ပန်းအလှတွေကို Yuexiu Park, Martyrs’ Park, Tianhe Park ပန်းခြံ တွေမှာ သွားရောက်ရှုစားနိုင်တယ်။အဲဒီအချိန် ဆို လက်ပံပွင့်တွေကို တပျော်တပါးလာကောက် ကြတယ်၊ ပန်းတွေအခြောက်လှန်းကြတယ်၊ နောင်ကျတော့ လက်ဖက်ရည်နဲ့ စွပ်ပြုတ်လုပ်ပြီး သောက်ကြတယ်။ ပန်းခြံထဲသာမက လမ်းဘေး ဝဲယာလည်းအနီရောင်ပန်းပင်တွေနဲ့ လှပလွန်း တယ်၊အသက်အကြီးဆုံး kapok tree ကြီး ရဲ့ သက်တမ်းကအနှစ် ၃၂၀ ကျော်နေပြီး Sun Yat-sen Memorial Hall ဆွန်ယက်ဆင်အထိမ်းအမှတ် ခန်းမနားမှာရှိနေပါတယ်၊

တရုတ်တွေက ဒီလက်ပံနဲ့ ပတ်သက်ရင်အလွန်ဂုဏ်ယူကြပုံပါ၊ တက္ကသိုလ်အမှတ်တရ ပြခန်းတွေမှာလည်း လက်ပံပန်းချီကားကြီးတွေ၊ ဓာတ်ပုံကြီးတွေက လူတစ်ရပ်သာသာ ရှိနေပါ တယ်၊

နွေဦးကဗျာ လက်ပံနီနီမြင်ဖူးရင် လူတိုင်းလူတိုင်းဟာ ကဗျာဆရာမဖြစ်တောင် ကဗျာဆန်ချင်သူတွေ ဖြစ်ကုန်ပါတယ်။အညာမြေလတ် စလင်းအရပ် က မိတ်ဆွေကဗျာဆရာ စလင်း-ငွေစိုးရဲ့လက်ပံ ကဗျာကလည်း ရင်ခုန်စရာ ကောင်းလှတာကို ခံစားကြည့်ကြပါဦး။

နွေကြိုရက် လက်ပံ ဝေစည် နွေပန်းချီဆွဲ၊ နီနီရဲလျက် ဖွဲဖွဲသက်လာ၊ ပန်းစကြာလို လည်ကာပျံပြီး၊ လေဟုန်စီးချင် ခရီးနှင်နေ၊ ပင်အခြေသို့ လေဗွေထဲတွင် ဝဲလာစဉ်။ နွေနေကဲလျှင် ရဲတာမြင်။

သိင်္ဂီအသွင် နွေအဆင်နှင့်၊ လေတွင်လွင့်မျော ရွကြွေ်ကတောကို၊ သာမောဖွယ်ငေး ရိုးတံကွေးမှာ၊ မြသွေးနှစ်လူး ပုရစ်ဖူးတွေ၊အထူးဝေကာ လေပြည်သုတ်လျှင် ငယ်ရုပ်ဆင်။ နွေနေချုပ်စဉ် ကျွန်ုပ်မြင်။ ဥသြသံသာ နွေကဗျာရွတ်၊ ရင်မှာဆွတ်ပျံ့ ပင်ထွတ်အဖျား၊ တွန်သံကြားသော် လွမ်းအားပိုချင်၊ ဖော်ကွာစဉ်မို့ ရွှေရင်လှိုက်ဖို၊ တေးဖွဲ့ဆိုကာ လေချိုသက်လျှင် ငှက်သံလွင်။ နွေကြို ရက်ပင် နက်ဖြန်ထင်။ သြော်.... နွေကြိုရက်တွင်၊ လာမည်ထင်၍ နေ့စဉ်မျှော်ရ၊ လွမ်းသောကကို သူမ သိစေ၊ ညွှန်းဖွဲ့နေသို့ နွေပင်ယံထက်၊ နွမ်း ရတက်ပွေ ပန်းငှက်တေးြွခေ လာနားစဉ်။ လွမ်းရက်ဝေးစေအမှာပါးချင်။ ။




Some text some message..