ကိုယ်ဝန်ဆောင် မိခင်တွေ ရှောင်သင့်တဲ့အစားအသောက် (၉)မျိုး
popolay.com
|
2019-03-06
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့အထူးသတိပြု ရှောင်ရှားသင့်တဲ့အစားအသောက် (၉)မျိုးကို ဖော်ပြလိုက်ပါတယ်။ ဒီအစားအသောက်တွေ မသိလို့ပဲဖြစ်ဖြစ်၊ မရှောင်နိုင်တာကြေင့်ဖြစ်ဖြစ် ကိုယ်ဝန်ဆောင်စဉ်ကာလမှာ စားသောက်မိရင်တော့ ကိုယ်ဝန်ပျက်ကျခြင်း ဒါမှမဟုတ် မသန်မစွမ်းကလေးငယ်တွေ မွေးဖွားလာနိုင်ပါတယ်။ ဒါကြောင့်မို့ သားသမီးကို ချစ်ခင်သနားရင် ကိုယ်ဝန်ဆောင်ထားစဉ်ကာလအတွင်းမှာ ဖော်ပြပါအစားအသောက်တွေကို လုံးဝ ရှောင်ကျဉ်သင့်ပါတယ်။



၁။ ပင်လယ်စာအခြောက်အခြမ်း

မြန်မာလူမျိုးများ သိပ်ကြိုက်တဲ့ ပုစွန်ခြောက်၊ ငါးပိ၊ ငါးခြောက် တို့ဟာ ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ထိပ်ဆုံးက ရှောင်ရမယ့်အစားအသောက်တွေဖြစ်ပါတယ်။ ဒီလိုအစားအစာတွေမှာအငန်ဓါတ်များစွာပါဝင်တဲ့အတွက် မိခင်လောင်းတို့ကိုအစာမကြေဖြစ်စေပါတယ်။
အကယ်၍ ရေငန်ထွက်ကုန်တွေကိုအမြောက်အများ စားသောက်မယ်ဆိုရင်အမျိုးသမီးတွေမှာ သွေးတိုးရောဂါနဲ့ လည်းချောင်းတလျှောက် ထိခိုက်နိုင်စေပါတယ်။
ဒီထက်ပိုပြီး ဖြစ်တတ်တာက ဦးနှောက်ကို သွေးပို့တဲ့နေရာမှာအတားအဆီးဖြစ်ပြီးအောက်ဆီဂျင် ပြတ်တောက်တာ၊ မှတ်ဉာဏ်အားနည်းလာတာတို့ ဖြစ်တတ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေကို ပင်လယ်ငါးကြီးတွေဖြစ်တဲ့ တူနာငါး၊ ငါးမန်း စတာတွေကို လုံးဝရှောင်ကျဉ်ဖို့ ဆရာဝန်တွေက သေသေချာချာမှာကြားထားပါတယ်။ ငါးတွေဟာအိုမီဂါသရီး ဖက်တီးအက်ဆစ် ပြည့်ဝစွာပါဝင်တာကြောင့် မဖြစ်လို့ စားမယ်ဆိုရင် မာကျူရီဓာတ် နည်းတဲ့ ရေချိုငါး၊ ပုစွန်၊ ဆယ်လ်မွန်ငါး၊ တလားပီးယားငါး စတာတွေကိုအသင့်အတင့် စားနိုင်ပါတယ်။



၂။အချဉ်ဖောက်ထားတဲ့ တို့ဟူး၊ ပဲပြား

တိုးဟူး၊ ပဲပြားတို့ကိုအချဉ်ဖောက်တဲ့ လုပ်ငန်းစဉ်အဆင့်အရအသုံးပြုထားတဲ့ ဓာတုပစ္စည်းတွေဟာ မိခင်လောင်းတွေအတွက်အန္တရာယ်ရှိပါတယ်။ ဒီလိုအစားအသောက်တွေကို စားခြင်းဖြင့် မွေးလာမယ့်ကလေးရဲ့ ဉာဏ်ရည်၊ ကျောက်ကပ်အလုပ်လုပ်ပုံနဲ့အာရုံကြောစနစ်တို့ရဲ့ စွမ်းဆောင်ရည် လျှော့နည်းစေနိုင်ပါတယ်။



၃။ ပီကေ၊ သကြားလုံး

အချိုဓာတ်ပါအောင် ဓာတုဗေဒသကြားနဲ့ ပြုလုပ်ထားတဲ့ ချိုချဉ်၊ သကြားလုံး၊ ပီကေ စတာတွေကို ရှောင်သင့်ပါတယ်။ ဒီလိုအစားအသောက်တွေမှာအသုံးပြုထားတဲ့ ဓာတုဗေဒပစ္စည်းတွေက ဦးနှောက်ရဲ့အလုပ်လုပ်နိုင်မှု စွမ်းရည်ကို မထုတ်လုပ်ပေးနိုင်တာမျိုး ဖြစ်စေပါတယ်။ ဒါ့အပြင် ပီကေဝါးသူ မိခင်တွေအနေနဲ့ ပါးစပ်ကနေ လေတွေကိုအစာအိမ်ထဲ သွပ်သွင်းမျိုချနေသလိုဖြစ်ပြီး ဗိုက်ထဲကကလေး နေရထိုင်ရတာ မသက်မသာ ဖြစ်စေပါတယ်။



၄။ ဂျုံမှုန့်နဲ့ လုပ်ထားတဲ့အကြော်အလှော်

ဂျုံမှုန်နဲ့ လုပ်ထားတဲ့အီကြာကွေး၊ ပလာတာ စတာတွေကအရသာရှိတဲ့အစားအသောက်တွေဖြစ်ပေမယ့် ဂျုံမှုန့်နဲ့အတူ ရောစပ်ပါဝင်ထားပြီးဖြစ်တဲ့ ဓာတုပစ္စည်းတွေကတော့ ဗိုက်ထဲက ကလေးအတွက် မသင့်လျှော်ပါဘူး၊ ဒီအစားအစာတွေကြောင့် ကလေးရဲ့ ဦးနှောက်အလုပ်လုပ်ပုံ နှေးကွေးတာ မှတ်ဉာဏ်အားနည်း မစွဲမြဲတာတွေ ဖြစ်တတ်ပါတယ်။



၅။ ပြောင်းဖူးပေါက်ပေါက်

ရုပ်ရှင်ရုံတွေမှာ ရောင်းလေ့ရှိတဲ့ ပြောင်းဖူးပေါက်ပေါက်တွေဟာ ဘယ်တုန်းကမှ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားသောက်စာရင်းထဲ မပါခဲ့ဖူးပါဘူး။ ဒါပေမယ့်ထူးဆန်းတာက ပြောင်းဖူးပေါက်ပေါက် သူ့ချည်းပဲဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာ သိရပါတယ်။ ဒါပေမယ့်အရသာအတွက် ဆားတွေ ဓားတုသကြားတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပြောင်းဖူးပေါက်ပေါက်က ကျန်းမာရေးနဲ့ မညီတဲ့အစားအသောက် ဖြစ်သွားရပါတယ်။

မည်သို့ပင်ဖြစ်စေ ပြောင်းဖူးပေါက်ပေါက်ထဲမှာအမျှင်ဓာတ်၊ ဗိုက်တာမင်အီး၊ ဆီလီနီယမ်နဲ့ ကိုယ်ခံအားအတွက်အင်တီအောက်ဆီဒင့်တွေ ပါတာမို့ ကလေးအတွက် ခွန်အားနဲ့ ဆဲလ်တွေသန်မာဖို့အထောက်အပံ့ဖြစ်စေပါတယ်။ (လုံးဝ ပြောင်းဖူးပေါက်ပေါက်အသန့်ကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်)



၆။ ကဖိန်းဓါတ်

ကော်ဖီထဲမှာ များသောအားဖြင့် ပါဝင်တဲ့ ကဖိန်းဓာတ်ဟာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ လုံးဝ မသင့်တော်ဖူးလို့ ဆိုလိုတာမျိုး မဟုတ်ပေမယ့်အများအပြားသောက်သုံးဖို့တော့ မသင့်တော်ပါဘူး။ ကိုယ်ဝန်ဆောင်နေစဉ် ကဖိန်းဓာတ်များနေပါက ကိုယ်ဝန်ပျက်ကျတာ ဒါမှမဟုတ် ပေါင်မပြည့်ပဲ မွေးလာတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ချော့ကလက် စတာတွေကို သတိထားပြီး စားသုံးဖို့ လိုပါတယ်။



၇။ သွားရည်စာ
ဟန်ဘာဂါ၊အားလူချောင်းကြော် စသည်ဖြင့် သွားရည်စာအုပ်စုထဲ ပါတဲ့အစားအသောက်တွေဟာအဟာရမဖြစ်ပဲ ကယ်လိုရီတွေ၊ သကြားနဲ့အဆီဓါတ်တွေ ပြည့်ဝနေတာကြောင့် ဆီးချိုအမျိုးအစား ၂ နဲ့ နှလုံးရောဂါတွေ ဖြစ်ဖို့ ပံ့ပိုးပါတယ်။ ဒီအစားအသောက်တွေကြောင့် ကလေးမီးဖွားရခက်တာ၊ ကလေးရဲ့ ကိုယ်အလေးချိန်မတန်တဆ ကြီးထွားပြီးအဝလွန်ကလေးတွေ မွေးလာတာမျိုး ကြုံတွေ့ရတတ်ပါတယ်။



၈။အရက် နဲ့ ဆေးလိပ်
ပျှမ်းမျှအားဖြင့် ဆေးလိပ်အရက် သောက်တဲ့ မိခင်တွေဟာ ကိုယ်အလေးချိန် ၅ ပေါင်ခွဲအောက် ပေါင်မပြည့်တဲ့ ကလေးတွေ မွေးဖွားလာမယ့်အန္တရာယ်ဟာ သာမန်ထက်မိခင်တွေထက် နှစ်ဆပိုမြင့်ပါတယ်။ ဆေးလိက်ကြောင့် သားလျောနိုင်တဲ့အန္တရာယ်ကလည်း နှစ်ဆရှိပါတယ်။ ဆေးလိပ်သောက်တိုင်း သောက်တိုင်း ဒီအန္တရာယ်တွေ ပိုပိုမြင့်လာတယ်ဆိုတာ သတိပြုပါ။



၉။အကိုက်ခဲပျောက်ဆေး
ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်လက်ကိုက်ခဲ မအီမသာဖြစ်တာကြောင့်အကိုက်ခဲ ပျောက်ဆေးတွေ သောက်တော့မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ညွှန်ကြားချက်အတိုင်း လိုက်နာသင့်ပါတယ်။ ဆေးသုတေသနအချက်လက်တွေအရအကိုက်ခဲပျောက်ဆေးတွေဟာ ကိုယ်ဝန်ဆောင်ကာလအစေားပိုင်းအချိန်မှာ ကလေးပျက်ကျခြင်း ကလေးမွေးရာတွင်အခက်ခဲဖြစ်ခြင်းတို့ ဖြစ်စေပါတယ်။

(ပိုပိုလေး)




Some text some message..