အရက်အဆိပ်သင့်ခြင်း (Alcohol Poisoning)
healthcare.com.mm
|
2019-03-07

အရက်အဆိပ်သင့်ခြင်းသည်အသက်ဆုံးရှုံးစေသည်အထိ ကြောက်ဖို့ကောင်းသောအရက်အလွန်အကျွံသောက်ခြင်း၏ ဆိုးကျိုးဖြစ်ပါသည်။အရက်အများကြီးအချိန်တိုအတွင်းသောက်ပါကအသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်နှင့် ခန္ဓာကိုယ်တုံ့ပြန်မှုများကို ထိခိုက်စေပြီး သတိလစ်ခြင်းနှင့် သေဆုံးသည်အထိ ပြင်းထန်နိုင်ပါသည်။အရက်တွင်ပါဝင်သည့်အခြားပစ္စည်းများမှာအရက်ပါသောဖျော်ရည်များ၊ ပါးစပ်ဆေးရည်များ၊ ဟင်းချက်ပစ္စည်းအချို့၊ ဆေးဝါးများ၊ သန့်ရှင်းရေးပစ္စည်းများ၊အလှကုန်ပစ္စည်းများနှင့်အချို့အိမ်သုံးပစ္စည်းများတို့ဖြစ်သည်။ လက္ခဏာများ·        စိတ်ရှုပ်ထွေးခြင်း·        ပျို့အန်ခြင်း·        တက်ခြင်း·       အသက်ရှူနှေးခြင်း·       အသက်ရှူမူမမှန်ခြင်း·       အသားများပြာနှမ်း သို့ ဖြူဖျော့လာခြင်း·        ကိုယ်အပူချိန်ကျခြင်း·        သတိလစ်မေ့မျော၍ခေါ်မရခြင်းအရက်အဆိပ်သင့်ခြင်း ဖြစ်နိုင်၊မဖြစ်နိုင်သည်အောက်ပါအချက်များပေါ်တွင်မူတည်သည်။·        ကိုယ်ခန္ဓာအချိုဒအစားနှင့်အလေးချိန်·        ကျန်းမာရေးဓာတ်ခံ·        လတ်တလောစားထားသည့်အစားအသောက်·       အရက်နှင့်တွဲ၍မှီဝဲထားသော ဆေးဝါးများ·       အရက်ပါဝင်မှုရာခိုင်နှုန်း·       အရက်သောက်နှုန်း·        သောက်သူ၏ခံနိုင်ရည်စွမ်းအား တို့ဖြစ်သည်။အရက်အလွန်အကျွံသောက်တယ်ဆိုတာ ဘယ်လောက်လည်း။·        အရက်အလွန်အကျွံသောက်သည်ဟု သတ်မှတ်ရန်မှာအမျိုးသားဆိုလျှင် ၂နာရီအတွင်း ၅ပက်နဲ့အထက်၊အမျိုးသမီးဆိုလျှင် ၄ပက်နှင့်အထက်အရက်သေစာသောက်သုံးနှုန်းကို ဆိုလိုပါသည်။အရက်တစ်ပက်ကို ဘယ်လိုသတ်မှတ်လည်း ဘီယာ (၅%အရက်)ဆိုလျှင် ၁၂အောင်စ မုယောအရက် (၇%အရက်)ဆိုလျှင် ၈-၉အောင်စ ဝိုင်အရက် (၁၂%အရက်)ဆိုလျှင် ၅အောင်စအရက်ပြင်းများ (၄၀%အရက်)ဆိုလျှင် ၁.၅အောင်စ နောက်ဆက်တွဲဆိုးကျိုးများ·         သီးခြင်း၊အစာနင်ခြင်း၊အန်ထွက်ခြင်း၊အန်ဖတ်ဆို့ခြင်း·        အသက်ရှူရပ်ခြင်း·         ရေဓာတ်ခမ်းခြောက်ခြင်း·         သကြားဓာတ်ကျဆင်းပြီး တုန်တက်ခြင်း·        အပူချိန်အကျလွန်ပြီး နှလုံးခုန်ရပ်နိုင်ခြင်း·         နှလုံးခုန်မူမမှန်ခြင်း·         ဦးနှောက်ထိခိုက်ခြင်း·        အသက်သေဆုံးခြင်းဘယ်လိုစောင့်ကြည့်ကုသကြမလည်း။·        အသက်ရှူနှုန်းထား နှင့်အန်ဖတ်မဆို့စေရန် စောင့်ကြည့်ကာကွယ်ခြင်း·        အောက်စီဂျင်ပေးခြင်း·        အကြောထဲသို့ ရေဓာတ်ပြန်ဖြည့်ပေးခြင်း·         နောက်ဆက်တွဲဆိုးကျိုးများမဖြစ်စေရန် ဗီတာမင်နှင့် သတ္တုဓာတ်များ ပြန်ဖြည့်ပေးခြင်းပြင်းထန်ပါက ကျောက်ကပ်ဆေးရသည်အထိ ရောက်သွားနိုင်ပါသည်။အရေးပေါ်အခြေအနေဖြစ်သည့်အတွက် ဆေးမီးတိုများနှင့်ကုခြင်းမှအထူးရှောင်ကြဉ်ပါ။မှားယွင်းနေသောအယူအဆများ·         မူးနေစဉ်အိပ်ပစ်လိုက်ခြင်းသည် မကောင်းပါ။ သတိလစ်သွားစေနိုင်ပါသည်။·         ကော်ဖီပြင်းပြင်းသောက်ခြင်းသည်လည်း မကယ်စွမ်းနိုင်ပါ။·         ရေအေးနှင့်လောင်းချိုးခြင်းသည်လည်း ရုတ်တရက်သတိလစ်စေနိုင်သည်။·         လမ်းမြန်မြန်လျှောက်ခြင်းသည်လည်းအကျိုးမထူးပါ။ကာကွယ်ကုသနည်း·        အရက်ကို ချင့်ချိန်၍ သောက်ပါ။ ဖြည်းဖြည်းပဲသောက်ပါ။·        အစာမရှိပဲအရက်ချည်းသောက်ခြင်းမှ ရှောင်ကြဉ်ပါ။·        အချင်းချင်းပညာပေးဆွေးနွေးပါ။·         ကလေးငယ်များ မတော်တဆသောက်မိခြင်းကင်းရန်အရက်နှင့်ပတ်သတ်သည်များကို သေချာသိမ်းဆည်းထားပါ။ Cr: Dr. Su Nay Ni Htay Reference: NHS choicesသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..