
နီကိုတင်းအစားထိုးကုထုံးဆိုတဲ့အသုံးအနှုန်းကို ကြားဖူးပါသလား။ သည်အသုံးအနှုန်းဟာ ဆေးလိပ်မသောက်တဲ့ သာမန်သူတွေအတွက်တော့ ထူးဆန်းနေနိုင်ပါတယ်။ ဒါပေမယ့် နီကိုတင်းစွဲလန်းနေတဲ့သူတွေအတွက်ကတော့ စဉ်းစားသင့်တဲ့အချက်တစ်ချက်ပါ။ နီကိုတင်းအစားထိုးကုထုံးဆိုတာက ဆေးလိပ်သောက်သုံးသူတွေကို နီကိုတင်းဆေးပြားတွေ၊ ပီကေ၊ ပူရှိန်ပြား ဒါမှမဟုတ် နီကိုတင်း ရှူဆေးဘူးတွေကိုအသုံးပြုပြီး စီးကရက်သောက်သုံးမှုအနေအထားကို ပြောင်းလဲအောင် လုပ်ဆောင်ပေးမယ့် ကုထုံးတစ်ခုဖြစ်ပါတယ်။ သည်ကုသမှုကို ဆေးလိပ်သောက်သုံးသူတွေက ခံနိုင်စွမ်းရှိမလားဆိုတဲ့ စိုးရိမ်မှုတွေကတော့ ကြီးထွားလာနေပါတယ်။အရင်ဆုံးအနေနဲ့ ကုထုံးခံယူမယ့်သူက ဆေးလိပ်သောက်သုံးမှုနဲ့ နီကိုတင်းအစားထိုးကုထုံး (NRT) တို့ကို ပိုနားလည်သွားအောင်လုပ်လိုက်ကြပါစို့။အရာရာတိုင်းက ဒိုဖာမင်း (dopamine) ကနေအစပြုတာဖြစ်ပါတယ်။ ဒိုဖာမင်းကကျွန်တော်တို့ကို စိတ်ကျေနပ်မှုရစေနိုင်တဲ့အရာလို့ ယူဆနိုင်ပါတယ်။ တစ်ခုခုကိုအောင်မြင်တဲ့အခါမျိုး၊ ပြိုင်ပွဲမှာအနိုင်ရတဲ့အခါမျိုး၊ ရွှေခါးပတ်ဆုရှင်ဖြစ်တဲ့အခါမျိုးနဲ့ လိင်ဆက်ဆံမှုမှာ စိတ်ကျေနပ်မှုရတဲ့အခါမျိးတွေမှာ ကျွန်တော်တို့တွေရဲ့ ဦးနှောက်က ဒိုဖာမင်လို့ခေါ်တဲ့ဓာတ် ပစ္စည်းလေးကို ထုတ်လွှတ်ပေးပါတယ်။ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်တော့ သည်ဓာတ်ကစိတ်ကျေနပ်မှုကို ရစေနိုင်တဲ့အရာပဲဖြစ်ပါတယ်။ သည်ဓာတ်ကို ကျွန်တော်တို့ကို ခံစားမှုကောင်းအောင်လုပ်ဆောင်ပေးပါတယ်။ ဒီအနေအထားကကျွန်တော်တို့ကို ဆေးလိပ်ပိုမိုသောက်သုံးမိအောင် တိုက်တွန်းနေပါတယ်။ နီကိုတင်းက ဒိုဖာမင်း ဓာတ်ကိုတိုးလာအောင်လုပ်ဆောင်ပေးတယ်လို့ သိထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်းအသွင်ဖြင့် နီကိုတင်းသုံးစွဲခြင်းမှတစ်ဆင့် နီကိုတင်းစွဲလမ်းတဲ့ပြဿနာတစ်ရပ်ဖြစ်တဲ့ ဆေးလိပ်သောက်သုံးမှုကို ဖြစ်ပေါ်စေပါတယ်။ ဆေးလိပ်သောက်သုံးသူတွေဟာ သူတို့ခန္ဓာကိုယ်ထဲက နီကိုတင်းပမာဏကို ထိန်းသိမ်းဖို့အတွက် ဆေးလိပ်သောက်သုံးတဲ့နည်းကိုအသုံးပြုနေကြပါတယ်။ ဒီအနေအထားကိုရပ်တန့်လိုက်ပါက စိတ်ပူပန်သောကရောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ငြီးစီစီ ဖြစ်ခြင်းနဲ့ နီကိုတင်းဓာတ်ကို သုံးစွဲလိုစိတ်ပြင်းပြခြင်းအပါအဝင် နီကိုတင်းဖြတ်တဲ့အခါ ခံစားရတဲ့လက္ခဏာတစ်ရပ် ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဒါတွေကအချိန်တစ်ခု ကြာရင်ပျောက်သွားမှာဆိုပေမယ့် ဖြစ်နေတဲ့အချိန်မှာတော့ တကယ်ကို ခံရခက်ပါတယ်။ ဒါကြောင့်လည်း နီကိုတင်းအစားထိုးကုထုံးတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်လက္ခဏာတွေခံစားရတာကြောင့် ဆေးလိပ်ကို ချက်ချင်းတိကနဲဖြတ်ဖို့မဖြစ်နိုင်သူတွေအပေါ်မှာအခြေခံပြီး နီကိုတင်းအစားထိုးကုထုံးက လုပ်ဆောင်တာဖြစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သုံးမှုအစား ကျွန်တော်တို့ကနီကိုတင်းပမာဏကို ထိန်းသိမ်းဖို့အတွက် နီကိုတင်း ကပ်ခွာ၊ ပီကေ၊ပူရှိန်းဆေးပြားတွေနဲ့ရှူဆေးဘူးတွေကိုအသုံးပြုကြပါတယ်။ ဒီအချက်တွေကကုထုံးခံယူနေစဉ်မှာ သိထားသင့်တဲ့အကြောင်းအရာတွေဖြစ်ပါတယ်။ နီကိုတင်းကို ဆက်လက်စွဲလမ်းနေခြင်း ကျွန်တော်တို့ဟာ နီကိုတင်းဓာတ်ကို စီးကရက်ကနေမရတော့ပေမယ့် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ နီကိုတင်းအခြားပုံစံတစ်မျိုးအပေါ်မှာမှီခိုနေဆဲဖြစ်ပါတယ်။ ( NRT ကုထုံးက နီကိုတင်းကိုအခြားပုံစံတစ်ခုနဲ့ ပြောင်းလဲအသုံးပြုတာပဲဖြစ်ပါတယ်။ ) ဒါကြောင့် ကျန်းမာရေးဆိုင်ရာပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။ ကုထုံးရဲ့ဘေးထွက် ဆိုးကျိုးတွေကိုလည်း ခံစားရမှာဖြစ်ပါတယ်။ ကုထုံးပုံစံတစ်မျိုးစီတိုင်းမှာ မတူကွဲပြားတဲ့ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ပုံမှန်အားဖြင့် နီကိုတင်းပီကေကုထုံးက ကြို့ထိုးတာနဲ့ပီကေဝါးရတာကြောင့်မေးရိုးတွေနာတာမျိုးကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။အလားတူပဲ ပူရှိန်းဆေးပြားကုထုံးကလည်းအစာအိမ်အောင့်တာ၊ ရင်ပူတာနဲ့ခေါင်းကိုက်တာမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ နီကိုတင်းဆေးပြားတွေကိုအသုံးပြုတဲ့အခါမှာလည်း ရုပ်ပိုင်းဆိုင်ရာထိတွေ့ဖို့လိုအပ်တာကြောင့်အရေပြားမှာအနီပြင်တွေထွက်တာနဲ့အရေပြားဓါတ်မတည့်မှု ဖြစ်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။အချို့မှာအိပ်စက်မှုဆိုင်ရာ ပြဿနာတွေတွေ့ကြုံရနိုင်ပါတယ်။အိပ်ပျော်နေစဉ် နီကိုတင်းစုပ်ယူမှုဖြစ်စဉ်နဲ့အသားမကျတာကြောင့်အိပ်နေစဉ်လန့်နိုးတာနဲ့အိပ်မက်ဆိုးတွေမက်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ရှူဆေးဘူးတွေကိုအသုံးပြုတဲ့အခါမှာလည်း ချောင်းဆိုးတာမျိုးကိုကြုံတွေ့ခံစားရနိုင်ပါတယ်။ လည်ချောင်းယားတာနဲ့အစာအိမ်အောင့်တာမျိုးလည်း ခံစားရနိုင်ပါတယ်။ လူတွေဟာတစ်ခါတရံမှာ ဘယ်ကုထုံးကအဆင်ပြေနိုင်မလဲဆိုတာနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေအပေါ် မှာအခြေခံပြီးကုထုံးပုံစံတွေကိုရွေးချယ်တာဖြစ်ပါတယ်။ ဘာတွေသိထားသင့်သလဲ ဆေးလိပ်စွဲနေတာကို ဖြတ်ပစ်ဖို့ကြိုးစားတာက ပုဂ္ဂိုလ်ရေးဆိုင်ရာရွေးချယ်မှုတစ်ရပ်ဖြစ်ပါတယ်။ သည်အနေအထား သင့်အနေနဲ့ဆေးလိပ်ဖြတ်ဖို့ဘယ်လောက် စိတ်အားထက်သန်လည်းဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ NRT (နီကိုတင်းအစားထိုး ကုထုံး )ကိုပါ ပေါင်းစပ်ထည့်သွင်းထားတဲ့ ပြီးပြည့်စုံတဲ့ ဆေးလိပ်ဖြတ်တဲ့အစီအစဉ်က သင့်ကိုဆေးလိပ်ပြတ်သွားစေနိုင်မယ့်အခွင့်အရေးကိုပိုတိုးစေမှာဖြစ်ပါတယ်။ ကူညီထောက်ပံ့ပေးနေတဲ့အဖွဲ့နဲ့ ဆက်သွယ်ပါ။ ဆရာဝန်နဲ့ဆွေးနွေး တိုင်ပင်ပါ။ ဆေးလိပ်ဖြတ်မယ့်ရက်ကိုအချိန်ဇယားဆွဲပါ။ ဆေးလိပ်သောက်ချင်စိတ်ဖြစ်ပေါ်လာနိုင်တဲ့ကိစ္စကို ဖြေရှင်းနိုင်မယ့်အစီအစဉ်တစ်ရပ်ကိုကြိုတင်လုပ်ဆောင်ထားပါ။ သည်အချက်တွေက သင့်ရဲ့ဆေးလိပ်ဖြတ်မယ့်အစီအစဉ်ကိုအောင်မြင်အောင်အထောက်အကူပြုပါလိမ့်မယ်။ သင့်စိတ်ထဲမှာမှတ်ထားရမှာက ဆေးလိပ်ကိုအောင်အောင်မြင်မြင်ဖြတ်နိုင်ပြီဆိုတဲ့အချိန်မှာ သင့်အနေနဲ့ နီကိုတင်းသုံးစွဲမှုပမာဏကို တဖြည်းဖြည်းချင်းလျှော့ချသွားမှုကို စတင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ နီကိုတင်းအစားထိုးကုထုံး တွေမှာလည်း စီးကရက်ထဲမှာတွေ့ရှိရတဲ့ နီကိုတင်းပမာဏထက် တစ်ဝက် ဒါမှမဟုတ် ၃ ပုံ ၂ ပုံလောက်လျော့နည်း နေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ ကုထုံးကို ခပ်မြန်မြန်အချိန်မတိုင်ခင်မှာ ရပ်တန့်လိုက်တဲ့အခါ တကျော့ပြန် ဆေးလိပ်ပြန်စွဲတာမျိုးဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့နှလုံးရောဂါရှိသူတွေအနေနဲ့ ကိုယ်သဘောနဲ့ကိုယ် နီကိုတင်းအစားထိုးကုထုံးကို မလုပ်ဆောင်သင့်ပါဘူး။ ဆရာဝန်တွေမှာ ဆေးလိပ်ဖြတ်ဖို့အသုံးပြုတဲ့နည်းလမ်းတွေအများအပြားရှိပါတယ်။ NRT ကုထုံးဟာတစ်ခါတရံမှာ နောက်ဆုံးအသုံးပြုတဲ့နည်းလမ်းတစ်ရပ်အဖြစ် သတ်မှတ်ခံရလေ့ရှိပါတယ်။ NRT ကုထုံးဟာဆေးလိပ်ဖြတ်တဲ့ကုသမှုတွေထဲမှာအငြင်းပွားဖွယ်ရာအကြောင်းအရင်းတစ်ရပ်ဖြစ်ပေမယ်လို့ ကောင်းတဲ့အချက်တွေလည်းတော်တော်များများရှိနေဆဲဖြစ်ပါတယ်။ သင့်တော်သလိုအသုံးပြုမယ်ဆိုရင်တော့ ကုထုံးနည်းလမ်းတွေအားလုံးဟာ ဆေးလိပ်ဖြတ်ဖို့အတွက် ထိရောက်တဲ့အာမခံချက်တွေပေးနိုင်ပါတယ်။ ဘယ်ကုထုံးမှာမဆို ကောင်းကျိုးနဲ့ ဆိုးကျိုးကို ချိန်ဆတွက်ချက်သင့်ပါတယ်။အကောင်းဆုံးသောရလဒ်ထွက်ပေါ်လာစေဖို့အတွက် ဆရာဝန်ရဲ့အကြံပြုချက်ကိုလိုက်နာဆောင်ရွက်သင့်ပါတယ်။
Hello Health Group
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။