Asthma ( ပန်းနာရင်ကျပ်ရောဂါ )
healthcare.com.mm
|
2019-03-08

ပန်းနာရင်ကျပ်ရောဂါ ဆိုသည်မှာ ချွဲထွက်ခြင်း၊အသက်ရှူလမ်းကြောင်း ကျဉ်းမြောင်းသွားခြင်းတို့ကြောင့်အသက်ရှူရကျပ်သောရောဂါ ဖြစ်သည်။လက္ခဏာများ-အသက်ရှူမြန်ခြင်း- ရင်ဘတ်အောင့်ခြင်း-အသက်ရှူရကျပ်ခြင်းကြောင့်အိပ်မရခြင်း- တရွှီရွှီအသံမြည်ခြင်း- ချောင်းဆိုးခြင်း- ချွဲကျပ်ခြင်းအမျိုးအစားများ. Exercise induced asthma - ပြင်းထန်စွာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပြီးသောအခါ ကျပ်ခြင်း၊. Occupational asthma - လုပ်ငန်းခွင်တွင်း ဓါတ်မတည့်မှုကြောင့် ကျပ်ခြင်း၊. Allergy induced asthma - ဓာတ်မတည့်သောအရာများ ရှူမိ၊ စားမိ၊ ထိတွေ့မိသောအခါ ကျပ်ခြင်း၊ဖြစ်ပွားရသောအကြောင်းရင်းများအကြောင်းရင်းအတိအကျ မရှိပါ။ မွေးရာပါမျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်အခြေအနေအမျိုးမျိုးတို့ပေါ် မူတည်၍  ခုခံအား ပြောင်းလဲမှုများကြောင့် ဖြစ်ပွားနိုင်သည်။မိမိနှင့် ဓာတ်မတည့်သည့်အရာများနှင့် ထိတေ့ွပါက ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။ဥပမာ - ပန်းဝတ်မှုံ၊ တိရိစ္ဆာန်အမွေးများ၊ မှိုမှုန့် ၊ ဖုန်မ့ှုန်များ၊ ဆေးလိပ်ငွေ့၊ ခြင်ဆေးခွေအငွေ့များနှင့် ထိတွေ့ခြင်း        -အအေးမိ ဖျားနာခြင်း        - လေအေးနှင့် ထိတွေ့ခြင်း        - ပြင်းထန်စွာ လှုပ်ရှားမှု ပြုလုပ်ခြင်း၊        - စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်လျှင် ဥပမာ - စိတ်ဆိုးဒေါသဖြစ်ခြင်း။ဖြစ်နိုင်ချေများသူများ. မိဘ၊ သို့မဟုတ် ဆွေမျိုးသားချင်းထဲတွင်  ပန်းနာရင်ကျပ်ရောဂါ ရှိလျှင်။. ဓာတ်မတည့် နှာစေးခြင်း၊ ဓာတ်မတည့်အရေပြား ယားယံခြင်းများ ရှိလျှင်။. ကိုယ်အလေးချိန် များလျှင်။. မိမိကိုယ်တိုင် ဆေးလိပ်သောက်သူဖြစ်လျှင် သို့မဟုတ် ဆေးလိပ်ငွေ့များနှင့်အမြဲထိတွေ့နေရလျှင်။. မည်သည့်အရာနှင့် ဓာတ်မတည့် ဆိုသည့်အချက်များသည် လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။နောက်ဆက်တွဲ ပြဿနာများပန်းနာရင်ကျပ် လက္ခဏာများ ခံစားရသည့်အတွက်အလုပ်ပျက်၊ ကျောင်းပျက်ခြင်း၊ ရောဂါအတွက် ဆေးများ စွဲသောက်ရခြင်းကြောင့် ဆေး၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရခြင်းတို့ ဖြစ်ပေါ်နိုင်သည်။စစ်ဆေးမှုများဆရာဝန်မှ စမ်းသပ်ခြင်းများအပြင်- Spirometry - မိမိ၏အဆုတ် လုပ်ငန်းဆောင်တာ ကောင်းမကောင်း စစ်ဆေးခြင်း- Peak expiratory flow rate- PEFR ဖြင့်  စစ်ဆေးခြင်း- CXR (chest X-ray) - ရင်ဘတ်ဓာတ်မှန် ရိုက်ခြင်း- သွေးစစ်ခြင်း- Allergy test - ဓာတ်တည့်မတည့် စစ်ဆေးခြင်းတို့ပြုလုပ်နိုင်ပါသည်။ပန်းနာရင်ကျပ်ရောဂါအဆင့်ဆင့်. Mild intermittent - မပြင်းထန်သော ပန်းနာရင်ကျပ် လက္ခဏာ တစ်ပတ်လျှင် ၂ ရက်နှင့် ၁ လလျှင် တစ်ရက် ခံစားရခြင်း။. Mild persistent - တစ်ပတ်လျှင် ၂ ကြိမ်၊ သို့သော် တစ်ရက်လျှင် တစ်ကြိမ်ထက် မပိုရပါ။. Moderate persistent - တစ်နေ့လျှင်တစ်ကြိမ် နှင့် တစ်ပတ်လျှင်တစ်ညထက် ပိုပြီးခံစားရခြင်း။. Severe persistent - နေ့တိုင်းနီးပါး ရောဂါလက္ခဏာ ခံစားရခြင်း။ကုသခြင်းကုသခြင်းတွင် မိမိနှင့် မတည့်သောအရာအား သိအောင်ပြုလုပ်၍ ရှောင်ကြဉ်ရမည်။ မတည့်သောအရာနှင့် ပြန်လည်ထိတွေ့ပါကလည်း ပြန်ဖြစ်တတ်သည်။ ဖြစ်ပေါ်ပါက ဆေးသောက်၊ ဆေးရှူခြင်း ပြန်လည်ပြုလုပ်ရမည်။ ကုသခြင်းနည်းလမ်းတွင် လူနာ၏ ဖြစ်စဉ်၊ ရောဂါပြင်းထန်မှုအပေါ် မူတည်၍ ကုသရသည်။ လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။အိမ်တွင်းကုထုံးနှင့် လူနေမှုပုံစံပြောင်းလဲခြင်း. ပန်းနာရင်ကျပ်ခြင်းအတွက် ဆေးဝါးဖြင့် ကုသနေရုံ သာမက လူနေမှုပုံစံကိုပါ ပြောင်းလဲသင့်ပါသည်။. လေအေးပေးစက်အဲကွန်းဖြင့် နေထိုင်ခြင်း - ထိုသို့ နေထိုင်ခြင်းအားဖြင့် သန့်စင်နေသည့်အတွက် ဖုန်၊အမှုန်များကို ရှူရှိုက်မိခြင်းမှ သက်သာစေသည်။. မိမိ၏အိပ်ယာခင်းများ၊ ခေါင်းအုံးစွပ်များနှင့်အိပ်ယာပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားရမည်။. တိရိစ္ဆာန်အမွေးများနှင့် မတည့်ပါက မထိတွေ့အောင်ရှောင်ပါ။. လေအေးသို့မဟုတ် ခြောက်သွေ့သောလေနှင့် ထိတွေ့ပါက ရင်ကျပ်တတ်လျှင် နှာခေါင်းစည်း ဝတ်ထားပါ။Ref : Mayo clinic





Some text some message..